နတ်အိမ်တောင် နယ်စပ်စခန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီတပ်ကို KNUနှင့် မဟာမိတ်များ တိုက်ခိုက်
Dawei Watch
July 14, 2025ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် စခန်းဖြစ်သည့် နတ်အိမ်တောင်သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ စစ်ကြောင်းကို KNU တပ်မဟာ ၄ ပူးပေါင်းမဟာမိတ်အဖွဲ့က သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်း ၏ တပ်ခွဲမှူး ဗိုလ်မှူးအောင်ကိုဟိန်းအပါအဝင် လေးဦးသေဆုံးကာ သေနတ်နှစ်လက် သိမ်းဆည်းရမိကြောင်း ဇူလိုင်လ ၁၃ရက် ထုတ်ပြန်ထားသည်။ ရန်ကုန်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းနှင့် နတ်အိမ်တောင်နယ်စပ်ကြား ဂတ်စ်ပိုက်လိုင်း လမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဟု KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဇူလိုင်လ ၁၁ ရက်တွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ကာ ဇူလိုင်လ ၁၂ […]


