ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် ကလေးငယ်များ ပါးချိတ်ရောင်ရောဂါ ကူးစက်ဖြစ်ပွားမှုများ

Dawei Watch

February 5, 2025

ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့တွင် ဇန်နဝါရီလလယ်ခန့်ကစ၍ မူကြိုအရွယ်ကလေးငယ်များ ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါ အဖြစ်များနေကြောင်း ဆေးရုံ၊ ဆေးခန်းများနှင့် မြို့ခံများထံမှ သိရသည်။ ကျောင်းများတွင် ကူးစက်ခံရမှုပိုများပြီး ကူးစက်ခံရပြီးလျှင် တစ်ပတ်ခန့် ပါးချိတ်ရောင်လက္ခဏာဖြင့် ဖျားကြောင်း ပါးချိတ်ရောင် ရောဂါဖြစ်ခဲ့သည့် ထားဝယ်မြို့ခံကလေးတစ်ဦး၏ မိခင်ဖြစ်သူက ပြောသည်။ ပါးချိတ်ရောင်လက္ခဏာဖြင့် နေမကောင်းဖြစ်လျှင် ကျောင်းမလာကြရန် မူကြိုကျောင်းအချို့တွင်လည်း စာဖြင့် သတိပေးထားကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။ “ကျောင်းမှာဆို ကလေး ၂၀ လောက် ခွေးပါးရောင်နေကြလို့ ခွင့်ယူထားကြတယ်။ မြို့ထဲမှာလည်း ကလေးတွေမှာ ဖြစ်နေကြတယ်” ဟု ထားဝယ်မြို့ခံ မူကြိုဆရာမတစ်ဦးက ပြောဆိုသည်။ ယခုရက်ပိုင်းအတွင်း ဆေးရုံ၊ ဆေးခန်းများတွင် ပါးချိတ်ရောင်ရောဂါလက္ခဏာဖြင့် ဆေးခန်းလာပြသည့် ကလေးလူနာ များနေပြီး ကလေးမှတစ်ဆင့်ပြန်ကူးစက်ခံရသည့် လူကြီးများလည်း ပါးချိတ်ရောင်လက္ခဏာဖြင့် ဆေးခန်းလာပြကြကြောင်း […]

ကံပေါက်တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေ

Dawei Watch

February 3, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးအပတ်ကစ၍ ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းလာပြသူများလာကြောင်း ဒေသခံ ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ဖျားပြီး ဝမ်းပျက်ဝမ်းလျှော၊ မူးဝေအော့အန်လက္ခဏာတို့ဖြင့် ဆေးခန်းလာပြသူများနေကြောင်း ဆေးခန်းများမှ ကျန်းမာရေးဝန်ထမ်းများက ပြောသည် ။ “ပထမတစ်ရက်ဖျားပြီး ဝမ်းပျက်တယ်၊ ပြီးတော့အန်တယ်။ သုံးရက်လောက်တော့ ခံစားရတယ်။ ပြီးရင် ပြန်ကောင်း သွားတယ်” ဟု ကိုယ်တိုင်ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည် ။ ကံပေါက်တိုက်နယ် ဆေးရုံတွင်လည်း ယင်းသို့ လက္ခဏာဖြင့် ဆေးခန်းလာပြသူ တစ်ရက်လျှင် ပျမ်းမျှ နှစ်ဦးခန့်ရှိကြောင်း ဆေးရုံနှင့် နီးစပ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ “တစ်နေ့ ၂ ယောက်လောက်တော့ ဝမ်းပျက်ဝမ်းလျှောလက္ခဏာနဲ့ လာပြနေကြတယ်။ ကံပေါက်အထဲက ရပ်ကွက်တွေရော၊ အခြားရွာတွေကရော လာပြကြတယ်။ ကလေးရော၊ လူကြီးရောဖြစ်နေတာပဲ” ဟု […]

သရက်ချောင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း ကင်းရှေ့ရွာက နေအိမ်အချို့ကိုမီးရှို့

Dawei Watch

February 3, 2025

ထားဝယ်-မြိတ်သွား ကားလမ်းပေါ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်သိမ်းယူခံရပြီးနောက် စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ကင်းရှေ့ရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်က နေအိမ်အချို့ မီးရှို့ဖျက်ဆီးကြောင်း ရွာသားအချို့နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဖေ‌ဖော်ဝါရီလ ၂ရက် ညနေ ၃နာရီခန့်တွင် ရောင်းမော်ရွာမှ ကင်းရှေ့ရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က အိမ်နှစ်လုံး မီးရှို့ခံရတယ်လို့တော့ ပြောတယ်။ ကျွန်တော်တို့လည်း ထွက်ပြေးတိမ်းရှောင်နေရတာဆိုတော့ အိမ်နှစ်လုံးမီးရှို့ခံရတယ်လို့ပဲ ကြားရတယ်။ (အရေအတွက်) အတိအကျ မပြောနိုင်သေးဘူး” ဟု ကင်းရှေ့ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဇန်နဝါရီလ ၂၉ရက်ညတွင် တိုက်ခိုက်သိမ်းယူ မီးရှို့ ဖျက်ဆီးခဲ့သည်။ ယင်းနောက် နောက်တစ်ရက် ဇန်နဝါရီလ ၃၀ရက် […]

ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသူ နှစ်ရာနီးပါးသာရှိ

Dawei Watch

February 3, 2025

ထားဝယ်တက္ကသိုလ်တွင် ဖေဖော်ဝါရီလ ၂ရက်က ၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့ပြီး ဘွဲ့ယူသူ နှစ်ရာနီးပါးရှိကြောင်း ဘွဲ့တက်ရောက်ယူခဲ့သူများထံမှ သိရသည်။ နေ့သင်တန်း ဘွဲ့ယူသူ ၆၄ ဦးနှင့် အဝေးသင်ဘွဲ့ယူသူ ၁၂၇ ဦး စုစုပေါင်း ၁၉၁ဦး ရှိကြောင်း ၎င်းတို့က ပြောသည်။ နေ့သင်တန်းဘွဲ့နှင်းသဘင်ကို နံနက်ပိုင်းတွင် ကျင်းပပြီး အဝေးသင်ဘွဲ့နှင်းသဘင်ကို နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။ “ကျွန်မတို့ မေဂျာမှာ မဟာဘွဲ့ နှစ်ယောက်၊ ဂုဏ်ထူးတန်းတစ်ယောက်၊ ရိုးရိုးဘွဲ့က လေးယောက် အားလုံး ခုနစ်ယောက် ဘွဲ့ယူတယ်။ ဘွဲ့နှင်းသဘင်မှာလည်း အေးအေးဆေးဆေးပါပဲ။ ကျောင်းထဲမှာ လုံခြုံရေးချထားတာမျိုးတွေ မတွေ့ခဲ့ရဘူး” ဟု ဝိဇ္ဇာဘွဲ့ယူခဲ့သည့် ကျောင်းသူတစ်ဦးက ပြောသည်။ ယခုနှစ် ထားဝယ်တက္ကသိုလ်တွင် ဘွဲ့ယူသည့် နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားဦးရေသည် ပြီးခဲ့သည့်နှစ်ကထက် လျော့နည်းခဲ့သည်။ ပြီးခဲ့သည့်နှစ်က […]

ရောင်းမော်ရွာတွင် နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

February 2, 2025

ထားဝယ်-သရက်ချောင်း ကားလမ်းပေါ်ရှိ ရွှေဂူတံတားစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ရောင်းမော်ရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းနှင့်ပူးပေါင်းတော်လှန်ရေးတပ်များက ဇန်နဝါရီလ ၂၉ရက်ညတွင် တိုက်ခိုက်သိမ်းယူ မီးရှို့ဖျက်ဆီးခဲ့သည်။ ပူးပေါင်းတပ်များပြန်ဆုတ်ခွာသွားပြီးနောက် ဇန်နဝါရီလ ၃၀ ရက် နံနက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတစ်ရာကျော်သည် တံတားနှင့်အနီးဝန်းကျင် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။ ဇန်နဝါရီလ ၃၀ရက်တွင်ပင် ရောင်းမော်ရွာသို့ စစ်ကြောင်းရောက်ရှိကာ နေအိမ်များကို စတင်မီးရှို့ခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်အထိ သုံးရက်ဆက် မီးရှို့ခံနေရဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ အိမ် ၁၀လုံးခန့် မီးရှို့ခံထားရပြီဟု ဒေသခံများက ခန့်မှန်းကြပြီး စစ်ကြောင်းရှိနေဆဲဖြစ်သောကြောင့် သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိသောကြောင့် အိမ်အရေအတွက် အတိအကျကိုမူ မသိရသေးကြောင်း ၎င်းတို့က […]

ကမြောကင်းတံတားဖြတ်၍ စားသောက်ကုန်သယ်ယူခွင့် ပုံမှန်အတိုင်း ပြန်ခွင့်ပြု

Dawei Watch

February 1, 2025

ကမြောကင်းတံတားကို ဖြတ်သန်း၍ လောင်းလုံးမြို့နယ်သို့ စားသောက်ကုန် သယ်ယူဖြတ်သန်းခွင့်ကို ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း လောင်းလုံးဒေသခံများထံမှသိရသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့က ကမြောကင်းတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် လောင်းလုံးမြို့နယ်သို့ စားသောက်ကုန်များ သယ်ယူရာတွင် စစ်ကောင်စီတပ်၏ ခွင့်ပြုသလောက်သာ သယ်ယူနေရပြီး တံတားဖွင့်ချိန်ကိုလည်း စစ်ကောင်စီက ကန့်သတ်ပြီး တင်းကျပ်လိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီက ယင်းသို့တင်းကျပ်လိုက်ချိန် လောင်းလုံးဒေသအတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်ခြင်းနှင့် မြို့နယ်တစ်လျှောက် စျေးလိုက်ရောင်းသည့် စျေးသည်များ အလုပ်ရပ်နားထားရ၍ အခက်အခဲဖြစ် ကြရကြောင်း လောင်းလုံး ဒေသခံများကပြောသည်။ ထိုသို့ တင်းကျပ်ထားရာမှ ဇန်နဝါရီ ၃၁ ရက်နေ့ကစပြီး မူလအတိုင်း ပြန်လည်ခွင်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း လောင်းလုံး ဒေသခံ တစ်ဦးကပြောသည်။ “ဆန်၊ဆီ၊ကြက်သွန် အကုန်သယ်လို့ ရသွားပါပြီ ခရီးသည်တင်ကား တွေပေါ်မှာလည်း အများကြီးတင်လာတာ တွေ့တယ်” ဟု၎င်းလောင်းလုံး […]

ထားဝယ် SEZ ဒေသတွင် စစ်ကောင်စီတပ်ဖမ်းသွားသည့် ကလေးအပါအဝင် ဒေသခံနှစ်ဦး ရှစ်ရက်ကြာအထိ ပြန်မလွတ်

Dawei Watch

January 31, 2025

ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) ရှိ ရေနက်ဆိပ်ကမ်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသွားသည့် မူးဒူးရွာသားနှစ်ဦး ရှစ်ရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်ပါသည့် စစ်ကြောင်းသည် ဇန်နဝါရီလ ၂၄ရက်တွင် ရေဖြူမြို့နယ်၊ ထားဝယ် ရေနက်ဆိပ်ကမ်းအနီးရှိ မူးဒူးရွာကို ဝင်ရောက်ခဲ့ပြီး အရပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အသက် ၁၂နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦးနှင့် အသက် ၅၀အရွယ် ဦးစိုးအောင်တို့ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ၎င်းတို့နှစ်ဦးသည် ကျေးရွာအတွင်းသို့ စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ကလေးတစ်ယောက်ပါနေတော့ စိတ်ပူနေရတယ်။ ကျွန်တော်တို့လည်း စုံစမ်းနေပါတယ်။ စစ်ကြောင်းက လောင်းလုံးဘက် သွားတယ်လို့တော့ သိရတယ်” ဟု ဒေသခံတစ်ဦးက […]

စစ်ကောင်စီ လက်နက်ကြီးကြောင့် မောင်းမကန်တွင် နေအိမ်တစ်ဆောင်ပျက်စီး

Dawei Watch

January 31, 2025

မောင်းမကန် ရွာတွင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်ဆောင် ထိမှန်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၈ နာရီ ခန့်တွင် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက မောင်းမကန် ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကဆိုသည်။ ယင်းနောက် ဆယ်မိနစ်ခန့်အကြာ မောင်းမကန် ရဲစခန်းက လက်နက်ကြီး နှစ်လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာတွင် မောင်းမကန် ကျေးရွာ ၆ ရပ်ကွက်အတွင်း တစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ယင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအနီးမှ နေအိမ်ကို ကျည်စထိမှန်ပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ “ရွာထဲ တစ်လုံးကျတယ်။ လူထိခိုက်မှုကတော့ မရှိဘူး”ဟု ၎င်းဒေသခံက ပြောသည်။ မောင်းမကန် ရဲစခန်းကို လာရောက်ပစ်ခတ်သည့် […]