ဥရောပစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြင်သစ်ဆေးရုံများကို ညွှန်ကြားထား
Dawei Watch
September 12, 2025လာမည့်နှစ်တွင် ဥရောပ၌ ပေါ်ပေါက်လာနိုင်ခြေရှိသည့် အကြီးစားစစ်မက်ပဋိပက္ခအတွက် ကြိုတင်ပြင်ဆင်ထားရန် ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်းရှိ ဆေးရုံများကို ညွှန်ကြားထားကြောင်း The Independent သတင်းဌာနက စက်တင်ဘာလ ၃ ရက်နေ့တွင် ဖော်ပြထားသည်။ ၂၀၂၆ ခုနှစ် ၊ မတ်လမကုန်ခင် ပေါ်ပေါက်လာနိုင်သည့် အကြီးစားစစ်ရေးပဋိပက္ခတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားရန် နိုင်ငံအတွင်းရှိ ဒေသန္တရကျန်းမာရေးဌာနများထံ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားစာပေးပို့ခဲ့ကြောင်း သိရသည်။ စစ်မက်ဖြစ်ပွားချိန် ၁၀ ရက်မှ ရက်ပေါင်း ၁၈၀ အတွင်း ဆေးရုံတင်ရသည့် လူပေါင်း ၁၀,၀၀၀ မှ ၅၀,၀၀၀ အကြား ရှိနိုင်ကြောင်း အဆိုပါ ညွှန်ကြားစာအကြောင်း ဖွင့်ချခဲ့သည့် နာမည်ကြီးပြင်သစ်သတင်းစာ Le Canard Enchaîné က သတိပေးထားသည်။ “လက်ရှိနိုင်ငံတကာ အခြေအနေအရ ပြင်းထန်တဲ့ စစ်မက်ပဋိပက္ခတွေ ပေါ်ပေါက်ရင် […]