လောင်းလုံးဒေသခံ ဆယ်ချီကို စစ်ကောင်စီတပ်ဖမ်းထား
Dawei Watch
June 17, 2025လောင်းလုံးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၄၀ခန့်ကို ဖမ်းဆီးထားကြောင်း အဖမ်းခံရသူတို့၏ မိသားစုအချို့နှင့် စစ်ရေးသတင်းရင်းမြစ်အချို့ထံမှ သိရသည်။ ဇွန်လ ၁၄ ရက်က စပြီး စစ်ကောင်စီတပ်သည် လောင်းလုံးမြို့မှ စစ်ပြဲကျေးရွာဘက်သို့ စတင်စစ်ကြောင်းထိုးလာသည်။ ယင်းနောက် စစ်ပြဲကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲပြီးနောက် စစ်ပြဲကျေးရွာမှတစ်ဆင့် လေးသွန်းခံ၊ ကထောင်းနီကျေးရွာများကိုဖြတ်ကာ ကညုံကျွန်းကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးနေသည်။ ယင်းသို့ စစ်ကြောင်းထိုးသွားလာစဉ် လယ်ထဲဆင်းလမ်းတွင် တွေ့သူများ၊ နေအိမ်ထဲနေသူများ၊ လယ်ထွန်နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အရင်ကဆိုရင် စစ်ကြောင်းလှုပ်ရှားတာနဲ့ သတင်းရကြတယ်။ အခုကဘာသတင်းမှ မရကြဘူးဆိုတော့ ရှောင်ဖို့လည်း အချိန်မရှိ။ အဲဒီတုန်းက မိုးကလည်းတအားရွာနေတာလည်းပါမယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အဖမ်းခံရသူတို့၏ မိသားစုဝင်အချို့နှင့် စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောဆိုချက်အရ […]


