ထားဝယ်ဒေသရှိ အင်တာနက်ကန့်သတ်ခံထားရသည့်နေရာများတွင် တော်လှန်ရေးစာစဥ်များဖြန့်ဝေ
Dawei Watch
March 14, 2024ထားဝယ်ခရိုင်အတွင်းရှိ အင်တာနက် ကန့်သတ်ခံထားရတာသည့် ဒေသများတွင် မတ်လမှစ၍ ဂိမှာန် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီက တော်လှန်ရေးစာစဥ်များ အပတ်စဥ် စတင်ဖြန့်ချီပေးနေကြောင်း ယင်းကော်မတီထံက သိရသည်။ “သတင်းအချက်အလက်တွေ အဆက်အသွယ်မပြတ်ကြဖို့ ရည်ရွယ်ချက်နဲ့ အဓိကဖြန့်ဝေတာပါ” ဟု ယင်းကော်မတီ၏ တာဝန််ရှိသူတစ်ဦးက ပြောသည်။ ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ် အတွင်းရှိ ကျေးရွာ ၆ ရွာသို့ မကွေးနှင့် မုံရွာ ဒေသတွင် ထုတ်ဝေသည့် မြစ်ကွေ့စာစဥ်နှင့် တူမီးစာစဥ်တို့ကို စတင် ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ နောက်ပိုင်းတွင် ထားဝယ်ဒေသက သတင်းများကို စုစည်း၍ အချပ်ပိုအဖြစ် ဖြန့်ဝေနိုင်ရန်စီစဥ်နေပြီး ကျေးရွာများ တိုးချဲ့ဖြန့်ဝေနိုင်ရန်လည်း စီစဥ်နေကြောင်း ယင်းကော်မတီထံက သိရသည်။ ၎င်းအပြင် ရွေ့လျားစာကြည့်တိုက် ၄ ခုဖြင့် အသိပညာပေးလှုပ်ရှားမှုနှင့် ပညာရေး၊ […]