BREAKING
October 19, 2025

ထားဝယ်

အိမ်တွင်းအကြမ်းဖက်မှု အများဆုံး

diz_admin

January 20, 2020

ထားဝယ်အမျိုးသမီးသမဂ္ဂထံ အကူ အညီတောင်းခံလာသည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုဖြစ်စဉ်များအနက် အိမ်တွင်းအကြမ်းဖက်မှုက အများဆုံး ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှ သိရသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၁၄ လတာ ကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ် ခရိုင်တွင် အိမ်တွင်းအကြမ်းဖက်မှု ၉၂ မှု အကူအညီတောင်းခံလာကြာင်း ထားဝယ် အမျိုးသမီးသမဂ္ဂ၏ စာရင်းအရ သိရ သည်။ အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ လင်မယားစုံတွဲကြားနှင့် အတူနေ သမီးရည်းစားတို့အကြား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များအပေါ် ပုံသဏန်အမျိုးမျိုးဖြင့် စနစ်တကျ အကြိမ်ကြိမ်ကျူးလွန်ခြင်း ဖြစ်ပြီး ရာဇဝတ်မှုမြောက်ကြောင်း အမျိုး သမီးသမဂ္ဂက ထုတ်ပြန်ထားသည်။ “အိမ်တွင်းအကြမ်းဖက်မှုလို့ပြောရင် ယောက်ျားက မိန်းမကိုရိုက်တာတို့၊ ယောက်ျားက နောက်အိမ်ထောင်ပြုသွား တာပဲဖြစ်ဖြစ်၊ ကလေးစရိတ်မပေးဘဲနဲ့ အဲလိုမျိုးဟာတွေလည်းရှိတယ်” […]

ဦးရွှေမန်းပါတီသို့ ဦးအောင်စိုး ဝင်ရောက်ခြင်း မဟုတ်မှန်ဟုဆို

diz_admin

January 20, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တနင်္သာရီတိုင်းဥက္ကဋ္ဌ ဟောင်း ဦးအောင်စိုးက သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) သို့ ဝင်ရောက် သွားသည်ဆိုသည့်သတင်းမှာ မဟုတ်မှန်ကြောင်း UBP ပါတီ တိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းဦးက ပြောသည်။ လက်ရှိတွင် ဦးအောင်စိုးအနေနှင့် UBP ပါတီထံ ကူးပြောင်းသွားသည် ဆိုသည့်သတင်းများ ပျံ့နှံ့နေသည်။ ဦးအောင်စိုးနှင့် လွှတ်တော်အတူ တက်ခဲ့ဖူးသည့်အတွက် ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ဦးအောင်စိုးဘက်မှ ဆက်သွယ်လာခြင်း၊ ၎င်းတို့က ဆက်သွယ်ခြင်း တစ်စုံတစ်ရာ မရှိကြောင်း ဦးဝင်းဦးက ဆိုသည်။ “သူလည်း တစ်ခါမှ မဆက်သွယ် သေးပါဘူး။ ကျွန်တော်လည်း သူ့ကို မဆက်သွယ်မိသေးပါဘူးခင်ဗျား”ဟု ဦးဝင်းဦးက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်စိုး ကို မေးမြန်းနိုင်ရန် တယ်လီဖုန်းကို […]

အစိုးရက စပါးဝယ်မည့် ကျပ်သိန်းတစ်သောင်းကို လက်တွေ့စီမံခြင်း

diz_admin

January 20, 2020

လယ်သမားလက်တွင်း ငွေမရောက်မည်ကို စိုးရိမ် တနင်္သာရီတိုင်းအစိုးရအဖွဲ့လက်ဝယ်ရှိ စပါးအခြေခံဈေးဖြင့် ဝယ်ယူရန် သတ်မှတ်ထားသော ငွေကျပ်သိန်းတစ် သောင်းကို မည်သို့ စီမံမည်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။ ထိုရန်ပုံငွေဖြင့် အစိုဓာတ် ၁၄ ရာခိုင် နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲကင်း စင်ပြီး အရည်အသွေးဆိုင်ရာ စံသတ်မှတ် ချက်ဖြင့် ကိုက်ညီသော လေးဆယ် ခြောက်ပေါင်နှင့် ညီမျှသည့် စပါးတစ်တင်း ကို အခြေခံဈေးနှုန်း ကျပ်ငါးထောင်ဖြင့် တိုင်းအတွင်းရှိ လယ်သမားများထံမှ ဝယ်ယူရမည်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ လ ၁၆ ရက်က တိုင်းအစိုးရအဖွဲ့ရုံးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီး ဒေါ်ရီရီချိုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ မြန်မာနိုင်ငံ […]

အားကစားကဏ္ဍအတွက် ကျပ်သန်း ငါးရာကျော်သုံးမည်

diz_admin

January 15, 2020

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း အားကစား ကဏ္ဍများအတွက် ငွေကျပ်သန်း ငါးရာ ငါးဆယ် သုံးစွဲမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်း အဆင့် အားကစားပွဲကျင်းပခြင်း၊ ဗဟို အဆင့် တိုင်းနှင့် ပြည်နယ်ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်စေခြင်း၊ ဆုချီးမြှင့် ခြင်းများနှင့် သက်ဆိုင်ရာအားကစားနည်း များအတွက် လိုအပ်သည့် အားကစား ပစ္စည်းများ ဝယ်ယူရန် စသဖြင့် အားကစား ကဏ္ဍများအတွက် သုံးစွဲမည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စစ်တုရင် စသဖြင့် အားကစားနည်း ၃၀ ခန့် ပါဝင်သည်ဟု ၎င်းက ဆိုသည်။ ယင်းအပြင် တစ်နှစ်ပတ်လုံး လေ့ကျင့်သော […]

ထွေအုပ်ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်း သရက်ချောင်းတွင် စတင်

diz_admin

January 15, 2020

မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေး ယန္တရား တွင် အဓိကျသော ဌာနတစ်ခု ဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး ရှေ့ပြေးစီမံကိန်း လုပ်ဆောင်ရန် သရက်ချောင်းမြို့နယ်ကို ရွေးချယ်ထားကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ တိုင်းနှင့် ပြည်နယ်တစ်ခုလျှင် မြို့နယ်တစ်ခုစီကို ရှေ့ပြေးစီမံကိန်း လုပ်ဆောင်ရန် ရွေးချယ်ရာ၌ တနင်္သာရီ တိုင်းတွင် သရက်ချောင်းမြို့နယ်ကို ရွေး ချယ်လိုက်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ သရက်ချောင်းမြို့နယ်တွင် ပြည် သူလူထုပူးပေါင်းမှုဖြင့် မြို့နယ်အဆင့် ဘက်စုံမြှင့်တင်ရေး အကောင်အထည် ဖော်ဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် ရှေ့ပြေး စီမံချက်ကို စတင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။ “အဓိကကတော့ လမ်းတံတား လျှပ်စစ်၊ ရေရရှိရေး အစုံပေါ့နော်။ ဒီလုပ်ငန်း တွေ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်ဖို့ကို အကောင်အထည်ဖော်ဖို့ဆိုပြီး ရည်ရွယ် […]

စပါးတောင် ထိုင်တော်မူရုပ်ပွားတော် ထားဝယ်မြို့မှ လှမ်းမြင်ရမည်

diz_admin

January 15, 2020

ထားဝယ်မြို့အရှေ့ဘက် စပါးတောင် ထိပ်ပေါ်တွင် တည်ထားကိုးကွယ်ရန်ရှိ သော ထိုင်တော်မူ ရုပ်ပွားတော် ပြီးစီး ပါက ထားဝယ်မြို့မှ လှမ်းမြင်ရမည်ဟု ရုပ်ပွားတော်တည်ဆောက်ရေးတွင် ဦး ဆောင်နေသည့် တောင်ပွားကျောင်းမှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။ တည်ထားကိုးကွယ် အဘယမုနိ ရုပ်ပွားတော်၏ ဥာဏ်တော်မှာ ၅၄ ပေ ရှိပြီး ကြာပလ္လင်အမြင့် ၉ ပေ၊ ဂန္ဓကုဋီ တိုက်အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကြောင်း အထက်ပါ သံဃာတော်က မိန့်သည်။ “မြို့ဘက်ကို မျက်နှာမူမယ်။ ထားဝယ် မြို့က မြင်ရမယ်။ လုပ်ငန်းပမာဏကြီး တော့ နှစ်နှစ်နဲ့ သုံးနှစ်ကြား အပြီးသတ်ဖို့ ရည်မှန်းတယ်” ဟု သံဃာတော်က မိန့်သည်။ ထိုင်တော်မူတည်ထားကိုးကွယ်မည့် နေရာတွင် ပန္နက်ရိုက်၊ အုတ်မြစ်ချ၊ ဌာပနာ သွင်း […]

သိမ်းဆည်းမြေကိစ္စ ထွေအုပ် ဖြေရှင်းချက်ကို မကျေနပ်သဖြင့် ဝန်ကြီးချုပ်နှင့် တွေ့ခွင့်တောင်း

diz_admin

January 15, 2020

ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ် ရေးမှူးရုံးတွင် သိမ်းဆည်းခံလယ်သမား များကို ခေါ်ယူဖြေရှင်းသည့် သိမ်းဆည်း မြေကိစ္စ ဖြေရှင်းချက်ကို မကျေနပ်သဖြင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် တွေ့ခွင့် ပေးရန် ဇန်နဝါရီလ ၈ ရက်စွဲဖြင့် ယင်း လယ်သမား ခြောက်ဦးက စာပို့ထား ကြောင်း သိရသည်။ ဇန်နဝါရီလ ၇ ရက်က ထားဝယ် ခရိုင် အထွေအထွေအုပ်ချုပ်ရေးရုံးတွင် ထားဝယ်မြို့ ဆန်းချီအနောက် တိုးချဲ့ မြို့သစ်အတွက် သိမ်းဆည်းခံရသည့် လယ်သမား ၇ ဦးကို ခေါ်ယူပြီး အစား ထိုးမြေကွက်များ ပေးအပ်ခဲ့ကြောင်း ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆို ရာတွင်ပါဝင်သည့် ဦးညီညီထွန်းက ပြောသည်။ အစားထိုးမြေကွက်ပေးအပ်ရာတွင် လယ်သုံးဧကလျှင် ပေခြောက်ဆယ်၊ လေးဆယ်ပတ်လည်ခန့် အကျယ်အဝန်း ရှိသည့် မြေကွက်တစ်ကွက်နှုန်းဖြင့် […]

တိုင်းလွှတ်တော် အစည်းအဝေး ဇန်နဝါရီလကုန် ကျင်းပမည်

diz_admin

January 14, 2020

တိုင်းဒေသကြီးလွှတ်တော် ပုံမှန် အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်တွင် စတင်ကျင်းပမည်ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။ အစည်းအဝေး ကျင်းပရက် ၃ ရက် လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။ ယခုကျင်းပမည့်အစည်းအဝေး သည် ဒုတိယအကြိမ်တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၏ ၁၅ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်သည်။ လာမည့် ဖေဖော်ဝါရီ ၈ တွင် ဒုတိယ အကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်း ၄ နှစ်တိတိ ပြည့်ပြီ ဖြစ်သည်။ Dawei Watch