ရေဖြူတွင် မိုင်းနင်းပြီး အမျိုးသားတစ်ဦးသေဆုံး
Dawei Watch
June 1, 2025ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအနီး၌ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်းနင်းမိ၍ သက်ကြီးပိုင်း အမျိုးသာတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ မိုင်းနင်းမိ၍ သေဆုံးသူမှာ သစ်တိုထောင့်ရွာသား အသက် ၆၀ အရွယ်ခန့်ရှိသည့် ဦးကြည်လှ ဆိုသူဖြစ်သည်။ ၎င်းမှာ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သစ်တို့ထောင့်ရွာအနီး၌ရှိသော ၎င်း၏ရာဘာခြံမှ အခြား ဥယျာဉ်ခြံတစ်ခုသို့ သွားချိန် လမ်းတစ်နေရာ၌ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မိုင်းက ကြိုးမိုင်းပေါ့နော်၊ ကြိုးကို သွားတိုက်မိချိန်မှာ ပေါက်သွားတာ။ ခြေသလုံးတစ်ဖက် စုတ်ပြတ်သွားပြီး ရင်ဘတ်ကိုထိသွားတယ်။ အဲဒီဒဏ်ရာနဲ့ပဲကွယ်လွန်သွားတာ’ဟု ၎င်းဒေသခံကပြောသည်။ မိုင်းနင်းမိသော နေရာအနီးတစ်ဝိုက်တွင် ဗထူးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များ ယခင်ကလှုပ်ရှားနေထိုင်ခဲ့ဖူးကြောင်း Dawei Watch မှ စုံစမ်းသိရှိရသည်။ ယင်းနေရာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို […]


