တိုင်းအစိုးရ စပါးဝယ်မည့် အစီအစဉ် မလုပ်ဖြစ်တော့
diz_admin
February 19, 2020တိုင်းအစိုးရက ထားဝယ်နှင့် မြိတ်ခရိုင်ရှိ လယ်သမားများထံမှ ကျပ်သိန်းပေါင်း တစ်သောင်းဖြင့် စပါးဝယ်ယူမည့် အစီအစဉ် မလုပ်ဖြစ်တော့ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဒေါ်ရီရီချိုချိုက ပြောသည်။ လက်ရှိဒေသအတွင်း စပါးဈေးနှုန်းမှာ (တစ်တင်းလျှင်) ကျပ်ငါးထောင်ကျော်နေပြီဖြစ်သောကြောင့် ယင်းစပါး ဝယ်မည့်အစီအစဉ်ကို မလုပ်ဖြစ်တော့ခြင်းဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။ “အဓိကကတော့ စပါးဝယ်မယ်ဆိုတာက လယ်သမားတွေ အခြေခံဈေးနှုန်း (တင်းတစ်ရာလျှင်) ကျပ်ငါးသိန်းရအောင် ရည်မှန်းတာဖြစ်တဲ့အတွက် အခုက ကျပ်ငါးသိန်း နေရာတိုင်းမှာ ကျော်ကုန်ပြီ ဖြစ်တဲ့အတွက် စပါးဝယ်ယူဖို့ကို ဒီနှစ်အတွက် မလုပ်တော့ပြီ”ဟု ဒေါ်ရီရီချိုက ဖေဖော်ဝါရီလ ၁၂ ရက်က ပြောသည်။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က သတ်မှတ်သည့် စည်းကမ်းချက်တွင်လည်း အစိုးရက သတ်မှတ်ထားသည့် အခြေခံစပါးဈေးနှုန်း ကျပ်ငါးထောင် အထက်သို့ မြင့်တက်ပါက […]


