လောင်းလုံး ကညုံကျွန်းရွာကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများထွက်ပြေး
Dawei Watch
June 13, 2025လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ထားဝယ်မြစ်ထဲမှတစ်ဆင့် လှေဖြင့် ကညုံကျွန်းရွာကို ယနေ့ ဇွန်လ ၁၃ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။ “(စစ်ကောင်စီတပ်တွေ သေနတ်) ပစ်ပစ်ပြီး လှေတွေနဲ့ (ကညုံကျွန်းရွာထဲကို) ဝင်လာနေတယ်လို့တော့ ကြားရတယ်။ တချို့ကလည်း ရွာထဲရောက်နေပြီလို့လည်း ပြောကြတယ်” ဟု တိမ်းရှောင်နေရသည့် ကညုံကျွန်းရွာသူတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပြောဆိုသည်။ ဇွန်လ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာကို လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင်မူ […]


