တက္ကသိုလ်ဝင်တန်းဖြေပြီး စာဖြေအခန်း၀တွင် ကျောင်းသူတစ်ဦး ရွှေဆွဲကြိုးဖြတ်ခံရ
diz_admin
March 30, 2020ထားဝယ်မြို့တွင် တက္ကသိုလ်ဝင် တန်း စာမေးပွဲဖြေဆိုပြီး ထွက်လာသည့် ပြင်ပဖြေကျောင်းသူတစ်ဦး စာဖြေ အခန်း၀တွင် ရွှေဆွဲကြိုးဖြတ်ခံရကြောင်း ကာယကံရှင်နှင့် မိသားစုဝင်များထံမှ သိရသည်။ ထားဝယ်မြို့ရှိ အထက ၂ စာစစ် ဌာနတွင် မတ်လ ၁၈ ရက် ဘောဂဗေဒ ဖြေဆိုသည့်နေ့က ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ စာမေးပွဲဖြေပြီး ပြန်ထွက်လာချိန် တွင် စာဖြေခန်းအပေါက်၀ ကော်ရစ်တာ တွင် စာဖြေကျောင်းသားများ တိုးဝှေ့ နေချိန်တွင် လည်ပင်းတွင် ဝတ်ဆင် ထားသည့် အလေးချိန်ငါးမူး သားခန့် ရှိသည့် ရွှေဆွဲကြိုးကို အနောက်ဘက်မှ ဆွဲဖြတ်ခံရကြောင်း ကာယကံရှင်ဖြစ်သူ မနီလာထွန်းက ပြောသည်။ ထိုသို့အနောက်ဘက်မှ ဆွဲလိုက် ချိန်တွင် ရွှေဆွဲကြိုး၌ တပ်ဆင်ထားသည့် လော့ကက်သီး ပြုတ်ကျသွားသဖြင့် ပြန် ကောက်နေသည့်အတွက် […]


