ကလိန်အောင်မြို့အနီး တိုက်ပွဲဖြစ်ပြီး ကားလမ်းယာယီပိတ်
Dawei Watch
August 4, 2025ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကော့လှိုင်ရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယနေ့ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၄ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် နှစ်ဖက်ပစ်ခတ်သံများ စကြားရပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ညနေ ၃ နာရီဝန်းကျင်အထိ ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။ “(ပစ်ခတ်မှု) ငြိမ်တော့ငြိမ်သွားပြီ။ အခု လက်နက်ကြီးပစ်ခတ်မှုပါ ရပ်နေတယ်။ ဘယ်အချိန် ထပစ်မယ်မသိဘူး။ အရပ်သားတော့ မထိခိုက်ဘူး။ ပိတ်မိတဲ့လူတွေတော့ရှိတယ်” ဟု ကော့လှိုင်ရွာနှင့် ရွာချင်းကပ်ရက် မရမ်းချောင်းရွာမှ ဒေသခံတစ်ဦးက ယနေ့ညနေပိုင်းတွင် ပြောသည်။ ထိတွေ့တိုက်ပွဲကြောင့် ရေး-ထားဝယ် ကားလမ်းပိုင်းရှိ မရမ်းချောင်းရွာထိပ်တွင် ကားများ ပိတ်မိနေပြီး ညနေ ၄ နာရီဝန်းကျင်တွင် ပြန်လည်သွားလာခွင့်ရကြောင်း ကားသမားက […]


