လောင်းလုံးတွင် စစ်ကောင်စီ လက်နက်ကြီးထိ၍ ဖခင်ဖြစ်သူသေပြီး သမီးဒဏ်ရာရ
Dawei Watch
July 22, 2025လောင်းလုံးတွင် စစ်ကောင်စီတပ်မှ ပစ်သည့် လက်နက်ကြီးကျည်ဆန်မှာ သားအဖနှစ်ဦးကို ထိမှန်ပြီး အဖေသေဆုံးကာ၊ သမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါလက်နက်ကြီးသည် ထားဝယ်မြို့ပေါ်ရှိ နတလ ရုံးနှင့် အကောက်အခွန်ရုံးတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ယနေဇူလိုင်လ ၂၂ ရက်နေ့ နေလယ် ၁၁ နာရီခွဲခန့်တွင် လောင်းလုံးမြို့ဘက်သို့ ပစ်ခတ်ရာ လောင်းလုံးမြို့နယ် ၊သဗျာကျေးရွာအုပ်စု ၊ပန်းတောပြင် ကျေးရွာရှိ နေအိမ်တစ်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ယင်းကျည်စထိမှန်၍ အသက် ၆၀ ကျော်အရွယ် ဦးဉာဏ်စော သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ်ရှိ သမီးဖြစ်သူ မမေယု လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အဖေက အပြင်မှာထိုင်နေတယ်။ သူ့ သမီးက အိမ်ထဲမှာ ၊လက်နက်ကြီးက […]


