တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၁ ရက်၊ ညနေ ၆ နာရီခွဲ)
diz_admin
March 31, 2020ဆေးရုံစောင့်ကြည့်လူနာ နှစ်ဦးတိုး တနင်္သာရီတိုင်းအတွင်း မတ်လ ၃၁ ရက်နေ့စာရင်းအရ ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) နှစ်ဦးတိုးလာကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ပြောသည်။ ရေဖြူဆေးရုံတွင် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကံပေါက်ဆေးရုံတွင် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ဖြစ်ပြီး နှစ်ဦးစလုံးမှာ ထိုင်းနိုင်ငံမှ ပြန်လာသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဖျားတယ်၊ ချောင်းနည်းနည်းဆိုးတယ်ပေါ့၊ ဒါပေမယ့် serious (စိုးရိမ်ရတာ) မဟုတ်ဘူး”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ မတ်လ ၃၁ ရက်နေ့တွင် ဆေးရုံစောင့်ကြည့်လူနာ (Hospital Quarantine) အဖြစ် ထားဝယ်ဆေးရုံကြီးတွင် ၃ ဦး၊ မြိတ်ဆေးရုံတွင် ၁ ဦး၊ ကော့သောင်းဆေးရုံတွင် ၁ ဦးနှင့် ကံပေါက်တိုက်နယ်ဆေးရုံနှင့် […]


