BREAKING
May 30, 2025

နိုင်ငံတကာသတင်း

ထိုင်ဝမ်လေပိုင်နက်အတွင်းသို့ တရုတ် ဖိုက်တာဂျက် အစင်း ၃၀ ဝင်ရောက်

diz_admin

May 31, 2022

ထိုင်ဝမ် လေကြောင်းရန် ကာကွယ်ရေး ဇုန်အတွင်းသို့ တရုတ် တိုက်လေယာဉ် အစင်း ၃၀ ဝင်ရောက် လာသောကြောင့် ထိုင်ဝမ်ဘက်က တိုက်လေယာဉ်များ လွှတ်တင်ခဲ့ရသည်ဟု BBC သတင်းတစ်ရပ်က ဆိုသည်။ ပြီးခဲ့သည့် တနင်္လာနေ့က တရုတ်စစ်လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်သည် ယခုနှစ်အတွင်း အကြီးမားဆုံး နယ်မြေကျော်မှု ဖြစ်သည်။ ထိုင်ဝမ်ကို ကျူးကျော်မည့် အခြေအနေနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးခဲ့ပြီးနောက် အဆိုပါ ဖြစ်စဉ် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ပြင် လုံခြုံရေးကိစ္စ ဆွေးနွေးရန် အမေရိကန်အရာရှိ ထိုင်ဝမ်ရောက်နေစဉ် အဆိုပါ တိုက်လေယာဉ်များ ဝင်လာသည့် ဖြစ်စဉ် ကြုံရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်းတွင် တရုတ်က စစ်ရေးလေ့ကျင့်သည့် ခေါင်းစဉ်ဖြင့် လေကြောင်း လှုပ်ရှားမှုများကို မြှင့်တင်လိုက်သည်။ ယင်းသို့ လေကြောင်း […]

နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျမှု ခရီးသည်နှင့်ယာဉ်အမှုထမ်း အားလုံးသေဆုံး

diz_admin

May 30, 2022

နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်းမှ ခရီးသည်နှင့် အမှုထမ်း ၂၂ ယောက်ပါလေယာဉ်တစ်စင်း ယမန်နေ့ (မေ ၂၉) တွင် ပျက်ကျသွားခဲ့ရာ အသက်ရှင်ကျန်ရစ်သူမရှိ‌ကြောင်း နိုင်ငံပိုင်သတင်းများတွင်ဖော်ပြထားသည်။ Tara Air ပိုင် လေယာဉ်တစ်စင်းသည် မေလ ၂၉ ရက်မနက်ပိုင်းတွင် နီပေါနိုင်ငံ ပေါ့ခါရာ(Pokhara)မြို့မှ ခရီးသွားမြို့ ဂျွန်ဆမ်(jomsom) မြို့သို့ ပျံသန်းရာ မိနစ်ပိုင်းအကြာတွင် မက်စ်တန်း(Mustang)ခရိုင်ရှိ ဟိမဝန္တာတောင်တန်းများအကြား ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင် ရာသီဥတုဆိုးရွားမှုနှင့်အတူ အလင်းရောင်ကောင်းကောင်း မရရှိမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်‌နှေးခဲ့ရပြီး နာရီ ၂၀ ကြာ‌မှ လေယာဉ်ပျက်စီးမှုအပိုင်းအစကို တွေ့ရှိခဲ့ရကြောင်း ယင်းကြောင့်ယနေ့ (မေ ၃၀)မှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရကြောင်း နီပေါတပ်မတော်က ယနေ့တွင်ထုတ်ပြန်သည်။ ပျက်ကျသွားသော လေယာဉ်ပေါ်တွင် အိန္ဒိယနိုင်ငံသား ၄ ဦး၊ ဂျာမန်နိုင်ငံသား ၂ ဦး၊ နီပေါခရီးသည် […]

ရေနံဈေးမြင့်နေချိန် ရုရှား၏ ရေနံထုတ်ကုန်များ ပိတ်ပင်နိုင်ရေး ဥရောပသမဂ္ဂဆွေးနွေး

diz_admin

May 30, 2022

ဥရောပသမဂ္ဂအရာရှိများ ဘရပ်ဆဲစ်မြို့တွင် ဥရောပသမဂ္ဂအရာရှိများ တွေ့ဆုံကာ ရုရှား၏ ရေနံထွက်ကုန်များကို ပိတ်ပင်ရန် အကောင်းဆုံး နည်းလမ်းအကြောင်း ဆွေးနွေးနေကြစဉ် ရေနံဈေးက အမြင့်ဆုံးအဆင့်ကို တက်သွားခဲ့ကြောင်း Sky News သတင်းတစ်ပုဒ်က ဖော်ပြထားသည်။ ဥရောပကော်မရှင် ဥက္ကဌ အာဆူလာဗွန်ဒါလီယန် က ဥရောပသမဂ္ဂအနေဖြင့် လာမည့် ၆ လအတွင်း ရုရှား၏ ရေနံထုတ်ကုန်များကို ပိတ်ပင်နိုင်ရန် ဆောင်ရွက်ရမည်ဟု ဥရောပ ပါလီမန် ကို ယခုလ အစောပိုင်းက ပြောကြားခဲ့သည်။ ရေနံစိမ်းဈေးက တစ်စည် ဒေါ်လာ ၁၂၀ စျေးပေါက်နေသည်။ ယခုအခါ အမေရိကန်နှင့် အနောက်ဥရောပ အင်အားစုများက ရုရှား၏ ယူကရိန်းအပေါ်ကျူးကျော်မှုကို ဆန့်ကျင်သည့် အနေဖြင့် ရုရှားရေနံထွက်ကုန်များကို ပိတ်ပင်ကြရန် ဆော်သြလျက်ရှိသည်။ မတ်လ အစောပိုင်းက ရေနံစိမ်းဈေးသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၃၉ […]

ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် နှာခေါင်းစည်းမလိုဘဲ အပြင်သွားလာခွင့်ပြုမည်

diz_admin

May 28, 2022

ထိုင်းနိုင်ငံရှိ ခရိုင် ၃၁ ခုတွင် ဇွန်လလယ်မှစ၍ ပြည်သူများ mask (နှာခေါင်းစည်း)တပ်စရာမလိုပဲ သွားလာနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ကိုဗစ်ကူးစက်မှုနှုန်းလျော့ကျလာပြီဖြစ်၍ ကာကွယ်‌ဆေးထိုးနှံသူ များပြားသောခရိုင်များတွင် ရှေ့ပြေးစမ်းသပ်ချက်‌အနေဖြင့် mask တပ်သွားလာမှုကို ပယ်ဖျက်ပေးသည့် အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Dr Kiattiphum Wongrajit ကဆိုသည်။ အဆိုပါ ဖြေလျော့ပေးသည့် ခရိုင်များကို အစိမ်းရောင်ဇုန် ခရိုင် ၁၄ ခုနှင့် အပြာရောင်ဇုန် ခရိုင် ၁၇ ခု သတ်မှတ်ထားပြီး ယင်းနေရာများတွင် ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံထားသူ ၆၀ ရာခိုင်နှုန်း ရှိ‌ကြောင်း အတွင်းဝန်ကဆိုသည်။ အစိမ်းရောင်ဇုန် ၁၄ ခရိုင်မှာ ချိုင်နတ်၊ ဖိကျစ်၊ အန်ထောင်၊ နန့်၊ မဟာရာစခမ်၊ ယဆိုးထော်၊ နခေါ် […]

စားနပ်ရိက္ခာပြတ်လပ်မှု ကမ္ဘာ့ကပ်ဘေးစပြီ

diz_admin

May 26, 2022

ကပ်ရောဂါဘေး၊ စစ်ဘေး စတဲ့ ကပ်ကြီးနှစ်ပါး နေရာအတော်များများမှာ ဆိုက်နေတဲ့ ကမ္ဘာကြီးမှာ ငတ်မွတ်ခေါင်းပါးဘေး ဆိုတဲ့ တတိယကပ်ကြီး လာနိုင်ပါသလား။ ကပ်ကြီး (၃)ပါးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ် နေပါတယ်။ အမြဲတမ်းစိုးရိမ်နေကျ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ကြီးက ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ဒါကို အရေးတကြီး ကိုင်တွယ်ရတော့မယ်လို့ သတိပေးလိုက်ပါတယ်။ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲ၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်း ဖြစ်နိုင်တဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။ တစ်ကမ္ဘာလုံးမှာ အစားအစာကို ဖြစ်သင့်တဲ့ ဈေးနူန်းနဲ့ ရနိုင်ဖို့ အရေးကိစ္စဟာ စိတ်ပူစရာ သိပ်ကောင်းနေပါတယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့က စီမံမှုဒါရိုက်တာ ခရစ္စတာလီနာဂျော်ဂျီဗာ က ဆွစ်ဇာလန်မှာ ကျင်းပတဲ့ World Economic Forum မှာ […]

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၉၀ ကျော် အဖမ်းခံရ

diz_admin

May 25, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၀ ကျော်ကို ကန်ချနဘူရီခရိုင်တွင် ယနေ့ (မေ ၂၅) ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင်၊ Mueang မြို့၊ Wang Dong ဒေသရှိ လမ်းဘေးတနေရာတွင် ၁၈ ဘီး ကုန်တင်ကား တစ်စီးရှိ‌နေသည်ဟု ဒေသခံတစ်ဦး၏ သတင်းပေးမှုကြောင့် ထိုင်းအာဏာပိုင်များက သွားရောက် စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာ ၉၆ဦးကို ဖမ်းမိခြင်းဖြစ်ပြီး ယင်းအနက် အမျိုးသား ၆၀ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ကလေးငယ် သုံးဦး ပါဝင်ကာ ၎င်းတို့အား ပို့ဆောင်ပေးသည့် ကားသမားကိုလည်း ဖမ်းမိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းအာဏာပိုင်များ လာရောက်ဖမ်းဆီးချိန်တွင် မြန်မာအလုပ်သမားများသည် ကားပေါ်မှ ဆင်းပြေး၍ […]

အမေရိကတွင် မူလတန်းကျောင်းအတွင်း သေနတ်ဖြင့်ဝင်ပစ်၍ ကလေး ၁၉ ဦးသေဆုံး

diz_admin

May 25, 2022

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းကို ဆယ်ကျော်သက် လက်နက်ကိုင် သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကလေး ၁၉ ဦးနှင့် လူကြီး ၂ ဦးသေဆုံး သွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ အသက် (၁၈)နှစ်အရွယ် သေနတ်သမားသည် သံချပ်အင်္ကျီ၊ ရိုင်ဖယ်သေနတ်နှင့် ကျောပိုးအိတ်ကိုလွယ်၍ တက္ကဆတ်ပြည်နယ် အူဗယ်ဒီမြို့ ရော့ဘ်မူလတန်းကျောင်းကို ဝင်ရောက်ပြီး စာသင်ခန်းများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းသေနတ်သမားကို ဥပဒေစိုးမိုးရေး အရာရှိများက ပစ်ခတ်သုတ်သင်လိုက်ရသည်။ တရားခံလူငယ်သည် AR-15 ဆီမီးအော်တို ရိုင်ဖင်နှင့် ကျည်ကပ်များ ကိုင်ဆောင်ထားကာ ရာဇဝတ်မှုကို တစ်ဦးတည်း ကျူးလွန်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။ ကျောင်းထဲဝင်ပြီး မြင်လေရာ မပစ်သတ်ခင် အကြမ်းဖက်သမားလူငယ်သည် ၎င်း၏ အဖွါးဖြစ်သူကို အရင်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အနီးအနားဒေသက အထက်တန်းကျောင်းသား တစ်ဦးဖြစ်ကြောင်း ဒေသမီဒီယာတစ်ခုက သတင်းထုတ်ပြန်ထားသည်။ […]

ထိုင်းတွင် မြန်မာအမျိုးသမီးနှစ်ဦးရုပ်အလောင်း စွန့်ပစ်ခံထားရ

diz_admin

May 24, 2022

ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်တွင် စွန့်ပစ်ခံထားရသော အမျိုးသမီးရုပ်အလောင်းနှစ်ခုမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ကြောင်း မေလ ၂၃ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ ပြင်ပဒဏ်ရာမရရှိဘဲ သေဆုံးနေသော ‌အလောင်း နှစ်လောင်းကို မေလ ၁၉ ရက်နေ့တွင် ချိုင်နတ်ခရိုင် (Chai Nat) ဟန်နမ်းစခွန်မြို့၊ ဘန်နောင်သာတွန်ရွာရှိ လမ်းဘေးတောတစ်‌နေရာတွင် နွားကျောင်းသားတစ်ဦးက တွေ့ရှိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။ စုံစမ်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အလောင်းစွန့်ပစ်သွားသော ထိုင်းနိုင်ငံသား ကားသမား သုံးဦးကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များ ပြောဆိုသည်။ ကားသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၀ ဦးကို တာခ့်ခရိုင်၊ မဲဆောက်မြို့ရှိ နေရာတစ်ခုမှ သီးနှံများတင်ဆောင်လာသောကားဖြင့် တင်ဆောင်ကာ အာရှလမ်းမကြီး တစ်လျှောက် မောင်းနှင်ခဲ့သည်ဟုထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် ချိုင်နတ်ခရိုင်တွင် […]