ကံပေါက်တွင် ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
Dawei Watch
September 30, 2024ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာအုပ်စု ၊ ဂန့်ဂေါ်တောင်ရွာ ရပ်ကျေး အုပ်ချုပ်ရေးမှူး ဦးတင်မြင့် စက်တင်ဘာ ၂၉ ရက်နေ့ညက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။ “ညက သေနတ်သံ ခုနစ်ချက်လောက်ကြားလိုက်ရတယ် ။ လူကြီးမင်း(ရပ်ကွက်လူကြီး) ပစ်ခံရတယ် ။ ပွဲချင်းပြီးသွားတယ်။ ညက ဆေးရုံခဏယူသွားပြီး ရွာပြန်ယူလာပြီ ” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အသက် ၆ဝ ဝန်းကျင်အရွယ် ဦးတင်မြင့် ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနစစ်ကြောင်း ၊ တပ်ခွဲ ၆ ဝေဟင်တပ်ဖွဲ့ နှင့် ဒေါနတပ်ခွဲ ၇ တို့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့စက်တင်ဘာလ ၃ဝ ရက် နံနက်တွင် ဝေဟင်တပ်ဖွဲ့ကထုတ်ပြန်သည်။ ထုတ်ပြန်ချက်တွင် ဦးတင်မြင့်သည် သတင်းပေးခြင်း၊ လမ်းပြလုပ်ခြင်းနှင့် ငွေကြေးကောက်ခံခြင်းများ […]

 
                     
                     
                     
                     
                     
                     
                     
                    
