ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်ခရိုင် တပ်ပေါင်းစု အယောင်ဆောင်ပြီး ရွှေဆိုင်ကို ဆက်ကြေးတောင်းစာပို့

Dawei Watch

June 10, 2025

ထားဝယ်ခရိုင် တပ်ပေါင်းစု အယောင်ဆောင်ကာ ထားဝယ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ခြိမ်းခြောက် ဆက်ကြေးတောင်းသည့်ဖြစ်စဥ် ဇွန်လ ၈ ရက်က ဖြစ်ခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထံမှသိရသည်။ တပ်ပေါင်းစုအနေဖြင့် ဆက်ကြေးတောင်းသည့် ဖြစ်စဥ် မရှိခဲ့ဘဲ ယင်းငွေလိမ်တောင်းသည့် ကိစ္စကိုလည်း စုံစမ်းဖော်ထုတ်သွားမည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစု က ဇွန်လ ၉ ရက်တွင် ထုတ်ပြန်အသိပေးသည်။ Dawei Watch ဖတ်ရှုခဲ့ရသည့် ခြိမ်းခြောက်စာအတုတွင် ထားဝယ်ခရိုင် တပ်ပေါင်းစု၏ စည်းတံဆိပ် နှစ်ခုပါဝင်ပြီး Dwipdf@gmail.com အမည်ဖြင့် Email လိပ်စာတစ်ခုပါဝင်သည်။ ယင်းခြိမ်းခြောက်စာသည် Viber အကောင့်တစ်ခုမှ ပို့လာခြင်းဖြစ်ပြီး ထားဝယ်မြို့ ရှိ ရွှေဆိုင်တစ်ဆိုင် ၏ ပိုင်ရှင်အမည် ၊ လိပ်စာ နှင့် ဖုန်းနံပါတ် များကို လိပ်မူထားသည်။ ဇွန်လ […]

ထားဝယ်ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ တာဝန်ခံများကို စစ်ကောင်စီဖမ်း၊ မေတ္တာရိပ်ဆေးခန်းရပ်နားရဖွယ်ရှိ

Dawei Watch

June 9, 2025

ထားဝယ်မြို့ရှိ Médecins Sans Frontières (MSF) ရုံးက တာဝန်ခံဆရာဝန်၊ ဒုတာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (စတိုတာဝန်ခံ) တစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အတွက် မေတ္တာရိပ်ဆေးခန်းကို ရပ်နားရဖွယ်ရှိနေကြောင်း အဆိုပါရုံးနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မေလနှောင်းပိုင်းက နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF (ထားဝယ်) စတိုခန်းတာဝန်ရှိသူကို ဖမ်းဆီးပြီးနောက် ဇွန်လဆန်းတွင် တာဝန်ခံဆရာဝန်နှင့် ဒုတာဝန်ခံကို ဖမ်းဆီးခဲ့ကြောင်း အထက်ပါနီးစပ်များက ပြောသည်။ ဒုတာဝန်ခံကိုမူ ပြန်လွှတ်လိုက်သော်လည်း စရဖရုံးကို နေ့တိုင်းနီးပါး ခေါ်ယူစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ CDM ဆရာဝန်နှစ်ဦးကို အလုပ်ခန့်သည်ဟုဆိုကာ ဖမ်းဆီးရန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက လှုံ့ဆော်ပြီးနောက် ယင်းကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ စစ်ကောင်စီက ထိုသို့ဖမ်းဆီးခဲ့သည့်အတွက် ကျန်သည့်ရုံးအဖွဲ့ဝင်များလည်း ကြောက်လန့်ပြီး ရှောင်တိမ်းနေရကြောင်း MSF နှင့် […]

စစ်ကောင်စီက တောင်ပျောက်တိုက်နယ်ကို လေယာဉ်ဖြင့်ဗုံးကြဲ၊ သားအဖနှစ်ဦးသေဆုံး

Dawei Watch

June 7, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ကျောက်အိုင်နှင့် မယ်ကဲကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ သားအဖနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံအချို့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံက သိရသည်။ ယနေ့(ဇွန် ၇) နေ့လယ် ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောက်အိုင်ရွာကို ဗုံးနှစ်လုံး၊ မယ်ကဲရွာကို ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ ကျောက်အိုင်ရွာ ဆီပင်ချောင်းဖျားရပ်ကွက်က နေအိမ်အနီးကို ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅၀ ကျော်အရွယ် ဦးသန်းအောင်နှင့် ၁၀ နှစ်အရွယ်သားဖြစ်သူသေဆုံးပြီး ဦးသန်းအောင် ဇနီးအပါအဝင် မိသားစုဝင် လေးဦးလည်းထိခိုက်ဒဏ်ရာရထားသည်ဟု ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “အမဲလိုက်မုဆိုးကနေပြီးတင်နေတာတော့ ဆေးခန်းတွေဘာတွေရှိတယ်ဆိုပြီး သူတို့ယူဆတာဖြစ်မယ်၊ ဆေးခန်း(ဆိုပြီး)တည်နေရာနဲ့တကွ တင်ထားတာတွေလည်းရှိတယ်။ ပွိုင့်ပေးထားတာတွေ အဲ့ဒါကြောင့် ကြဲတာထင်တယ်” ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးသန်းအောင်နှင့် သားဖြစ်သူတို့မှာ ခန္ဓာကိုယ်အနှံ့ […]

ထားဝယ်တွင် ရေမြောင်းထဲ အမျိုးသားအလောင်းတွေ့

Dawei Watch

June 7, 2025

ထားဝယ်မြို့ ပေါ်တွင် ဇွန်လ ၆ ရက် နံနက်ပိုင်းက ရေမြောင်းထဲ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း အလောင်းကို ဆယ်ယူရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံများထံမှ သိရသည်။ ကြက်စားပြင်ရပ်ကွက်၊ စောမိညိုဘုန်းကြီးကျောင်းအနီးရှိ ရေမြောင်းအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ရထားလမ်းနဲ့ ‌လယ်ကွင်းတွေကြားက မြောင်းထဲမှတွေ့တာပါ။ အလောင်းက ပုပ်ပွနေပြီ။ ပြင်ပ ဒဏ်ရာတော့ မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။ သေဆုံးသူသည် ကြက်စားပြင်ရပ်ကွက် တွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ် ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ အဆိုပါအမျိုးသား ပျောက်ဆုံးနေသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ ပြင်ပဒဏ်ရာမတွေ့သဖြင့် ရေနစ်သေဆုံးခြင်းဖြစ်နိုင်သည်ဟု မြို့ခံအချိုက ပြောဆိုကြသည်။ သို့သော် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍မူ သေသေချာချာ […]

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးငယ်နှစ်ဦးထပ်မံသေဆုံး၊ သေဆုံးသူငါးဦးအထိရှိလာ

Dawei Watch

June 7, 2025

ထားဝယ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ယမန့်နေ့ညတွင် ကလေးနှစ်ဦးထပ်မံသေဆုံးကြောင်း ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသည့် ကလေးနှစ်ဦးမှာ ထားဝယ်မြို့ ၊ ဒေါင်းငူရပ်ကွက်တွင် နေထိုင်သည့် အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ထားဝယ်မြို့၊ မြို့သစ် ၅ လမ်းတွင် နေထိုင်သည့် လေးလသားအရွယ် ယောက်ျားလေးတို့ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။ ကလေးငယ်နှစ်ဦးစလုံးမှာ ဇွန်လ ၆ ရက်ညတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနနှင့်နီးစပ်သူများက ဆိုသည်။ ထားဝယ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံများတွင် သွေးလွန်တုပ်ကွေး‌ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးလူနာများ မြင့်တက်လျက်ရှိကြောင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ “သွေးလွန်တုပ်ကွေးလူနာက တစ်ခန်းလုံးအပြည့်ပဲ။ တစ်ယောက် ဆေးရုံကဆင်းရင် နောက်တစ်ယောက် တက်လာလိုက်နဲ့ ကလေးကုသဆောင်မှာ […]

လောင်းလုံးတွင် လျှပ်စစ်မီးရက်ရှည်ပြတ်နေသဖြင့် ‌ကျောင်းသူကျောင်းသားများနှင့် ဒေသခံများ အခက်ကြုံ

Dawei Watch

June 6, 2025

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီးရက်ရှည်ပြတ်နေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံများ အခက်ကြုံနေကြရကြောင်း ကျောင်းသားမိဘများနှင့် ဒေသခံများထံမှ သိရသည်။ မေလ ၃၀ရက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လောင်းလုံးမြို့ နယ်ရှိ ကျေးရွာ ၃၀ နီးပါးသည် လျှစ်စစ်မီး လုံးဝမရရှိ‌တော့ခြင်းဖြစ်သည်။ လက်ရှိတွင် ကျောင်းဖွင့်ချိန်ဖြစ်ရာ လျှပ်စစ်မီးမရသဖြင့် ကျောင်းသူ၊ ကျောင်းသားများ စာကျက်ရန် အခက်အခဲရှိကြောင်း လောင်းလုံးဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “လျှစ်စစ်နဲ့ နေတာကြာလာတော့ ဖယောင်းတိုင်မီးရောင်က လင်းကိုမလင်းတော့ သလိုခံစားရတယ်။ ကျောင်းဖွင့်ချိန် ဆိုတော့ အခု ကလေးတွေက ဖယောင်းတိုင်မီးအလင်းအားနဲ့ စာကြည့်ဖို့ လုံးဝအဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။ ယင်းအပြင် အဝီစိတွင်းတူးထားသည့် လောင်းလုံး ဒေသခံများမှာလည်း လျှစ်စစ်မီးမရသည့်အတွက်ကြောင့် ရေတင်ရန် အခက်အခဲရှိနေပြီး တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ထမင်းဟင်းချက်ရန် […]

ကျောင်းနားထားသည့် ကျောင်းသားများကို ကျောင်းပြင်ပပညာရေးစနစ်ဖြင့် သင်ကြားမည်ဟုဆို

Dawei Watch

June 5, 2025

အာဏာသိမ်းကာလအတွင်း သုံးနှစ်ဆက်တိုက် ကျောင်းနားထားသည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် သင်ကြားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးနှင့် ထားဝယ်မြို့နယ်ပညာရေးမှူးရုံးတို့ထံမှ သိရသည်။ အသက် ၁၀နှစ်မှ ၁၄နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို မူလတန်းအဆင့်သတ်မှတ်ထားပြီး ၁၈ နှစ်အရွယ်အထိကိုမူ အလယ်တန်းအဆင့် သတ်မှတ်သင်ကြားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။ မူလတန်းတွင် Grade-1 မှ Grade-3 အထိကို Level 1 ဟုသတ်မှတ်ထားပြီး Grade-4 နှင့် Grade-5 တို့ကို Level 2 ဟု သတ်မှတ်ထားကြောင်း ထားဝယ်မြို့နယ်ပညာရေးမှူးရုံး (ပညာဌာန) က တာဝန်ရှိသူ အခြားတစ်ဦးက ပြောဆိုသည်။ သို့သော် အတန်းပြီးမြောက်မှု သတ်မှတ်ချက် အသေးစိတ်တို့ကိုမူ တိတိကျကျမသိရသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ကျောင်းပြင်ပပညာရေးဖြင့် […]

သရက်ချောင်း မင်းဒပ်ရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ်

Dawei Watch

June 5, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းရှိ မင်းဒပ်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ ဇွန်လ ၅ ရက် နံနက် ၈ နာရီခွဲကျော်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ မင်းဒပ်ရွာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ရွာအနောက်ဘက်ပိုင်းသို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “ရငဲ၊ ကျွဲမင်းကုန်းရွာဘက်ကို (စစ်ကောင်စီတပ်) စစ်ကြောင်းထပ်ထိုးဖို့ လမ်းပေါက်ရှာတာထင်တယ်။ မနေ့ကတည်းက သူတို့လမ်းပေါက်ရှာနေတာ သတိထားမိတယ်” ဟု မင်းဒပ်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ မင်းဒပ်ရွာသို့ စစ်ကောင်စီတပ် မေလ ၂၈ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ယနေ့တွင် ရွာအနောက်ဘက်ပိုင်း၌ […]