BREAKING
May 14, 2025

ထားဝယ်

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ လဲ‌ရှောင်ရွာအနီး နှစ်ဖက်ပစ်ခတ်မှု

Dawei Watch

July 2, 2024

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ရွာအနီး တောတန်းတွင် ယနေ့ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်အချို့ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဇူလိုင်လ ၁ရက်က ခမောင်းချောင်းကျေးရွာတွင် ညအိပ်တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ ခမောင်းချောင်းရွာ၏ အနောက်တောင်ဘက် လဲရှောင်ရွာအနီး တောတန်းတစ်နေရာတွင် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့ ကားနဲ့လာတဲ့ PDFတပ်တွေ ပစ်ကြတယ်‌” ဟု တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ ထိုပစ်ခတ်မှုတွင် PDF တပ်ဖွဲဝင် သုံးဦး ဒဏ်ရာရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးတို့ထံမှ သိရသည်။ စစ်ကောင်စီဘက်က ထိခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။ “အခုဖြစ်တာကတော့ ရွာသုံးရွာကြားမှာဖြစ်တာ။ […]

ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌကို စစ်ကောင်စီဖမ်း

Dawei Watch

July 2, 2024

ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကို စစ်ကောင်စီက ဇွန်လ တတိယအပတ်တွင် ဖမ်းဆီးထားကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။ ခရိုင်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်ကို ဇွန်လတတိယအပတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးဟုသိရကြောင်း ၎င်းတို့က ပြောသည်။ စစ်ကောင်စီတပ်သားများက ဦးနိုင်လွင်လတ်ကို လာဖမ်းချိန်တွင် ဇနီးဖြစ်သူကိုပါ ဖမ်းဆီးသွားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဇနီးဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း တစ်ရပ်ကွက်တည်းနေသူတစ်ဦးက ဆိုသည်။ ဦးနိုင်လွင်လတ်ကို ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။ “ပြန်လွတ်ဖို့က မလွယ်ဘူးလို့ ကြားတယ်။ လက်ရှိအချိန်ထိတော့ ပြန်မလွတ်သေးဘူးလို့ သိရတယ်” ဟု တစ်ရပ်ကွက်တည်းနေသူက ပြောသည်။ ထားဝယ်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ခရိုင်ဆန်အသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ် အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် လက်ရှိအချိန်တွင် ဦးနိုင်လွင်လတ် […]

လောင်းလုံးတွင် လုံခြုံရေးအရှိန်မြှင့်မည်ဟု PDF ထုတ်ပြန်ပြီး‌နောက် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

July 1, 2024

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် လောင်းလုံးမြို့နယ်တွင် လုံခြုံရေးအရှိန်မြှင့် ဆောင်ရွက်မည်ဟုထုတ်ပြန်ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သည်။ လောင်းလုံးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးအရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နောက်တစ်ရက်ဖြစ်သည့် ယနေ့ ဇူလိုင်လ ၁ရက် နံနက် ၁၀နာရီကျော်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် သဖြင့် ပန်းဒလဲရွာတွင်လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ကျရောက်ပေါက်ကွဲပြီး လူငယ်အမျိုးသားတစ်ဦးနှင့် ကလေးနှစ်ဦး ကျည်စထိမှန်ဒဏ်ရာရကာ နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးကြောင်း ၎င်းက ဆိုသည်။ ဒဏ်ရာများမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ အဆိုပါလက်နက်ကြီးများသည် သဲပုံတောင် စစ်ကောင်စီတပ်စခန်းနှင့် ထားဝယ်မြို့ရှိ အကောက်အခွန်ဌာနတွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်တို့က […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသအတွင်း စစ်ကြောင်းထပ်ထိုး၊ ရွာငါးရွာက ဒေသခံများတိမ်းရှောင်

Dawei Watch

July 1, 2024

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ထပ်မံ စစ်ကြောင်းထိုး ဝင်လာသောကြောင့် ကျေးရွာငါးရွာက ဒေသခံပြည်သူများ အရေးပေါ် တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇူလိုင်လ ၁ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ် အင်အားတစ်ရာကျော် စစ်ကြောင်းထိုးဝင်လာသောကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ဧကနိ၊ ဝါးဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ ထိုစစ်ကြောင်းသည် ယနေ့ မွန်းလွဲပိုင်းတွင်း ခမောင်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ရှောင်နေရတာက ဒီအနားက ရွာတွေအကုန်ပဲ။ ရှောင်နေရတာ ရိက္ခာကတော့ လောလောဆယ် ကိုယ့်အိမ်က ကိုယ်ယူလာကြပြီး စားသောက်နေတယ်” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် […]

ထားဝယ်ဒေသရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ်တစ်ရာရိက္ခာစုဘူး ကမ်ပိန်းလုပ်မည်

Dawei Watch

July 1, 2024

ထားဝယ်ခရိုင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်တစ်ရာ ရိက္ခာစုဘူး ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သည့် ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကော်မတီထံမှ သိရသည်။ ကမ်ပိန်းကာလကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ သတ်မှတ်ထားသည်။ ထားဝယ်ခရိုင်တွင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း လေးမြို့နယ်ပါဝင်သည်။ ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ် ၊ ၁၂ ပြည်တစ်အိတ် လျှင် ၆၅,၀၀၀ကျပ် ၊ ၆ ပြည်တစ်အိတ်လျှင် ၃၂,၅၀၀ ကျပ် နှုန်းဖြင့် ဂိမှာန်ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်တိုက်ရိုက်ဆက်သွယ်ကူညီနိုင်ကြောင်း ယင်းကော်မတီ၏ တာဝန်ရှိသူ ကိုဝဏ္ဏက ပြောသည်။ ထားဝယ်ဒေသတွင် တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့်နယ်မြေများကို စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့် ကန့်သတ်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။ “ပြည်သူတွေအနေနဲ့ အခက်ခဲတွေဖြစ်တယ်။ […]

ရေဖြူ ဇာဒီကျေးရွာအုပ်စုတွင် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

June 28, 2024

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ခွေးမဖောရွာအဝင်လမ်းအနီးတွင် ဇွန်လ ၂၇ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ရွာသားများထံမှ သိရသည်။ “မနက်ပိုင်းက ငြိမ်နေတယ်။ ညနေပိုင်းမှ တိုက်ပွဲကျနေတယ်ဆိုပြီး ရွာထဲခဏဝင်နေတဲ့သူတွေ ပြန်ထွက်ပြေးကြရတယ်” ဟု ဇာဒီရွာသားတစ်ဦးကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၄ နာရီဝန်းကျင်ကစ၍ ည ၁၁ နာရီအထိ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ လက်နက်ကြီးကျည်များသည် ရပ်ရွာအတွင်း ရောက်‌ပေါက်ကွဲ၍ နေအိမ်အချို့ ထိခိုက်ခဲ့ပြီး နွားတစ်ကောင် လက်နက်ကြီး ကျည်စ ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုက ထွက်ပြေးကုန်ပြီ။ (ဇာဒီကျေးရွာအုပ်စုထဲက) ကျောက်ထရံရွာဘက်က သူတွေပါ ထွက်ပြေးနေကြပြီ။ ရွာထဲမှာ ဘာဆက်ဖြစ်နေမှန်းတော့ မသိသေးဘူး။ ဒီမနက်တော့ မပစ်သေးဘူး” ဟု […]

စစ်ကောင်စီက ဇာဒီရွာကို လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေပြီး အင်တာနက်လည်းဖြတ်ထား

Dawei Watch

June 27, 2024

ရေဖြူမြို့နယ်၊ ဇာဒီရွာကို စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက် ညကစ၍ ၂၆ ရက်အထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ကြောင်း ရွာသားများကပြောသည်။ လက်နက်ကြီးကျည်များသည် ဇာဒီ ရွာမနှင့် အနောက်ကုန်းရပ်ကွက်များတွင် ကျရောက်ပေါက်ကွဲပြီး ကျည်ဆန်အစများ နေအိမ်တွင်ထိမှန်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့က (ဇွန် ၂၆) နေ့လယ် ၂ နာရီလောက်ပစ်တာ ဆယ်ချက်ကျော်တယ်။ ရွာအထဲတွေပဲ ကျလာတယ် ။ လူတွေ မထိလို့ တော်သေးတယ်။ အရင်ကတစ်ခါမှ မပြေးတဲ့လူတွေတောင် အခုရှောင်နေကြတယ်။ ဘုန်းကြီးတွေပါ မြို့ပေါ် တက်နေနေရတယ်” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဇွန်လ ၂၃ ရက်ကစ၍ မောရဝတီရေတပ်စခန်းဌာနချုပ်၊ စစ်သင်္ဘော အပြင် မော်ကြီးနှင့် ပယရွာတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကမည်သည့်ထိတွေ့တိုက်ပွဲမျှမရှိဘဲ နေ့စဉ်ရက်ဆက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း […]

ရာဖူးကျေးရွာအုပ်စုက စစ်ဘေးရှောင် သုံးထောင်ကျော် စားနပ်ရိက္ခာလိုအပ်

Dawei Watch

June 27, 2024

ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုရှိ ကျေးရွာ ကိုးရွာက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ၃၆၀ဝ ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများက ပြောသည်။ ရေး – ထားဝယ်လမ်းပိုင်းတွင် ဇွန်လဆန်းကစ၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး မဟာမိတ်တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။ ဇွန်လ ၁၉ ရက် ရက်က တိုက်ပွဲဖြစ်ခဲ့သည် နေရာအနီးရှိ မျောက်ချောရွာနှင့် နဂါးအိုင်ရွာတို့သည် ရွာလုံးကျွတ်ထွက်ပြေး နေရပြီး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ “မျောက်ချောရွာနဲ့ နဂါးအိုင်မှာက စစ်တပ်က ဝင်တပ်စွဲထားတယ်။ ရွာလုံးကျွတ်ပြေးနေရတယ်။ အိမ်လည်း ၃ဝ နီးပါး မီးလောင်ထားတယ်။ ဆိုင်ကယ်၊ ကား အကုန်မီးရှို့ခဲ့တယ်။ ဆိုင်တွေ၊ […]