ထိုင်းတွင် လိင်တူထိမ်းမြားခွင့်ကို အထက်လွှတ်တော် အတည်ပြု
Dawei Watch
June 18, 2024ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားလက်ထက်ခွင့်ဥပဒေကို ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် အထက်လွှတ်တော်အမတ်များက မဲပေးအတည်ပြုလိုက်ပြီဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း ကျား၊ မ မခွဲခြားတော့ဘဲ လိင်တူခြင်းထိမ်းမြား လက်ထက်ခွင့်ဥပဒေကို အထက်လွှတ်တော်အမတ်များက ထောက်ခံမဲ ၁၃၀ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၁၈ မဲ ဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။ လွှတ်တော်တွင် အတည်ပြုပြီးနောက် အစိုးရနှင့် ဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ပြီး ထိုင်းဘုရင်က လက်မှတ်ထိုးထုတ်ပြန်ရမည်ဖြစ်သည်။ ထို့နောက် ရက်ပေါင်း ၁၂၀ ကြာတွင် ဥပဒေအဖြစ် အသက်ဝင်တော့မည်ဖြစ်သဖြင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လိင်တူချင်း ထိမ်းမြားလက်ထပ်နိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှတွင် လိင်တူချင်း ထိမ်းမြားလက်ထပ်နိုင်သော ပထမဆုံးနိုင်ငံဖြစ်လာတော့မည်ဖြစ်ပြီး အာရှတွင် ထိုင်ဝမ်၊ နီပေါနိုင်ငံများနောက် တတိယနိုင်ငံဖြစ်လာတော့မည်ဖြစ်သည်။ တန်းတူညီမျှသော […]


