ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဆရာမအား ကတ်ကြေးထောက် လုယက်သွားသူက ပစ္စည်းအချို့ ပြန်ပေးမည်ဟု စာပြန်ပို့

diz_admin

February 19, 2020

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာ အထက်တန်းကျောင်း(ခွဲ) ယာယီကျောင်း အုပ်ဆရာမအား ကတ်ကြေးဖြင့်ထောက်ကာ ပိုက်ဆံအိတ်လုယူသွားသူက ပစ္စည်းအချို့ကို ပြန်ပို့ပေးမည်ဟု ဖုန်းဖြင့် Massage(စာတို) ပေးပို့အကြောင်းကြားလာကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းက ပြောသည်။ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ သုံးနာရီခွဲခန့်တွင် ကျောင်းဆင်းပြီး အိမ်ပြန်သည့် ယာယီကျောင်းအုပ်ဆရာမကို ခန့်မှန်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက နောက်မှ ဆိုင်ကယ် ဖြင့်လိုက်လာပြီး ဝေဒီ – ကုန်းဇရပ် ကျေးရွာချင်းဆက်လမ်းပေါ် အရောက် တွင် အသင့်ပါလာသည့် ကတ်ကြေးဖြင့် ထောက်ကာ ပိုက်ဆံအိတ်ကို လုယူခဲ့ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့လုယူသွားခြင်းကြောင့် ဖုန်းနှစ်လုံး၊ ငွေကျပ်တစ်သိန်း၊ မှတ်ပုံ တင်နှင့် ရုံးသုံးတံဆိပ်တုံး အပါအဝင် အခြားပစ္စည်းများ ပါသွားကြောင်း ၎င်းက […]

တနင်္သာရီတိုင်းတွင် ကလေးတီဘီ ရောဂါဖြစ်ပွားသူ ခြောက်ရာကျော်

diz_admin

February 19, 2020

တနင်္သာရီတိုင်းတွင် ၂၀၁၉ ခုနှစ် တစ်နှစ်လုံးတွင် တီဘီရောဂါဖြစ်ပွားသည့် အသက် ၁၅ နှစ်အောက် ကလေး ဦးရေခြောက်ရာကျော်ရှိကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် ၁၂၃ ဦး၊ မြိတ် ခရိုင်တွင် ၄၀၀ ဦး၊ ကော့သောင်းခရိုင်တွင် ၈၁ ဦး စုစုပေါင်း ၆၀၄ ဦး ဖြစ်သည်။ ယင်းပမာဏသည် ၂၀၁၉ ခုနှစ် အတွင်း တီဘီရောဂါဖြစ်ပွားသူ စုစုပေါင်း၏ ငါးပုံတစ်ပုံကျော် ဖြစ်သည်။ အဆိုပါနှစ်အတွင်း တနင်္သာရီတိုင်းတွင် ကလေး၊ လူကြီးစုစုပေါင်း တီဘီရောဂါဖြစ်ပွားသူမှာ ၃၀၁၄ ဦး ရှိသည်။ ထားဝယ်ခရိုင်တွင် တစ်ထောင်ကျော်(၁၀၁၄) ဦး၊ မြိတ်ခရိုင်တွင် တစ်ထောင့်ငါးရာနီးပါး(၁၄၃၁) ဦး၊ ကော့သောင်းခရိုင်တွင် ခုနစ်ရာနီးပါး (၆၆၉)ဦး ရှိနေကြောင်း အထက်ပါ ဌာနထံမှ […]

ကွန်ပျူတာပညာရှင်များ အသင်း ဖွဲ့စည်း

diz_admin

February 19, 2020

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (တနင်္သာရီတိုင်း) အလုပ်အမှုဆောင်အဖွဲ့ကို တိုင်းအတွင်းရှိ ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်း ၁၆ ဦး ဖြင့် ဇန်နဝါရီလ ၂၉ ရက်က ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)တွင် ဖွဲ့စည်းလိုက် ကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါအသင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ထားဝယ်မြို့မှ ဦးချမ်းမြေ့၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် မြိတ်မြို့မှ ဦးအောင် ဇော်ဦးတို့ကို မဲစနစ်ဖြင့်ရွေးချယ်ခဲ့ ကြောင်း ယင်းအသင်းထံမှ သိရသည်။ “ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ကွန်ပျူတာပညာရှင်လို့ ခံယူပြီး ပါဝင်တာ မဟုတ်ဘူး။ ကွန်ပျူတာပညာရှင် တွေပေါ်လာအောင် အသင်းအနေနဲ့ လုပ် ဆောင်နိုင်ဖို့အတွက်ပါ”ဟု ယင်းအသင်း ဥက္ကဋ္ဌ ဦးချမ်းမြေ့က ဆိုသည်။ လတ်တလောတွင် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက လုပ်ဆောင် နေသည့် လှုပ်ရှားမှုများကို ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး […]

တနင်္သာရီဂျာနယ်အမှု ပြင်ဆင်မှု လျှောက်ထားချက် တိုင်းတရားလွှတ်တော် ပလပ်

diz_admin

February 19, 2020

တနင်္သာရီဂျာနယ်က ပြင်ဆင်မှု လျှောက်ထားသည့် မဲဆွယ်အပြုံး သရော်စာအမှုကို တိုင်းဒေသကြီးတရား လွှတ်တော်က ဖေဖော်ဝါရီလ ၁၄ ရက် တွင် ပလပ်သည့် အမိန့်ချလိုက်သည်။ တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးသရော်စာသည် တနင်္သာရီ တိုင်းဝန်ကြီးချုပ် (ဟောင်း)နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုကာ ၂၀၁၇ နိုဝင်ဘာလက တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။ ထားဝယ်မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေကျပ် ၅ သိန်း ပေးဆောင်ရန် ယမန်နှစ် ဖေဖော်ဝါရီလက အမိန့်ချမှတ်ထားသည်။ မြို့နယ်တရားရုံး၏ အမိန့်ချမှတ်မှု အပေါ် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ခရိုင်တရားရုံးကလည်း ပလပ်သည့် အမိန့်ချခဲ့သည်။ ထိုနောက် တနင်္သာရီဂျာနယ်ဘက် က ၂၀၁၉ ခုနှစ် ဇွန်လတွင် တိုင်းတရား […]

တရားမဝင်ခဲသတ္တု ၁၆ တန်ကျော် ဖမ်းမိ

diz_admin

February 19, 2020

သံဖြူဇရပ်မြို့သို့ ပို့ဆောင်မည့် တရားမဝင်ခဲသတ္တု ၁၆ တန်ကျော်ကို ရေး-ထားဝယ်လမ်းမပေါ်ရှိ ဇီးကျတိုးဂိတ်တွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရေဖြူမြို့နယ်ရှိ ဇီးကျတိုးဂိတ်တွင် ဖေဖော်ဝါရီလ ၄ ရက် ည ၈နာရီခွဲခန့်က သတင်းအရ စောင့်ဆိုင်းနေရာ ထားဝယ်မြို့မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင် လာသည့် ၁၂ ဘီး ကားတစ်စီးကို စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ယင်းကဲ့သို့ စစ်ဆေးရာ အဆိုပါ ယာဉ်ပေါ်တွင် တရားမဝင်ခဲသတ္တု ၆၈၈ အိတ် (၁၆ တန်ကျော်)ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အဆိုပါ ခဲသတ္တုတစ်တန်လျှင် ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ဖမ်းမိသည့် သတ္တုများကို မောင်မယ် ရှောင်ကျေးရွာမှ တင်ဆောင်လာခြင်း […]

“ခ”လိုင်စင်ဖြင့် သုံးဘီးယာဉ် မမောင်းရ

diz_admin

February 19, 2020

ထားဝယ်ဒေသတွင် အသုံးပြုမှုများနေသည့် အိန္ဒိယနိုင်ငံထုတ် သုံးဘီးယာဉ်ကို “ခ” လိုင်စင်ဖြင့် မောင်းနှင်ခွင့် မရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(ကညန) တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။ အဆိုပါ အိန္ဒိယနိုင်ငံထုတ် သုံးဘီးယာဉ်နှင့် တရုတ်နိုင်ငံထုတ်သုံးဘီး ဆိုင်ကယ်များကို “ဟ” (သုံးဘီးမောင်း) လိုင်စင် သို့မဟုတ် “ဃ” လိုင်စင်ဖြင့်သာ မောင်းနှင်ခွင့်ရှိကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။ မြေပြင်တွင်မူ အဆိုပါ သုံးဘီးယာဉ်များကို “ဃ” ယာဉ်မောင်းလိုင်စင်ဖြင့်သာ မောင်းနှင်ခွင့်ရှိသည်ဟု ယူဆနေကြသည်။ “ဃ”ယာဉ်မောင်းလိုင်စင်မှာ အငှားကုန်တင်ယာဉ်နှင့် အငှားဘတ်စ်ကားမှလွဲ၍ ကျန်မှတ်ပုံတင်ထားသည့် ယာဉ်များအားလုံးကို မောင်းနှင်ခွင့်ရှိပြီး “ခ” လိုင်စင်က သုံးတန်အထိ တင်ဆောင် နိုင်သည့် ကိုယ်ပိုင်ယာဉ်များနှင့် ကိုယ်ပိုင် ဘတ်စ်ကားငယ်များ မောင်းနှင်ခွင့်ရှိသည်။ “သုံးဘီးကတော့ ကားလိုမဟုတ် ဘူးလေ။ […]

ကော့သောင်းအပါအဝင် မြို့နယ်လေးခု တီဘီရောဂါ ကွင်းဆင်းကုမည်

diz_admin

February 19, 2020

တိုင်းအတွင်းရှိ ထားဝယ်၊ သရက် ချောင်း၊ တနင်္သာရီနှင့် ကော့သောင်းမြို့ နယ်တို့ရှိ ကျေးရွာများသို့ တီဘီရောဂါ ကွင်းဆင်းကုသပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက် ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။ ထားဝယ်မြို့နယ်တွင် ရှမ္မတွင်း၊ ရောင်းမော်ကျေးရွာတို့ကို ဖေဖော်ဝါရီလ တတိယအပတ်၊ သရက်ချောင်းမြို့နယ် အတွင်း ကျေးရွာအချို့ကို မတ်လ ပထမအပတ်၊ တနင်္သာရီမြို့နယ်ရှိ ဆင်ဖြူရှင် ကုန်ထုတ်စခန်း (အရပ်ခေါ် ရဲဘက်စခန်း)ကို ဒုတိယအပတ်၊ ကော့သောင်းမြို့နယ်ရှိ ကျေးရွာအချို့ကို တတိယအပတ်တွင် ကွင်းဆင်းကုသမည်ဟု ၎င်းက ပြောသည်။ “တစ်ခါသွားရင်တော့ သုံးလေးရွာလောက် ကုပေးဖြစ်တယ်။ ရွာတစ်ရွာကို စုရပ်အဖြစ်ထားပြီးတော့ အနီးအနားက ရွာကတွေကိုပါ ခေါ်ပြီး တီဘီရောဂါ စစ်ဆေးပေးတာပေါ့။ အဲလိုလုပ်ရင် ရွာတော်တော်များများကို ကာဗာ(လွှမ်းခြုံ) မိသွားစေတယ်”ဟု ဒေါက်တာ ထင်ဇော်အောင်က […]

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင် လျှောက်ထားသူ မရှိသေး

diz_admin

February 19, 2020

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်လျှောက်ထားသူ မရှိသေးဟု မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသိုလှောင် ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် ထားဝယ်မြို့ တိုင်းရောင်းဝယ်ရေး အရာရှိရုံးထံမှ သိရသည်။ ကျေးရွာသုံးစက်သုံးဆိုင်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်ဆိုင်ရာ အမိန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး စည်းကမ်းချက် ၃၃ ခု ပါဝင်သည်။ “လာလျှောက်ထားတာတော့ မရှိသေးဘူး။ ဆက်သွယ်စုံစမ်းတဲ့သူတွေတော့ ရှိတယ်။ သူက ချက်ချင်းလာ လျှောက်လို့က မရဘူးလေ။ ၁၀၅၊ ၁၀၆ မြေပုံတို့ ဘာတို့ ပါရမယ်လေ။ အဲဒါတွေကလည်း သက်ဆိုင်ရာ မြေစာရင်းရုံးတို့ ဘာတို့မှာ သွားလျှောက်ရတဲ့ အဆင့်တွေ ရှိတာကိုး”ဟု အထက်ပါရုံးမှ တိုင်းရောင်းဝယ်ရေးအရာရှိက ပြောသည်။ လက်ရှိတွင် အထက်ပါလိုင်စင် ဆိုင်ရာအမိန့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများပြုလုပ်ရန် တိုင်းဒေသကြီးရေနံကြီးကြပ်ထိန်းသိမ်းရေး […]