အီရန်က ဒရုန်းနှင့်ဒုံးကျည် ၂၀၀ ကျော်ကို ပစ်လွှတ်ပြီး အစ္စရေးကိုတိုက်ခိုက်
Dawei Watch
April 14, 2024လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးကို ဒရုန်းနှင့်ဒုံးကျည် ၂၀၀ ကျော်ကို ပြီးခဲ့သည့်နာရီပိုင်း (ဧပြီလ ၁၄ ရက်နေ့နံနက်)က ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ ယင်းပစ်ခတ်မှုများမှာ အစ္စရေးနိုင်ငံသို့ရောက်ရှိရန် ၆ နာရီခန့်ကြာခဲ့ပြီး အစ္စရေးအနေဖြင့်လည်း ပစ်ခတ်တိုက်ခိုက်မှုများကို ကြားဖြတ်တိုက်ခိုက်နိုင်ရန် ကြိုတင်လုပ်ဆောင်မှုများ ဆောင်ရွက်ထားခဲ့သည်။ အစ္စရေးနိုင်ငံတစ်ဝန်းတွင် လေကြောင်းစီးနင်းမှုဆိုင်ရာ ဥဩဆွဲသံများနှင့် ကျယ်လောင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး အစ္စရေးဘက်က ကြားဖြတ်ဟန့်တားမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်တိုင် အစ္စရေးပိုင်နက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် ဒုံးကျည်များရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြနေသည်။ ဒုံးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒန်နီရယ်လ် ဟာဂါရီက အသိပေးသွားခဲ့သည်။ အီရန်သည် ဆီးရီးယားရှိ ၎င်းတို့၏သံရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့သည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ဒရုန်းနှင့် ဒုံးကျည်များပစ်လွှတ်ကာ အစ္စရေးကို လက်တုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ […]


