ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် နတလ ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

February 18, 2025

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ယင်းနေ့ ည ၇ နာရီခွဲဝန်းကျင်တွင် ထားဝယ်မြစ်ဘက်မှ ဒရုန်းတစ်စီး နတလ သင်တန်းကျောင်းတည်ရှိရာ ဘက်သို့ ပျံသန်းသွားသည်ကို မြင်ရပြီးနောက် ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ခဲ့ကြောင်း ဒရုန်းကိုမြင်လိုက်သည့် ယင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည် ။ ယင်းနောက် သေနတ်ပစ်ခတ်သံများကြားရပြီးနောက် လက်နက်ကြီး ပစ်ခတ်သံ နှစ်ချက်ကြားရကြောင်း ၎င်းကဆိုသည်။ အဆိုပါ လက်နက်ကြီးကျည်ဆန် နှစ်ချက်သည် လောင်းလုံးမြို့နယ် ၊ မင်းရပ်ရွာ ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှသိရသည်။ ပစ်ခတ်မှုများဖြစ်ပြီးနောက် မင်းရပ်ကူးတို့ဘက်မှ နတလသင်တန်းကျောင်းဘက်သို့ ဆိုင်ကယ်ဖြင့် လာသည့် […]

ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတွေ့

Dawei Watch

February 16, 2025

ထားဝယ်မြစ်အတွင်း အမျိုးသားအလောင်းတစ်လောင်း ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် တွေ့ရှိကြောင်း ဒေသခံများနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ် (၇) လမ်း၊ ဆင်ဆိပ်ဈေးအနီးရှိ ထားဝယ်မြစ်အတွင်း၌ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အလောင်းကတော့ ပက်လက်အနေထားနဲ့ပဲ။ ဦးခေါင်းမှာကတော့ ပေါက်ပြဲဒဏ်ရာတစ်ချက်တော့ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ကိုဝင်းပိုင် (ခေါ်) ကိုသီဟဆိုသူဖြစ်ပြီး ဝဲကျွန်းမြို့သစ်တွင် နေထိုင်သူ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “သူက အရက်တော်တော်သောက်တယ်။ အလောင်းကို စတွေ့ချိန်မှာလည်း မြစ်ကမ်းနားမှာ သစ်လုံးကို ဖက်လျက် သေဆုံးနေတာကို တွေ့ရတယ်” ဟု ‌၎င်းဒေသခံက […]

လက်နက်ကိုင်အဖွဲ့တစ်ခုက ရှေးဟောင်း သာဂရမြို့ရိုးကို ဖြိုချပြီး မြေအကွက်ရိုက်

Dawei Watch

February 16, 2025

‌နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိသည့် သာဂရမြို့ဟောင်း မြေသားမြို့ရိုးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖြိုချပြီး မြေအကွက်ရိုက်ရောင်းချရန် လုပ်ဆောင်နေကြောင်း ဒေသခံတို့က ပြောသည်။ သာဂရမြို့ဟောင်းမှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့ဟောင်းကျေးရွာတွင် တည်ရှိသည်။ ဖေဖော်ဝါရီလ ၁၅ ရက်တွင် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လုံခြုံရေးယူပေးပြီး ဘက်ဟိုးနှစ်စီးဖြင့် သာဂရမြို့ဟောင်း မြို့ရိုးများကို ဖြိုချနေကြောင်း ဒေသခံတို့က ဆိုသည်။ “ဘက်ဟိုးတွေနဲ့ ယန္တရားကြီးတွေနဲ့တကွ မြို့ရိုးအကုန်လုံးကို အပျောက် အကွက်ရိုက်ဖို့အခြေအနေ။ ဘက်ဟိုးနှစ်စီးနဲ့ မြို့ရိုးက မြေတွေကို ဖြိုနေတာက မနေ့က စပြီးလုပ်နေတာ” ဟု မျက်မြင်ကိုယ်တွေ့ တွေ့ရှိသူတစ်ဦးက Dawei Watch ကို ပြောဆိုသည်။ Dawei Watch က ကြည့်ရှုခွင့်ရခဲ့သည့် ဓာတ်ပုံမှတ်တမ်းများနှင့် ရုပ်သံဖိုင်တစ်ခုတွင်လည်း မြေတူးစက် (ဘက်ဟိုး) တစ်စီး၊ မြေသယ်ကားတို့ကို အသုံးပြုပြီး မြေဖို့နေကြသည်ကို […]

ပုလောမြို့အနီး ရှပ်ပုံရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ရွာသားတစ်ဦးသေဆုံး၊ လေယာဉ်ဖြင့်လည်း ဗုံးကြဲ

Dawei Watch

February 15, 2025

ပုလောမြို့နယ်၊ ရှပ်ပုံရွာတွင် ဖေဖော်ဝါရီလ ၁၄ရက်က စာသင်ကျောင်းတွင် အထိုင်ချထားသည် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေး အင်အားစုများထံမှ သိရသည် ။ ရှပ်ပုံရွာ၊ စံပြရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး နေအိမ်အတွင်းရှိနေသည့် ဇနီးမောင်နှံ နှစ်ဦးအနက် ခင်ပွန်းဖြစ်သူ သေဆုံးကာ ဇနီးဖြစ်သူတွင် လက်၌ ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “ထမင်းချက်နေတုန်း အိမ်အပေါ် လက်နက်ကြီးကျပြီး အမျိုးသားက ဆုံးသွားတယ်။ အမျိုးသမီးက လက်မှာထိတယ်” ဟု ရွာသားတစ်ဦးက ပြောသည် ။ ဖေဖော်ဝါရီလ ၁၃ရက်တွင် ရှပ်ပုံရွာသုသာန်အနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရွာအတွင်း လက်နက်ကြီးကျည်ကျသည့် ဖေဖော်ဝါရီလ ၁၄ရက်တွင် ထိတွေ့ပစ်ခတ်မှုမရှိဘဲ ပစ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် […]

စစ်ရှောင်နေသော ကျောက်နီမော်ရွာသားများ၏ ပစ္စည်းများကို စစ်ကောင်စီတပ်က ခိုးယူရောင်းချ

Dawei Watch

February 14, 2025

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာရှိ ဒေသခံများ ပိုင်ဆိုင်သောပစ္စည်းများကို ယင်းရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခိုးယူပြီး ရောင်းချနေကြောင်း ဒေသထံတို့ထံမှ သိရသည်။ ကျောက်နီမော်ရွာသားများပိုင်သည့် ငါးဖမ်းစက်လှေပေါ်ရှိ စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ နေအိမ်များမှ အိမ်သုံးပရိဘောဂပစ္စည်းများကို စိတ်တိုင်းကျရွေးယူပြီး ရောင်းချနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ လူသူမရှိသည့် ကျောက်နီမော်ရွာထဲရှိ နေအိမ်များမှ ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထင်တိုင်းကြဲဖြုတ်ယူပြီး ယင်းပစ္စည်းများကို ထားဝယ်မြို့သို့ ပုံမှန်ပြေးဆွဲနေသည့် ကားပေါ်တင် ပေးနေသည်ဟု ၎င်းတို့ကဆိုသည်။ “အိမ်ပေါ်က ပစ္စည်းတွေကို အကုန်သယ်ချပြီး အိမ်ရှေ့မှာပဲ တန်းစီပြီးပုံထားတယ်။ ဗီဒိုတွေဆို အိမ်ရှေ့မှာတန်းစီနေတာပဲ။ ကားလာရင် အဲကားပေါ်ကို အကုန်တင်ပေးလိုက်တာ” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ ထားဝယ်မြို့ပေါ်တွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အချိတ်အဆက်လုပ်ထားသူတစ်ဦးက ပစ္စည်းလက်ခံပေးပြီး ရောင်းချပေးကြောင်းဆိုသည်။ ရရှိလာသည့် ငွေကြေးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ကားသမားနှင့် ပစ္စည်းရောင်းချပေးသူတို့က […]

ကထောင်းနီ လောင်းကစားဝိုင်းတွင် သိမ်းဆည်းသွားသည့်ငွေကြေးများ ပြန်တောင်းမည်ဟုဆို

Dawei Watch

February 13, 2025

လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာ လောင်းကစားဝိုင်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဝင်ရောက် ဖမ်းဆီးပြီး သိမ်းယူသွားသည့်ငွေကြေးများကို ပြန်တောင်းမည်ဖြစ်ကြောင်း လောင်းကစားဝိုင်းတွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောသည်။ ‌နတ်ပွဲတွင် လောင်းကစားဝိုင်း ထည့်သွင်းပြုလုပ်ရန် ပကဖ တပ်ဖွဲ့ဝင်တစ်ဦး၏ ခွင့်ပြုချက် တောင်းခံပြီး လောင်းကစားဝိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သဖြင့်ပြန်လည်တောင်းယူရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ လောင်းကစားဝိုင်းတွင် ငွေကြေးသိမ်းဆည်းခံရသူများ၊ ဒဏ်ကြေးဆောင်ရသူများ စုစုပေါင်း လူဦးရေ ၇၀ ခန့် ဖေဖော်ဝါရီလ ၅ ရက်က ကထောင်နီကျေးရွာတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၂၀ရက်တွင် မြို့နယ်ပကဖ၏ ဒုတိတာဝန်ခံ‌ ဦးဆောင်သည့်အဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ သည်။ ပကဖ တပ်ဖွဲ့ဝင်တစ်ဦး၏ ခွင့်ပြုချက်ဖြင့်ကျင်းပသော လောင်းကစားဝိုင်းကို ပကဖ ကပင် […]

လောင်းလုံးပကဖနှင့် ပူးပေါင်းလာသည့် စစ်မှုထမ်းနှစ်ဦး စစ်ကောင်စီကို ပြန်တိုက်မည်ဟုဆို

Dawei Watch

February 13, 2025

စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်းငါးဦး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ပူးပေါင်းပြီး ၎င်းတို့အနက် နှစ်ဦးမှာ စစ်ကောင်စီတပ်ကို ပြန်လည်တော်လှန်မည်ဖြစ်ကြောင်း ပကဖ ဒုတာဝန်ခံက ပြောသည်။ ပကဖတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းသူငါးဦးမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) နှင့် အပတ်စဉ် (၂) တို့အတွက် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတို့တွင်စုဆောင်းခံရပြီးနောက် ထားဝယ်မြို့နယ်အခြေစိုက် ခလရ ၂၅ တပ်ရင်းတွင် တာဝန်ကျသူများ ဖြစ်ကြောင်း ပကဖထံမှ သိရသည်။ အဆိုပါစစ်မှုထမ်းငါးဦးသည် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလထဲတွင် တစ်ဦးချင်းသော်လည်းကောင်း၊ နှစ်ယောက်တွဲ သော်လည်းကောင်း လာရောက်ပူးပေါင်းသူများရှိသည့်အပြင် ပကဖတပ်ဖွဲ့က တပ်ရင်းအနီးအထိသွားပြီး ချိတ်ဆက် ခေါ်ထုတ်လာသူလည်းရှိကြောင်း ပကဖ ဒုတာဝန်ခံက ဆိုသည်။ ယင်းအနက် အစောဆုံး လာရောက်ပူးပေါင်းသူတစ်ဦးမှာ ပကဖတပ်ဖွဲ့နှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ရာတွင် ပါဝင်နေပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ […]

မယ်ဒီလန်းဆေးရုံ နှစ်လပိတ်မည်

Dawei Watch

February 12, 2025

ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ရုံဖြစ်သည့် မယ်ဒီလန်းဆေးရုံကြီးတွင် ဆေးကုသမှု နှစ်လကြာရပ်နားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၁ရက်ကစ၍ ဧပြီလ ၃၀ရက်အထိ နှစ်လကြာ ဆေးကုသမှု ရပ်နားမည်ဖြစ်ကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ CDM ဆရာဝန်များနှင့် သူနာပြုများကို ဆေးရုံခန့်အပ်ထားခြင်းကြောင့် ဆေးရုံကို စစ်ကောင်စီက နှစ်လပိတ်ခြင်း ဖြစ်သည်ဟု ပြင်ပနှင့် ဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းတို့ကြားတွင် သတင်းများထွက်ပေါ် လျက်ရှိသည်။ အထက်ပါကိစ္စများနှင့်ပတ်သက်ပြီး Dawei Watch က ဆေးရုံ၏ အကြီးတန်းဝန်ထမ်းတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာတွင်လည်း ဆေးရုံနှစ်လပိတ်ထားမည်မှာ မှန်ကန်ကြောင်း ဆိုသည်။ “(ပိတ်တဲ့အကြောင်းအရင်း) ဒါကတော့ ရုတ်တရက်ဆိုတော့ မပြောတတ်ဘူး။ လူကြီးတွေပဲ ဒီကိစ္စသိမှာပါ။ ပိတ်ထားတဲ့ နှစ်လထဲမှာတော့ ဝန်ထမ်းတွေကို သင်တန်းပေးတာ၊ ဆေးရုံပြင်ဆင်တာတွေ လုပ်ဖို့ရှိပါတယ်” ဟု ၎င်းက […]