မြိတ်တွင် အိမ်သုံးဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရသူငါးဦးအဆက်အသွယ်ပြတ်
Dawei Watch
May 30, 2025မြိတ်မြို့နယ်၊ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် အိမ်သုံးဆေးဝါးများ ဖမ်းဆီးခံရပြီးနောက် နောက်ဆက်တွဲဖမ်းဆီးခံရသူ ငါးဦးမှာ မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်နေကြောင်း ဒေသခံအချို့၊ မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ယခုနှစ် မတ်လ ၂၇ရက်ကစပြီး ကြေးနန်းတိုင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေသည်။ မေလ ၁၄ရက်တွင် ဓာတ်ဆီပီပါများ တင်ဆောင်လာပြီး မြိတ်မြို့မှ တနင်္သာရီဘက်သို့လာသည့် ကုန်ကားကို စစ်ဆေးရာ အိမ်သုံးဆေးဝါးများ ဖမ်းမိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီတပ်သားများက ကားသမားကို ဖမ်းဆီးခဲ့ပြီး မြိတ်မြို့တွင်နေထိုင်သည့် အခြားသူငါးဦးကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ ”ဓာတ်ဆီကားကိုဖမ်းပြီး ညတွင်းချင်းပဲ သူတို့နေအိမ်တွေမှာ လာဖမ်းသွားကြတယ်။ လင်မယားအတွဲက နှစ်တွဲနဲ့ မိန်းကလေးက တစ်ယောက်၊ စုစုပေါင်း ငါးယောက် လာဖမ်းသွားကြတယ်” […]


