ဂါဇာစစ်ဆန့်ကျင်ရေးလှုပ်ရှားသော အမေရိကန်တက္ကသိုလ်ကျောင်းသားများ ဖြိုခွဲခံနေရ
Dawei Watch
May 3, 2024အစ္စရေး-ဟားမတ်စ် စစ်ပွဲရပ်တန့်ရေး စခန်းချဆန္ဒပြနေကြသော အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်ကျောင်းသား တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးမှုများ ဧပြီလနှင့် မေလအစောပိုင်းများအထိ ဆက်တိုက်လှုပ်ဆောင် နေသည်။ အစ္စရေးနှင့် စီးပွားရေးလုပ်ဆောင်နေသော အမေရိကန်တက္ကသိုလ်များ၊ ကုမ္ပဏီများ ချက်ချင်း ရပ်တန့်ပေးရန် ပါလက်စတိုင်း ထောက်ခံအားပေးသည့် အမေရိကန် တက္ကသိုလ်ကျောင်းသားများက တောင်းဆိုနေကြရာမှ နိုင်ငံတဝန်းဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နယူးယောက်ပြည်နယ်က ကိုလံဘီယာတက္ကသိုလ်ကျောင်းဝင်းအတွင်း ပြီးခဲ့သော ဧပြီလ ၁၇ ရက်နေ့မှစ၍ စာကြည့်တိုက်ရှေ့တွင် စခန်းချဆန္ဒပြမှု စတင်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတဝန်း မြို့များရှိ ကျောင်းဝင်းများတွင် ဆန္ဒပြမှုများ ဆက်တိုက်တိုးပွားလာခဲ့ကြသည်။ ရဲတပ်ဖွဲ့များက ကိုလံဘီယာတက္ကသိုလ်ဟောခန်းအထဲထိ ညဘက်အချိန် ပြတင်းပေါက်များကတစ်ဆင့် လှေကားများသုံး၍ ဝင်ရောက်ဖြိုခွင်းခဲ့ပြီး ကျောင်းသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကိုလံဘီယာ တက္ကသိုလ်ကဲ့သို့ပင် လော့်စ်အိန်ဂျလိန်ပြည်နယ်က ကယ်လီဖိုးနီးယားတက္ကသိုလ်တွင်လည်း ဧပြီလ ၂၅ […]


