တော်၀င်လွတ်ငြိမ်းသက်သာခွင့်ရရှိရေး ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် တင်သွင်း
Dawei Watch
September 1, 2023မကြာသေးမီကမှ ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရပြီးနောက် လက်ရှိတွင် ဘန်ကောက်မြို့ရှိ ရဲဌာနချုပ် အထွေထွေဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ပြည်တော်ပြန် ထိုင်း၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် တော်ဝင် လွတ်ငြိမ်း သက်သာခွင့်အတွက် အသနားခံစာ တင်သွင်းထားပြီး ဖြစ်ကြောင်း သိရသည်။ လက်ရှိ ထိုင်းဒုတိယ၀န်ကြီးချုပ် Wissanu Krea-ngam ကလည်း သက်ဆင်၏ အဆိုပါတောင်းဆိုမှုကို လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်ထံ ဆက်လက်မတင်သွင်းမီ လိုအပ်သည်များကို အသေးစိတ် စစ်ဆေးမည် ဖြစ်ကြောင်း ဩဂုတ်လ ၃၁ရက်နေ့ တွင် ပြောကြားခဲ့သည်။ ယခုလို တင်သွင်းမှုကို အိမ်စောင့် အစိုးရ ဒါမှမဟုတ် မကြာမီ တက်လာတော့မည့် အစိုးရသစ် က ကိုင်တွယ်မည်လား ဆိုသည့် အနေအထား ကိုလည်း သူ့အနေနှင့် သေချာမသိရှိသေးကြောင်း […]


