ကာတာတွင် စုဝေးတွေ့ဆုံနေသည့် ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်များကို အစ္စရေးတိုက်ခိုက်
Dawei Watch
September 10, 2025ကာတာနိုင်ငံ ၊ မြို့တော်ဒိုဟာတွင် စုဝေးတွေ့ဆုံနေသည့် ဟားမတ်စ်အဖွဲ့၏ ထိပ်တန်းအရာရှိများကို စက်တင်ဘာလ ၉ ရက်နေ့တွင် အစ္စရေးက တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့သည်။ ဟားမတ်စ်အဖွဲ့၏ အဓိကအပစ်ရပ်ညှိနှိုင်းရေးမှူးပါ အဆိုပါ တိုက်ခိုက်မှုတွင် တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဟားမတ်စ်အဖွဲ့၏ ပြည်ပရောက်အကြီးအကဲ Khalil al-Hayya ၏ သားဖြစ်သူ အပါအဝင် လူ ၆ ဦး သေဆုံးကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်သည်။ အဖွဲ့၏ အပစ်ရပ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့အပါအဝင် ထိပ်သီးခေါင်းဆောင်များမှာ အသက်ရှင်ခဲ့ကြောင်းလည်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားသည်။ ဟားမတ်စ်အဖွဲ့၏ နောက်ဆုံးကျန်ရှိနေသေးသည့် အမာခံခြေကုပ်နေရာကို သိမ်းပိုက်ရန် အကြီးစား စစ်ဆင်ရေးဆောင်ရွက်မည်ဖြစ်၍ အဆိုပါ ဧရိယာမှ ဒေသခံအားလုံး ထွက်သွားကြရန် အစ္စရေးဘက်က သတိပေးချက် ထွက်ပေါ်လာပြီး နာရီပိုင်းအကြာတွင် ဒိုဟာတိုက်ခိုက်မှုဖြစ်စဉ် […]