ထိုင်းထိပ်တန်း တက္ကသိုလ်သုံးခု မဟာမိတ်တက္ကသိုလ်များအဖြစ်ပူးပေါင်း
Dawei Watch
January 22, 2026မကြုံစဖူး သမိုင်းဝင်အပြောင်းအလဲအနေဖြင့် ထိုင်းနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်သုံးခုသည် မဟာဗျူဟာမြောက် မဟာမိတ်တက္ကသိုလ်များအဖြစ် ဖွဲ့စည်းလိုက်ကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခု ပူးပေါင်းဆောင်ရွက်မှုကြောင့် တက္ကသိုလ်သုံးခုအကြား အကန့်အသတ်များ မရှိတော့ဘဲ ကျောင်းသားများအနေဖြင့် တက္ကသိုလ်သုံးခုလုံးတွင် ပညာရပ်များ သင်ယူခွင့် ရရှိမည်ဖြစ်သည်။ ယင်းမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ရန်အတွက် ခိုင်မာသော မဏ္ဍိုင်တစ်ခုအဖြစ် ပူးပေါင်းရပ်တည်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံရှိ မဟီဒေါ၊ ချူလာလောင်ကွန်းနှင့် ချင်းမိုင်တက္ကသိုလ်တို့သည် “MC² Tri-University Partnership” အဖြစ် စတင်ပူးပေါင်းကြောင်း မကြာသေးမီက ကြေညာလိုက်သည်။ ယင်းမှာ တက္ကသိုလ်အဆင့်သတ်မှတ်ချက် ပြိုင်ဆိုင်မှုထက် လူမှုစီးပွားနှင့် မူဝါဒရေးရာများတွင် လက်တွေ့အကျိုးပြုရန် ရည်ရွယ်သည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။ အဆိုပါ တက္ကသိုလ်သုံးခုကြား ပညာရပ်ဆိုင်ရာ […]


