ထိုင်းဒုရဲချုပ်နေအိမ်ကို ဆိုင်ဘာရဲတပ်ဖွဲ့ ဝင်စီး
Dawei Watch
September 25, 2023အွန်လိုင်းလောင်းကစားတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ထိုင်းနိုင်ငံ ဒုရဲချုပ်တစ်ဦး၏ နေအိမ်ကို ဆိုင်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CIBB) က ယနေ့ (စက်တင်ဘာ ၂၅) တွင် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေစီးနင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အွန်လိုင်းလောင်းကစားပြုလုပ်နေသောဆိုဒ်များတွင် ပါဝင်နေသည်ဟု စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate နေထိုင်ရာ ဘန်ကောက်မြို့ရှိ နေအိမ်ကို နံနက်ပိုင်းတွင် ဝရမ်းထုတ် ရှာဖွေခဲ့ခြင်းဖြစ်သည်။ အဆိုပါစီးနင်းမှုတွင် ဆိုင်ဘာရဲတပ်ဖွဲ့များအပြင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနမှ ရဲတပ်ဖွဲ့များနှင့် မြို့တော်ကွန်မန်ဒိုတပ်ဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ ဝရမ်းထုတ်ရှာဖွေစီးနင်းမှုတွင် ရဲကလပ်၏ အနောက်ရှိ နေအိမ်ငါးလုံးပါဝင်နေပြီး ထိုအိမ်များသည် ရဲဗိုလ်ချုပ်ကြီး Surachate က သူ့လက်အောက်ငယ်သားများအတွက် ဝယ်ပေးထားသော အိမ်များဖြစ်ကြောင်း ဖော်ပြထားသည်။ ရဲဗိုလ်ချုပ်ကြီး Surachate နေအိမ်တွင်ရှိနေချိန် နံနက် ၈ နာရီအချိန်ခန့်တွင် ဆိုင်ဘာရဲတပ်ဖွဲ့များ […]


