ဝန်ကြီးချုပ်အဖြစ် ပီထာ ပြန်အရွေးခံရန် ညွန့်ပေါင်း ၈ ပါတီသဘောတူ
Dawei Watch
July 17, 2023ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လောင်းအဖြစ် ပီထာအား နောက်တစ်ကြိမ် လွှတ်တော်အတွင်း အမည်စာရင်းတင်သွင်း၍ ပြန်အရွေးခံမည်ဖြစ်ကြောင်း အနိုင်ရ Move Forward ပါတီက ဦးဆောင်ဖွဲ့စည်းထားသည့် ညွန့်ပေါင်းရှစ်ပါတီမှ ယနေ့ညနေပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ ပထမအကြိမ် ရွေးချယ်ပွဲတွင် ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်သော မဲအရေအတွက် မရရှိခဲ့သည် Move Forward ပါတီခေါင်းဆောင် ပီထာ၏ အမည်ကို ဒုတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်ပွဲတွင် ထပ်မံတင်သွင်းသွားမည်ဖြစ်သည်။ အဆိုပါကြေညာချက်ကို ညွန်းပေါင်းပါတီ ၈ ပါတီက ယနေ့ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရွေးချယ်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အတွင်း အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်များက မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။ ပထမအကြိမ် ရွေးချယ်ပွဲတွင် ပီထာသည် ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်သော ထောက်ခံမဲ ၃၇၅ […]


