ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ၊ ပယရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီဖြိုချ

Dawei Watch

June 21, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာ၊ ရှားကုန်းရပ်ကွက်မှ နေအိမ်တစ်လုံး ကို စစ်ကောင်စီတပ်က မြေတူးစက်ဖြင့် ဖြိုချကာ ဖျက်ဆီးပစ်လိုက်ကြောင်း ရွာသားများထံမှသိရသည်။ ဖျက်ဆီးခံရသည့်နေအိမ်သည် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည့် ပယရွာမှ ဇနီးမောင်နှံ၏ မိသားစု(မိဘ)ပိုင် တစ်ထပ်တိုက်ဖြစ်ပြီး ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ” ပယရွာက စစ်တပ်ဂိတ်မှာပဲ လင်မယားနှစ်ယောက်စလုံး ရိုက်နှက်စစ်ဆေးပြီးမှ မောရဝတီကိုထပ်ခေါ်သွားတယ်။ သူတို့မိဘအိမ်ကိုလည်း ဘတ်ဟိုး(မြေတူးစက်)နဲ့လာဖြိုသွားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦး ကပြောသည်။ ပယရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီးနောက် ဇွန်လ ၁၇ ရက်တွင် ရှားကုန်းရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးနှင့် ခွေးမဖောရွာမှ သားအဖနှစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။ ခွေးမဖောရွာမှ သားအဖနှစ်ဦးသည် ဇွန်လ ၁၈ ရက်တွင် ပြန်လွတ်လာကြောင်း ဒေသခံများထံမှသိရသည်။ […]

လောင်းလုံးမြောက်ပိုင်း ဆင်ပုနစ်ရွာကို စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများထွက်ပြေး

Dawei Watch

June 20, 2025

လောင်းလုံးမြို့၏ မြောက်ဘက်ပိုင်းတွင်ရှိသည့် ဆင်ပုနစ်ရွာသို့ ယနေ့ ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။ စစ်ကြောင်းသည် ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာများတွင် ယာယီတပ်စွဲပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဆင်ပုနစ်ရွာသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုတော့ ဘုန်းကြီးကျောင်းမှာ ထမင်းချက်စားနေကြတယ်။ လူဖမ်းတာ၊ သေနတ်ပစ်တာတော့ မရှိဘူး။ မနက်က သူတို့နဲ့ တွေ့တဲ့ သူတွေကို တော့ ထွက်မပြေးကြနဲ့ ရွာမှာပဲ အေးဆေးနေကြဆိုပြီး ပြောလိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဆင်ပုနစ်ရွာသည် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ် ကြားတွင်ရှိသည်။ စစ်‌ကြောင်းမှာ မည်သည့် မြို့နယ်ဘက်သို့ ဆက်လက်၍ စစ်ကြောင်းထိုးမည်ကို မသိရသောကြောင့် အနီးဝန်းကျင်ရှိ […]

ရေဖြူ ပယရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကိုဖမ်းဆီး

Dawei Watch

June 19, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် ဇွန်လ ၁၇ ရက်တွင် ဒေသခံရွာသားလေးဦး စစ်ကောင်စီတပ်ကဖမ်းဆီးကြောင်း ဒေသခံများထံမှ သိရသည်။ အဖမ်းခံရသူများသည် ပယရွာ၊ ရှားကုန်းရပ်ကွက်က ဇနီးမောင်နှံနှစ်ဦးနှင့် ခွေးမဖောရွာက သားအဖနှစ်ဦးတို့ဖြစ်ကြောင်း ဒေသခံများကပြောသည်။ “တိုက်ပွဲပြီးတဲ့ နှစ်ရက်မှာ စစ်သားတွေက အိမ်တွေဝင်ပြီး လိုက်စစ်တယ်။ ဖုန်းတွေရော စစ်ကြတယ်။ အဲဒီမှာ လေးယောက်ကတော့ အဖမ်းခံလိုက်ရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရသူလေးဦးအနက် ခွေးမဖောရွာက သားအဖနှစ်ဦးသည် ဇွန်လ ၁၈ ရက်ညက ပြန်လွတ်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည် ။ ပယရွာက ဇနီးမောင်နှံနှစ်ဦးကိုမူ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ပယရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအင်အားစုများက ဇွန်လ ၁၅ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ […]

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ကလေး ၇ ဦးထိရှိလာ

Dawei Watch

June 18, 2025

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ယခုနှစ် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ သေဆုံးသူကလေး ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူများ အပါအဝင်မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။ ထားဝယ်ဆေးရုံကြီး၌ ဇွန်လ ၁၇ ရက်နေ့ ည တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက် ၈ နှစ်အရွယ်ရှိ ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ အဆိုပါ ကလေးငယ်မှာ ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်၊ ဆေးရုံနောက်လမ်းတွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့၌ စဖျားကြောင်း၊ ဇွန်လ ၁၇ ရက်ညနေ ၆ နာရီခန့်တွင် ကိုယ်အပူချိန်လွန်ပြီး တက်သွား၍ ဆေးရုံပို့လိုက်ရာ ည ၁၀ နာရီခန့်တွင် သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “သူအစ်ကိုက အရင်ဖြစ်ပြီး ကောင်းသွားပြီးမှ […]

လောင်းလုံးမြို့နယ်မြောက်ပိုင်းကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး

Dawei Watch

June 18, 2025

လောင်းလုံးမြို့နယ် မြောက်ပိုင်းတွင်ရှိသည့် ‌စခန်းကြီး၊ ခမောင်းတောင်၊ တောင်မင်းပြောင်ကျေးရွာများဘက်သို့လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အင်အား ၆၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၆ ရက်တွင် စခန်းကြီးရွာသို့ရောက်ရှိလာပြီး ရွာရှိဘုန်းကြီးကျောင်းတွင် ယာယီစခန်းချနေထိုင်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ စစ်ကြောင်း ဝင်လာသဖြင့် စခန်းကြီးရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သေနတ်ပစ်ပြီး ခြိမ်းခြောက်တာတော့ မရှိပေမယ့်လည်း သူတို့ရှိရင် ရွာထဲ မနေရဲဘူး” ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၇ ရက် နေ့လယ်ပိုင်းတွင်မူ အဆိုပါစစ်ကြောင်းသည် စခန်းကြီးရွာမှတစ်ဆင့် တောင်မင်းပြောင်ကျေးရွာသို့ စစ်ကြောင်းထိုးသွားခဲ့ပြီး ရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းကဲ့သို့ တပ်စွဲလာသဖြင့် တောင်မင်းပြောင်၊ ခမောင်းတောင်ရွာသားများအပြင်း အနီးအနားရှိ ဖွားဘုတ်ပြင်ရွာသား အချို့လည်း […]

ရေဖြူတွင် လေပြင်းကြောင့် အုန်းပင် ဆိုင်ပေါ်ကျိုးကျပြီး လူငယ်တစ်ဦးသေဆုံး

Dawei Watch

June 17, 2025

ရေဖြူမြို့နယ်၊ မော်ငန်းရွာတွင် ဇွန်လ ၁၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အုန်းပင် ဆိုင်တဲပေါ် ကျိုးကျပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း သေဆုံးသူ၏ ဆွေမျိုးတော်စပ်သူများနှင့် ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် မော်ငန်းရွာသားဖြစ်ပြီး စားကျက်တွင် ကျောင်းထားသည့် နွားများကို ပြန်သွားသိမ်းစဥ် အုန်းပင်ကျိုးပြီး ဆိုင်တဲပြိုကျကာ သစ်သားစထိမှန်၍ သေဆုံးကြောင်း ဆွေမျိုးတော်စပ်သူများက ဆိုသည်။ မော်ငန်းရွာမှာ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ရှိသည်။ “ကျိုးကျတဲ့ အုန်းပင်က ပေ ၄၀ လောက်ရှိမယ်။ မိုး လေ ကလည်း တအားပြင်းနေတဲ့အချိန်မှာ ဖြစ်သွားတယ်။ အုန်းပင်က ဆိုင်တဲပေါ်ကို ကျိုးကျပြီး သစ်သားအပိုင်းအစကို သူ့ကို သွားစင်တာ။ ရွာက မိုးရေချိုးနေတဲ့ကလေးက လဲကျနေတာတွေ့မှ ဆေးရုံပို့တာတွေလုပ်ရတယ်” […]

လောင်းလုံး ကျောက်ဆင်ရွာသားတစ်ဦးပျောက်ဆုံးပြီး လေးရက်ကြာအထိ ရှာမတွေ့သေး

Dawei Watch

June 17, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ရွာသားတစ်ဦး ပျောက်ဆုံးပြီး လေးရက်အကြာ ယနေ့ ဇွန်လ ၁၇ရက် နံနက်ပိုင်းအထိ ရှာမတွေ့သေးကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ပျောက်ဆုံးနေသူမှာ အသက် ၄၅နှစ်အရွယ်ရှိ ကျောက်ဆင်ရွာသား ဦးဇော်လတ် ဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ ဦးဇော်လတ်သည် ဇွန်လ ၁၁ ရက်တွင် ၎င်း၏ညီဖြစ်သူနှင့်အတူ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သွားရာမှ နေမကောင်းဖြစ်၍ ပင်လယ်ပြင်မှ လှေဖြင့် ဇွန်လ ၁၄ရက် ညတွင် ပြန်ဝင်လာခဲ့ကြောင်း မိသားစုဝင်က ဆိုသည်။ လှေဝင်ချိန်မှာ ဇွန်လ ၁၅ရက် နံနက် ၂နာရီဖြစ်နေသဖြင့် အိမ်ပြန်ရန် အဆင်မပြေသောကြောင့် ကမ်းပနီကမ်းတွင် လှေလုပ်သားများနှင့်အတူ အိပ်စက်ခဲ့ရာ မိုးလင်းချိန်တွင် ဦးဇော်လတ်ကို လှေပေါ်တွင် မတွေ့တော့ကြောင်း ပျောက်ဆုံး သူ၏ သားဖြစ်သူက ပြောဆိုသည်။ “အဖေက အရက်တော်တော်သောက်တယ်။ […]

လောင်းလုံးဒေသခံ ဆယ်ချီကို စစ်ကောင်စီတပ်ဖမ်းထား

Dawei Watch

June 17, 2025

လောင်းလုံးမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၄၀ခန့်ကို ဖမ်းဆီးထားကြောင်း အဖမ်းခံရသူတို့၏ မိသားစုအချို့နှင့် စစ်ရေးသတင်းရင်းမြစ်အချို့ထံမှ သိရသည်။ ဇွန်လ ၁၄ ရက်က စပြီး စစ်ကောင်စီတပ်သည် လောင်းလုံးမြို့မှ စစ်ပြဲကျေးရွာဘက်သို့ စတင်စစ်ကြောင်းထိုးလာသည်။ ယင်းနောက် စစ်ပြဲကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲပြီးနောက် ‌စစ်ပြဲကျေးရွာမှတစ်ဆင့် လေးသွန်းခံ၊ ကထောင်းနီကျေးရွာများကိုဖြတ်ကာ ကညုံကျွန်းကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးနေသည်။ ယင်းသို့ စစ်ကြောင်းထိုးသွားလာစဉ် လယ်ထဲဆင်းလမ်းတွင် တွေ့သူများ၊ နေအိမ်ထဲနေသူများ၊ လယ်ထွန်နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အရင်ကဆိုရင် စစ်ကြောင်းလှုပ်ရှားတာနဲ့ သတင်းရကြတယ်။ အခုကဘာသတင်းမှ မရကြဘူးဆိုတော့ ရှောင်ဖို့လည်း အချိန်မရှိ။ အဲဒီ‌တုန်းက မိုးကလည်းတအားရွာနေတာလည်းပါမယ်” ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အဖမ်းခံရသူတို့၏ မိသားစုဝင်အချို့နှင့် စစ်ရေးသတင်းရင်းမြစ်အချို့၏ ပြောဆိုချက်အရ […]