လက်နက်ကိုင်အဖွဲ့အချို့ ငွေကြေးတောင်းသဖြင့် သရက်ချောင်းက ငါးဖမ်းသမားများအခက်တွေ့
Dawei Watch
July 2, 2025သရက်ချောင်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အချို့က ငါးဖမ်းလှေများတွင် ငွေကြေးတောင်းခံလေ့ရှိသဖြင့် လှေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ကြောင်း ငါးဖမ်းလှေသမားအချို့နှင့် ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နယ်ရှိ ပင်လယ်ပြင်ထဲငါးဖမ်းထွက်သည့် ဝါလတ်၊ ဝါတန်းကဲ့သို့သော အကြီးစားလှေများအပါအဝင် ထားဝယ်မြစ်ထဲတွင် လှေငယ်များဖြင့် ငါးဖမ်းထွက်သည့် လှေသမားအဆုံး ပိုက်ဆံပေးနေကြရကြောင်း ၎င်းတို့က ဆိုသည်။ ဇွန်လ ၂၇ရက်တွင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအနီးဝန်းကျင်ရှိ ငါးဖမ်းလှေအချို့ငါးဖမ်းထွက်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းယူခဲ့ကြောင်း ပိုက်ဆံတောင်းယူခံရသည့် လှေပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ပင်လယ်ထဲရောက်မှ လှေကိုတားပြီး ဖမ်းလိုက်တာ။ တခြားလှေတွေလည်း ပေးရတယ်လို့တော့ အသံကြားတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ် စစ်သင်္ဘောနှင့်နီးကပ်စွာ ငါးဖမ်းသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စက်သုံးဆီတစ်ပီပါ တောင်းခံခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လှေတွင် တောင်းယူသည် စက်သုံးဆီပမာဏ အလုံအလောက်မပါသဖြင့် […]


