တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
December 16, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘုရင်စနစ်ကို အသရေဖျက်မှုဖြင့် ထိုင်းလူငယ်အမတ်တစ်ဦး ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ ထိုင်းနိုင်ငံက လူငယ်အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးက ဘုရင်၊ မိဖုရားတွေကို ဂုဏ်ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့လို့ဆိုပြီး ဥပဒေ ၁၁၂ အရ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။ အသက် ၂၉ နှစ်အရွယ် အိုက်စ် (Ice) ဟာ ဘုရင်စနစ်ကို ဝေဖန်တဲ့ ပို့စ်တွေကို လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူမကတော့ မပြစ်မရှိတဲ့ကြောင်း ထွက်ဆိုပါတယ်။ အခုတော့ အယူခံဝင်နိုင်ဖို့ နောက်တစ်ကြိမ် ကျူးလွန်မှုမလုပ်ပါဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ အာမခံလျှောက်ထားရပါတယ်။ အိုက်စ် […]


