ထားဝယ်တွင် ကွမ်းသီးအနုဈေးရ
Dawei Watch
July 18, 2024ပြည်ပက ဝယ်လက်များ လာရောက်ဝယ်မှုကြောင့် ယခုနှစ်တွင် ကွမ်းသီးအနုဈေးကောင်းရနေကြောင်း ဒေသခံများနှင့် ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။ သို့သော် ကွမ်းသီးအနုမှာ လိုအပ်သည့် ပမာဏအတိုင်း ဝယ်မရဖြစ်နေကြောင်း ပွဲရုံလုပ်ငန်းရှင် အချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ် ရာသီအစပိုင်းတွင် ကွမ်းသီးအနုဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀၀ ခန့်မှ ၅၀၀၀ ခန့်အထိသာ စျေးရှိပြီး နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေကြောင့် ဝယ်လက်များလုံးဝ မဆင်းလာတော့သဖြင့် ကွမ်းသီးနုဝယ်သူပင် မရှိဖြစ်ခဲ့ကြောင်း ၎င်းတို့ ထံမှ သိရသည်။ ဒေသခံများမှာ မိုးကာလ စားဝတ်နေရေးအတွက် ကွမ်းသီးအနုခူးရောင်းလိုသော်လည်း ဝယ်လက်မရှိသဖြင့် မရောင်းခဲ့ရပေ။ ယခုနှစ်တွင် ကွမ်းသီးနုဝယ်လက်များ ပြန်ဆင်းလာသဖြင့် တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ၇၀၀၀ ကျော်အထိ စျေးရလာပြီး တစ်လုံးလျှင် ၆၅ ကျပ်မှ ၉၇ ကျပ်ခန့်အထိ […]