ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းနှင့် ပလောက်မြို့ကြား ကျေးရွာများတွင် ဖုန်းလိုင်းပြတ်

Dawei Watch

February 10, 2026

သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ် ပလောက်မြို့ကြား ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ ကျေးရွာ အများအပြားတွင် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး အဆက်အသွယ် မရဖြစ်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သရက်ချောင်းမြို့နယ်၊ ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်၊ ဆင်ကျန်း၊ ပိတိုင်၊ ချောက်ချောင်း၊ ပြင်းဖြူကြီး၊ စုံစင်ဖျား၊ မင်းဒပ်၊ ရငဲ၊ သဲချောင်းကြီးကျေးရွာနှင့် ပလောက်မြို့အနီးက ဆင်ထိုးကြီးကျေးရွာ စသည့်ကျေးရွာများတွင် ဖုန်းအဆက်အသွယ်မရ ဖြစ်နေ ကြောင်း လက်ရှိတွင် အခြားနေရာသို့ ရောက်ရှိနေသည့် အထက်ပါကျေးရွာ ဒေသခံအချို့က ပြောသည်။ အဆိုပါကျေးရွာများရှိ ဒေသခံတို့ကို Dawei Watch က ဖေဖော်ဝါရီလ ၉ ရက်က ဖုန်းခေါ်ဆိုရာတွင်လည်း အဆက်အသွယ် မရခဲ့ပေ။ ဖေဖော်ဝါရီလ ၃ ရက်တွင် စစ်အာဏာရှင်တပ်စစ်ကြောင်း ကျွဲစပ်ရွာသို့ ရောက်ရှိနေပြီး စစ်ကြောင်းဆင်းလာသည့် နေ့ကတည်းက […]

ထားဝယ်မြို့တွင် မသန်စွမ်းသူအပါအဝင် မြို့ခံအချို့စစ်မှုထမ်းဆီးခံရ

Dawei Watch

February 9, 2026

ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်က ကားငါးစီးဖြင့် ဖေဖော်ဝါရီလ ၈ရက် ညသန်းခေါင်ကျော်တွင် နေအိမ်များကို ဝင်ရောက်ပြီး လူငယ်များကို စစ်မှုထမ်းဖမ်းဆီးကြောင်း မြို့ခံများထံမှ သိရသည်။ ယင်းသို့ စုဆောင်းခံရသူများအနက် ဘုမ္မော်ရပ်ကွက်တွင် ခြေတစ်ဖက် မသန်သူတစ်ဦးလည်း ပါဝင်ကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။ “ဘုမ္မော်မှာ ညောင်ပင်ကြီးလမ်းနဲ့ မြစံပယ်လမ်းတွေမှာ ဝင်ဆွဲသွားတယ်။ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ ခြေတစ်ဖက် မသန်တဲ့တစ်ယောက် ပါသွားတယ်” ဟု ဘုမ္မော်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ယင်းအပြင် ယမန်နေ့ည၌ပင် စစ်မှုထမ်း စုဆောင်းရန် ဝင်ရောက်စစ်ဆေးခံရသည့် စာရင်းတွင် အထက်တန်း ကျောင်းသား တစ်ဦး ပါဝင်နေကြောင်း ဖြစ်စဥ်အားသိရှိသူတစ်ဦးက ပြောဆိုသည်။ “စစ်မှုထမ်းဝင်ဆွဲဖို့ စာရင်းထဲပါလာတယ်ဆိုပြီး အိမ်ကိုဝင်စစ်ပြီးမှ ကျောင်းသားဖြစ်နေတယ်ဆိုတော့ ထားခဲ့တယ်။ မခေါ်သွားဘူး” ဟု ၎င်းက ပြောသည်။ ဖေဖော်ဝါရီလ […]

ကံပေါက်တွင် ဟိန္ဒူမီးနင်းပွဲ ပြန်ကျင်းပမည်

Dawei Watch

February 9, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ၅ နှစ်ကြာ ရပ်နားထားသည့် ဟိန္ဒူဘာသာဝင်များ၏ မီးနင်းပွဲ၊ အပ်ထိုးပွဲနှင့် ဓားတက်ပွဲကို ယခုနှစ်တွင် ပြန်ကျင်းပမည်ဖြစ်ကြောင်း ဆာရီကာလီယမ္မာမယ်တော် ဟိန္ဒူဘုရားကျောင်း ဂေါပကအဖွဲ့နှင့် ဒေသခံ ဟိန္ဒူဘာသာဝင်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာ ဘုရားကျောင်းတွင် ပူဇော်ပွဲကျင်းပကာ နောက်ဆုံးရက် (ဖေဖော်ဝါရီ ၁၀ ရက်) ညနေတွင် ဟိန္ဒူဘာသာထုံးတမ်းအရ ဥပုသ်စောင့်ထားသူများ အပ်ထိုး၍ ဘုရားကျောင်းတည်ရှိသည့် ဗိုလ်ချုပ်ရပ်ကွက်ကို တစ်ပတ်လှည့်လည်ပြီးနောက် ကံပေါက်ဘောလုံးကွင်းတွင် မီးနင်းပွဲနှင့် ဓားတက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ အပ်ထိုး၊ မီးနင်း၊ ဓားတက်ပွဲများကို ၁၉၉၄ ခုနှစ်မှစ၍ ကံပေါက်ကျေးရွာတွင် ကျင်းပခဲ့ပြီး ကိုဗစ်ကာလကတည်းက မကျင်းပဘဲ ရပ်နားထားခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ […]

လောင်းလုံးတွင် လက်နက်ကိုင်အချင်းချင်း ထိုးကြိတ်မှု မြို့နယ် ပအဖထံ တိုင်ကြား

Dawei Watch

February 5, 2026

လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား အခြားတော်လှန်ရေးတပ်မှ တပ်ဖွဲ့ဝင်အချို့က ထိုးကြိတ် သည်ဆိုပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ ကျောင်းသား တော်လှန်ရေးတပ်က ရဲဘော်တစ်ဦးအား ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်လေးဦးခန့်က ထိုးကြိတ်ခဲ့သဖြင့် တိုင်ကြားထားကြောင်း ကျောင်းသားတော်လှန်ရေးတပ်၏ တပ်ဖွဲ့မှူးရီယမ်က ပြောသည်။ ဖေဖော်ဝါရီလ ၅ ရက်က ကျေးရွာတစ်ရွာ၏ ရိုးရာနတ်ပွဲတွင် ထည့်သွင်းကျင်းပသည့် လောင်းကစားဝိုင်းရှိ အန်ဂလုံဝိုင်းအား ကျောင်းသားတော်လှန်ရေးတပ်မှ ရဲဘော်တစ်ဦးက မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ၎င်းက ဆိုသည်။ အန်ဂလုံဝိုင်းအား ဓာတ်ပုံရိုက်ကူးသည်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်အား ဓာတ်ပုံရိုက်သည်ဟု ဆိုပြီး ထိုးကြိတ်ကြခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှူး ရီယမ်က ပြောဆိုသည်။ ထိုးကြိတ်သည့်အထိ လုပ်ဆောင်ခဲ့သည်ကို လက်မခံနိုင်သဖြင့် အရေးယူပေးရန် လောင်းလုံးမြို့နယ် ပအဖ အပါအဝင် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများထံ စာပို့တိုင်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပီတာကမူ […]

စစ်အာဏာရှင်တပ်က ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နေအိမ် ၄၀ ကျော်ကို ဆက်တိုက်မီးရှို့

Dawei Watch

February 5, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရလိုင်ကျေးရွာနှင့် သစ်တိုထောင့်ကျေးရွာတို့တွင် စစ်အာဏာရှင်တပ်က နှစ်ရက်အတွင်း နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ရေဖြူမြို့နယ်ရှိ ရလိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေအိမ် ၄၀ ခန့်နှင့် သစ်တိုထောင့်ကျေးရွာ၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေအိမ် ၅ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “လမ်းကနေ ရေကြည့်ရသလောက် ရလိုင်မှာ မီးရှို့ခံရတဲ့အိမ် ၄၀ နီးပါးရှိတယ်။ တစ်ရွာလုံး အသေးစိတ်တော့ မကြည့်ရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် […]

သရက်ချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ကိုင်းထောင်သွားရာမှ မိုင်းနင်းမိ

Dawei Watch

February 5, 2026

သရက်ချောင်းမြို့နယ်၊ သဲချောင်းသားကျေးရွာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကိုင်းထောင်သွားရာမှ မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ မိုင်းနင်းမိသူမှာ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာမှ အသက် ၄၀ ကျော်အရွယ်ရှိ ဦးစုကမ်း ဆိုသူဖြစ်ပြီး၊ ၎င်းမှာ သဲချောင်းသားကျေးရွာ၏ တောင်ဘက်ရှိ တောစပ်တစ်နေရာတွင် သားကောင်များ ဖမ်းဆီးရန် ကိုင်းထောင်သွားရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ဒီမှာ ရာဘာခြစ်သမားပေါ့နော်။ ကိုင်းထောင်ဖို့ဆိုပြီး တောစပ်ကို တက်သွားရာကနေ မိုင်းနင်းမိသွားတာ။ မနက် ၈ နာရီလောက်ရှိမယ်။ ပေါက်ကွဲသံလည်း ကြားရရော၊ သူထိသွားလို့ အနားက ခြံပိုင်ရှင်တွေကို လှမ်းခေါ်တော့မှ သိသွားကြတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။ ဦးစုကမ်းမှာ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်စလုံးတွင် […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင် စစ်အာဏာရှင်တပ် ကျေးရွာနှစ်ရွာကို ဆက်တိုက်မီးရှို့

Dawei Watch

February 4, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ ပုဂေါဇွန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများက ပြောသည်။ ပုဂေါဇွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၃ရက် နံနက်ပိုင်းတွင် ဗုံးချတိုက်ခိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် စစ်အာဏာရှင်တပ်က ရလိုင်နှင့် သစ်တိုထောင့်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းထိုးကာ မွန်းလွဲပိုင်းမှ စပြီး ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက်အထိ နေအိမ်များကို ဆက်တိုက်မီးရှို့ကြောင်း ဒေသခံများက ပြောဆိုသည်။ နှစ်ရက်ဆက်တိုက် မီးရှို့နေသောကြောင့် ရလိုင်ကျေးရွာရှိ နေရာ ငါးနေရာတွင် မီးလောင်နေသည်ကို ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲပိုင်းက တွေ့ရှိခဲ့ရပြီး နေအိမ် ၃၀ ထက်မနည်း […]

ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၍ ရဟန်းတစ်ပါး ဒဏ်ရာရ

Dawei Watch

February 4, 2026

နှစ်ဖက်ထိတွေ့မှုဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံအချို့နှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ယနေ့ (ဖေဖော်ဝါရီ ၄) မနက် ၅ နာရီဝန်းကျင်တွင် ဟိန္ဒားကျေးရွာတောင်ထိပ်ရှိ စစ်အာဏာရှင်တပ်စခန်း နေရာဟောင်းတွင် တပ်စွဲထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ဝင်ရောက်ပစ်ခတ်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ၎င်းတို့ကဆိုသည်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး နံနက် ၉ နာရီခန့်တွင် စကခ (၈) ဌာနချုပ်က ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်နေသည့် ဟိန္ဒားကျေးရွာဘက်ကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့သည်ဟု ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ နံနက် ၁၀ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ […]