လောင်းလုံး ပန်းတင်အင်းတိုက်ပွဲ ကလေးသုံးဦးအပါ ငါးဦးဒဏ်ရာရဟု ကနဦးသတင်းရ၊ အဆက်အသွယ် မရသူများရှိနေ
Dawei Watch
July 30, 2025လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာတွင် ဖြစ်ပွားသည့်တိုက်ပွဲတွင် ကလေးသုံးဦးအပါအဝင် အရပ်သားငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒဏ်ရာရသူများကို ကူညီဆောင်ရွက်နေသည့်ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသူ ငါးဦးမှာ ကလေးသုံးဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ပြီး ဇူလိုင်လ ၂၉ရက်က တိုက်ပွဲဖြစ်ချိန် ကျေးရွာအတွင်း ပိတ်မိကာ ပုန်းရှောင်နေရာမှ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ ကလေးသုံးဦးအနက် နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အထက်ပါဒေသခံ အမျိုးသားက ပြောဆိုသည်။ “(ဒဏ်ရာမပြင်းထန်သူ) နောက် (ကလေး) တစ်ဦးကို သူတို့မိသားစုတွေဆီ ပို့ပေးထားပါတယ်” ဟု ၎င်းက ပြောသည်။ ပန်းတင်အင်းရွာ တိုက်ပွဲတွင် ထိခိုက်သေဆုံးသူများရှိနေသည်ဟု သတင်းထွက်ပေါ်နေပြီး Dawei Watch အနေဖြင့်မူ အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ပန်းတင်အင်းရွာ ကွက်သစ်စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင်လ ၂၉ […]


