စစ်ရေးတင်းမာနေသည့် လောင်းလုံးတွင် ရက်ရှည်လျှပ်စစ်မီးပြတ်တောက်
Dawei Watch
June 5, 2025တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာနေသည့် လောင်းလုံးမြို့နယ်တွင် မေလ ၃၀ ရက်နေ့မှစ၍ ယနေ့အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ပုံမှန်ပြန်ပေးနိုင်မည့်အချိန်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။ မေလ ၃၀ ရက်နေ့ မှစ၍ လောင်းလုံးမြို့ နှင့် လောင်းလုံးမြို့အနီးအနားရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် လျှပ်စစ်ဝန်ထမ်းများ ရုံးကိုစွန့်ခွာထွက်ပြေးသွားခြင်းကြောင့် လောင်းလုံးမြို့ နယ်၌ရှိသော ကျေးရွာပေါင်း ၃၀ ထက်မနည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေခြင်းဖြစ်ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။ “တိုက်ပွဲ ဖြစ်ကတည်းကပဲ မီးရုံးတာဝန်ခံတွေ မရှိကြတော့ဘူး “ဟု ထားဝယ်ခရှိင် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ မေလ ၃၀ ရက်နှင့် ၃၁ နေ့တို့တွင် ဖြစ်ပွားသည့် လောင်းလုံးတိုက်ပွဲ၌ လောင်းလုံးမြို့နယ် လဝကရုံးအနီး၌ ရှိသည့် စစ်ကောင်စီတပ်စခန်းလည်း တိုက်ခိုက်ခံရကြောင်း၊ ယင်းစစ်ကောင်စီစခန်းနှင့် […]


