ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦး ထပ်မံသေဆုံး
Dawei Watch
May 28, 2025ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် မေလ ၂၇ ရက်နေ့ ညနေပိုင်းက ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။ သေဆုံးသူကလေးငယ်မှာ ထားဝယ်မြို့ ၊ကျောက်မော်ရပ်ကွက်၊ မြစေတီဘုရားလမ်းတွင် နေထိုင်သည့် အသက် ၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ထားဝယ်ဆေးရုံကြီး၌ အဖျားရောဂါဖြင့် ဆေးကုသနေမှုခံယူနေစဉ် မေလ ၂၇ ရက်နေ့ ညနေပိုင်း၌ သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “ကျွန်တော် ဒီမနက် သွေးလိုအပ်လို့ သွေးလာပို့ပေးတော့မှာ ကလေးက ဆုံးသွားပြီလို့ သိရတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ထားဝယ်မြို့ပေါ်ရှိပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယခုသီတင်းပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ မြင့်တက်လျက်ရှိပြီး လသားအရွယ်မှ ဆယ်ကျော်သက်အရွယ်ရှိ ကလေးများ ဖြစ်ပွားနေကြောင်း၊ သွေးရရှိရန်အရမ်းခက်ခဲနေကြောင်း သွေးလှူရှင်အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ “သွေး ၁၀ လုံးတောင်းရင် […]


