စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် သဗျာရွာက ဆယ်ကျော်သက် မိန်းကလေးတစ်ဦးသေဆုံး
Dawei Watch
July 11, 2024လောင်းလုံးမြို့နယ် သဗျာကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၁၄ နှစ်အရွယ် မသက်ထားစံ (ခေါ်) ဝိုင်းဝိုင်းလေးဆိုသူ သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ထဲရှိ စစ်ကောင်စီတပ်သည် ကပ်လျက်ရှိသည့် သဗျာကျေးရွာအတွင်းသို့ ဇူလိုင်လ ၁၁ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာပြီး နတ်ရေရတနာဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် အဆိုပါဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို ရိုက်ဖျက်မွှေနှောက်ရှာဖွေကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံများကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များအကြောင်း မေးမြန်းခဲ့ပြီး မသိဘူးဟု ဖြေသူများကို ရိုက်နှက်ခဲ့သဖြင့် ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတင်လိုက်ရသူများလည်းရှိကြောင်း ဆိုသည်။ “PDF တွေ ဘယ်မှာရှိလဲမေးလို့ မသိဘူးလို့ပြောရင် အကုန်ရိုက်ပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ ထွက်သွားပြီအထင်ဖြင့် မသက်ထားစံတို့ […]