သရက်ချောင်း၊ သင်းကျွန်းရွာတွင် နေအိမ်ခြောက်လုံးမီးရှို့ခံရ
Dawei Watch
December 15, 2025သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာတွင် ဒီဇင်ဘာ ၁၁ ရက်က အရပ်သားနေအိမ် ခြောက်လုံးမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့နှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းတစ်လျောက်ရှိ သရက်နှစ်ခွ၊ ဥတ္တူ၊ ရန်တောင်၊ သင်းကျွန်း၊ ညောင်ဇင် ကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ စစ်အာဏာရှင်တပ်သည် ဒီဇင်ဘာလ ၁၁ ရက်တွင် သရက်နှစ်ခွ၊ သင်းကျွန်းရွာက ဘုန်းကြီးကျောင်းနှင့် အရပ်သားနေအိမ်အချို့တွင် ဝင်ရောက်တပ်စွဲခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်။ ယင်းနောက် စစ်အာဏာရှင်တပ် မီးရှို့ခဲ့သည့် နေအိမ် ခြောက်လုံးရှိကြောင်း သင်းကျွန်းရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်က စစ်အာဏာရှင်တပ် ကားတစ်စီး သင်းကျွန်းရွာတောင်တက်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရသောကြောင့် အံဇာတုံးကားတစ်စီးကို ချောဆွဲကာ ဒဏ်ရာရလူနာများကို သယ်ဆောင်သွားကြောင်း […]


