ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နိုင်ငံတကာသတင်း

ဘန်ကောက်ဟိုတယ် ၆ လောင်းပြိုင်သေဆုံးမှု အချင်းချင်း အဆိပ်ခတ်သတ်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

Dawei Watch

July 17, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီးဇိမ်ခံဟိုတယ်တစ်ခုတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုတွင် အကြွေးကိစ္စများကြောင့် အချင်းချင်းအဆိပ်ခတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ဘန်ကောက်မြို့လယ်ရှိ ဟိုတယ်အခန်းထဲတွင် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့မှုအတွက် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) အပါအဝင် ထိုင်းရဲတပ်ဖွဲ့၊ ဗီယက်နမ်အာဏာပိုင်များနှင့် ပူးပေါင်းဖြေရှင်းခဲ့ပြီးနောက် အမှုဖြေရှင်းချက်ကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ သေဆုံးသူများသည် ဆိုင်ရာနိုက် (cyanide) အဆိပ်ပါဝင်သော ကော်ဖီနှင့် လက်ဖက်ရည်ကို သောက်သုံးပြီးနောက် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ သေဆုံးသူ ခြောက်ဦးအနက် တစ်ဦးတွင် ဒေါ်လာ ၂၇၈,၀၀၀ ကျော် အကြွေးပြဿနာရှိနေပြီး အကြွေးကိစ္စနှင့်ပတ်သက်၍ တစ်ဦးက ကျန်သူများကို အဆိပ်ခတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း […]

ဘန်ကောက်ရှိ ဇိမ်ခံဟိုတယ်တွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်းသေဆုံးမှု FBI ကိုခေါ်ယူထားဟုဆို

Dawei Watch

July 17, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ ဇိမ်ခံဟိုတယ်တစ်လုံးတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်အပါအဝင် ရဲတပ်ဖွဲ့များက အမှုကို ဖြေရှင်းနိုင်ရန် အပူတပြင်း ကြိုးစားနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး လူဖီနီနေရာအနီး၏ ဟိုတယ်တစ်ခုတွင် ယမန်နေ့ (ဇူလိုင် ၁၆) ညပိုင်းက သေဆုံးနေသော အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသားများသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရန် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) ကိုလည်း ခေါ်ယူထားပြီး ဗီယက်နမ်နိုင်ငံသားများ သေဆုံးမှုအတွက် ဝန်ကြီးချုပ် ဆေ့ထာထဝီဆင်က ဗီယက်နမ်သံအမတ်နှင့် ညတွင်းချင်း ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ထို့နောက် ဝန်ကြီးချုပ်က […]

သမ္မတလောင်း ဒေါ်နယ်ထရမ့်သေနတ်ဖြင် ပစ်ခတ်ခံရ၍ ဒဏ်ရာအနည်းငယ်ရ

Dawei Watch

July 14, 2024

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်ရှိ ဘတ်တလာမြို့တွင် ကျင်းပသော မဲဆွယ်စည်းရုံးရေးအခမ်းအနားတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်ဖြင့် ပစ်ခတ်ရန်ကြိုးစားခဲ့ပြီး ဒဏ်ရာအနည်းငယ် ရရှိသွားသည်။ လက်ရှိဖြစ်စဉ်အရ ဒေါ်နယ်ထရမ့်ကို လုပ်ကြံလိုသော အုပ်စုတစ်ခုရှိနေသည်ဟု ယူဆရဖွယ်ရှိနေပြီး ကျည်ဆန်မှာ ဒေါ်နယ်ထရမ့်၏နားရွက်ကို ရှပ်ထိသွားခဲ့ကြောင်း သတင်းများက ရေးသားဖော်ပြနေကြသည်။ သေနတ်သမားက သေနတ်ပစ်လိုက်အပြီးတွင် ကျယ်လောင်သောပေါက်ကွဲသံကို ကြားလိုက်ရပြီး နောက်ဆုံးရရှိသော သတင်းများအရ ထရမ့်မှာ ဒဏ်ရာရရှိသွားသည်ဟု သိရှိရသည်။ အမေရိကန်ပြည်ထောင်စု လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကလည်း သေနတ်နှင့်ပစ်ခတ်လုပ်ကြံရန် ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်လိုက်ပြီး သတင်းအတည်ပြုချက်တွေများမှာလည်း ကွဲပြားမှုများရှိနေသည်ကို မြင်တွေ့ကြရသည်။ အချို့သောသတင်းရင်းမြစ်များက သေနတ်သမားနှင့် မဲဆွယ်စည်းရုံးရေးအခမ်းအနားသို့ တက်ရောက်လာသူတစ်ဦး အသက်ဆုံးရှုံးကာ လုံခြုံရေးတာဝန်ယူထားသူ နှစ်ဦးနှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ထိခိုက်ဒဏ်ရာများ ရရှိသွားသည်ဟု ရေးသားနေပြီး အချို့သောသတင်းဌာနများကမူ သမ္မတဟောင်း ဒေါ်နယ်ထရမ့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 12, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၆ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ အီရန်တွင် ပြုပြင်ပြောင်းလဲလိုလားသူ သမ္မတအသစ်ဖြစ်လာ အီရန်နိုင်ငံမှာ ဇူလိုင်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ Masoud Pezeshkian ကအနိုင်ရရှိခဲ့ပါတယ်။ သူက မဲရလဒ် ၅၃ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာပါ။ ပြည်သူတွေရဲ့ ယုံကြည်မှု၊ စာနာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့သာ ချောချောမွေ့မွေ့ သွားနိုင်မှာ ဖြစ်တယ်လို့ သမ္မတသစ်က ကြေညာခဲ့ပါတယ်။ သူက အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး နှလုံးခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ သူက လူမှုအသိုင်းအဝိုင်းထဲမှာ ပိုပြီးလွတ်လပ်ခွင့်ပေးဖို့နဲ့ နိုင်ငံရေးမှာ အများပါဝင်လာနိုင်ရေးတွေကိုလည်း ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

July 6, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ အိန္ဒိယမှာ မိုးကြီးလို့ လေဆိပ်ခေါင်မိုးပြိုကျ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ဇွန်လ ၂၉ ရက်နေ့က ဂန္ဒီနိုင်ငံတကာလေဆိပ်ရဲ့ခေါင်မိုး တစ်ပိုင်း ပြိုကျခဲ့ပါတယ်။ ခေါင်မိုးပြိုကျခဲ့လို့ လူ ၁ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တာပါ။ အိန္ဒိယရဲ့ အကြီးဆုံးလေဆိပ်ထဲက တစ်ခုဖြစ်တဲ့ နယူးဒေလီရဲ့ အဓိကလေဆိပ်ရှိရာနေရာမှာ ၂၄ နာရီထဲ မိုးရေချိန် ၉ လက်မလောက် ရွာသွန်းခဲ့ပါတယ်။ ဒီပမာဏဟာ နယူးဒေလီမြို့မှာ သတ်မှတ် မိုးရေပမာဏထက် ၃ ဆ ပိုများနေခဲ့ပါတယ်။ မိုးကြောင့် လေဆိပ်အမှတ် ၁ […]

ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ အတိုက်အခံ လေဘာပါတီ အနိုင်ရ

Dawei Watch

July 5, 2024

ဗြိတိန်မှာ ဇူလိုင်လ ၄ ရက်နေ့က ကျင်းပခဲ့​တဲ့ ပါလီမန်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဖြစ်တဲ့ လေဘာပါတီက အနိုင်ရရှိသွားပြီဖြစ်ပါတယ်။ မဲပေးမှုအရ ဗြိတိန်ပါလီမန်နေရာ ၆၅၀ မှာ လေဘာပါတီက ၄၁၀ ကျော် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်တွေဦးဆောင်တဲ့ ဗြိတိန်အစိုးရသက်တမ်း အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ အတိုက်အခံပါတီအနိုင်ရရှိခဲ့လို့ လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ လက်ရှိဝန်ကြီးချုပ် Rishi Sunak ရဲ့ Conservatives ပါတီကတော့ သမိုင်းမှာ မှတ်တမ်းဝင် ရှုံးနိမ့်သွားခဲ့ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်သွားပြီးနောက် Rishi Sunak က ပါတီခေါင်းဆောင်အဖြစ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဖြစ်လာမည့် လေဘာပါတီခေါင်းဆောင် Keir Stamer က ဗြိတိန်က အကြီးမားဆုံး ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 28, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရုရှားနဲ့ မြောက်ကိုရီးယား စစ်ရေးပူးပေါင်းမှု တောင်ကိုရီးယားကန့်ကွက် ကာကွယ်ရေးဆိုင်ရာ အပြန်အလှန်ကူညီဖို့ ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သဘောတူစာချုပ်ခဲ့တာကို တောင်ကိုရီးယားက ကန့်ကွက်တဲ့အနေနဲ့ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့တာပါ။ ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီမယ့် သဘောတူစာချုပ်ကို ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျိုအန်းတို့က ပြီးခဲ့တဲ့အပတ်က လက်မှတ်ထိုးစာချုပ်ချုပ်ခဲ့ကြပါတယ်။ စာချုပ်အရ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါက၂၄ နှစ်အတွင်း ပြုံယမ်းမြို့တော်ကို […]

ဟွန်ဒါမီနီမော်တော်ဆိုင်ကယ် ထုပ်လုပ်မှုရပ်ဆိုင်း

Dawei Watch

June 26, 2024

ကမ္ဘာကျော်ဟွန်ဒါမော်တာကုမ္ပဏီဟာ 50 cc အင်ဂျင်အမျိုးအစားနဲ့ ပိုသေးငယ်တဲ့ အင်ဂျင်အမျိုးအစား မီနီမော်တော်ဆိုင်ကယ်ထုတ်လုပ်မှုကို ၂၀၂၅ နိုဝင်ဘာလမတိုင်ခင် အပြီးတိုင် ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချရေးစည်းမျဉ်းအသစ်တွေကို လိုက်နာရမှာ ဖြစ်တဲ့အတွက် အခုလို ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ ကမ္ဘာပေါ်မှာ 50 cc အင်ဂျင်အမျိုးအစားနဲ့ ပိုသေးငယ်တဲ့ အင်ဂျင်အမျိုးအစားတပ်ဆင်ထားတဲ့ မီနီမော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးဈေးကွက်မှာ ဟွန်ဒါမော်တာကုမ္ပဏီက ဈေးကွက်ဝေစုအများဆုံး ရထားပါတယ်။ Super Cub တံဆိပ်မော်တော်ဆိုင်ကယ်တွေကို ဟွန်ဒါကုမ္ပဏီက ၁၉၅၈ ခုနှစ်မှာ ပထမဆုံး စတင်ရောင်းချခဲ့ပါတယ်။ ဈေးကွက်ထဲ စတင်မိတ်ဆက်ချိန်က‌နေ လက်ရှိအချိန်အထိ အစီးရေ သန်း (၁၀၀) ကျော်ကို ထုတ်လုပ်ရောင်းချထားခဲ့ပြီး ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ဆိုင်ကယ်အမျိုးအစား ဖြစ်လာခဲ့ပါတယ်။ ဆီစားသက်သာတဲ့ […]