တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
January 26, 2024ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး အိန္ဒိယနိုင်ငံ အယုဒ္ဓရမြို့က သမိုင်းဝင်ဗလီ တည်ရှိခဲ့တဲ့ နေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းသစ်ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ဇန်နဝါရီလ ၂၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟိန္ဒူဘာသာဝင်တွေယုံကြည်ကိုးကွယ်ရာ ရာမဘုရား အတွက်ဆောက်လုပ်တဲ့ ဘုရားကျောင်းပါ။ လာမယ့်ရွေးကောက်ပွဲမှာ ဟိန္ဒူမဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တဲ့ အနေနဲ့ ဝန်ကြီးချုပ် မိုဒီ ကိုယ်တိုင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်တဲ့ ဒီဘုရားကျောင်းဖွင့်ပွဲကို ဟိန္ဒူဘုန်းတော်ကြီးတွေက ဦးဆောင်ကျင်းပခဲ့ပါတယ်။ ဘုရားကျောင်းသစ် တည်ဆောက်တဲ့ နေရာမှာ ယခင်က […]


