ဘန်ကောက်ရှိ ဇိမ်ခံဟိုတယ်တွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်းသေဆုံးမှု FBI ကိုခေါ်ယူထားဟုဆို
Dawei Watch
July 17, 2024ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ ဇိမ်ခံဟိုတယ်တစ်လုံးတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်အပါအဝင် ရဲတပ်ဖွဲ့များက အမှုကို ဖြေရှင်းနိုင်ရန် အပူတပြင်း ကြိုးစားနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး လူဖီနီနေရာအနီး၏ ဟိုတယ်တစ်ခုတွင် ယမန်နေ့ (ဇူလိုင် ၁၆) ညပိုင်းက သေဆုံးနေသော အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသားများသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရန် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) ကိုလည်း ခေါ်ယူထားပြီး ဗီယက်နမ်နိုင်ငံသားများ သေဆုံးမှုအတွက် ဝန်ကြီးချုပ် ဆေ့ထာထဝီဆင်က ဗီယက်နမ်သံအမတ်နှင့် ညတွင်းချင်း ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ထို့နောက် ဝန်ကြီးချုပ်က […]


