တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
June 16, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ ဂျပန်မှာ ဟယ်ရီပေါ်တာဥယျာဉ် ဖွင့်လှစ် ဂျပန်နိုင်ငံမှာ ဟယ်ရီပေါ်တာဥယျာဉ်ကို ဇွန်လ ၁၆ ရက်နေ့တွင် စတင်ဖွင့်လိုက်ပါတယ်။ စတင်ဖွင့်လှစ်လှစ်ချင်း လက်မှတ်တွေက အကုန် ရောင်းကုန်သွားခဲ့တာပါ။ လက်မှတ်ဈေးနှုန်းကတော့ လူကြီးတွေအတွက် ၄၄ ဒေါ်လာနဲ့ ညီမျှတဲ့ ယန်း ၆၃၀၀ ကနေစပြီး ကလေးတွေအတွက် ယန်း ၃၈၀၀ သတ်မှတ်ထားပါတယ်။ ဟယ်ရီပေါ်တာ ဇတ်လမ်းထဲက ဟော့ဝပ်မှော်ကျောင်းတော်၊ လှို့ဝှက်ခန်းမဆောင်တွေနဲ့ ဇာတ်ဝင်ခန်းနေရာတွေကို လေ့လာကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ အထဲမှာ ဟယ်ရီပေါ်တာ အမှတ်တရပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီဥယျာဉ်ကို ၂၀၂၀ ကပိတ်သွားတဲ့ တိုကျိုမြို့က […]


