လောင်းလုံးမြို့တွင်ရောင်စုံပလက်ဖောင်း ပေလေးထောင်ကျော်ခင်းမည်
diz_admin
January 21, 2020လောင်းလုံးမြို့အတွင်း ရောင်စုံကွန် ကရစ်တုံးခင်းထားသည့် ပလက်ဖောင်း ပေ လေးထောင်ကျော်ကို ယခုနှစ် ဖေဖော်ဝါရီလအပြီး ခင်းရန် မျှော်မှန်းထား ကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ လောင်းလုံးမြို့အဝင် တံတားထိပ်မှ ဝတ်တက်ကျောင်းလမ်းဆုံအနီးဝန်းကျင် အထိ အရှည် ၄၀၇၀ ပေ ခင်းနေကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု ဆောင်အရာရှိဦးကျော်ဌေးက ဆိုသည်။ “အထကကျောင်းနား မရောက်ခင် နားအထိပါ”ဟု ဦးကျော်ဌေးက ပြောသည်။ ယင်းရောင်စုံကွန်ကရစ်တုံးခင်းခြင်း လုပ်ငန်း အပါအဝင် ပျက်စီးနေသည့် ပလက်ဖောင်းများ ပြုပြင်ခြင်းအတွက် ငွေကျပ်သိန်း ၉၀၀ ကျော် သုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရောင်စုံကွန်ကရစ်တုံးဖြင့် ပလက် ဖောင်းခင်းသည့် လုပ်ငန်းကို ဘတ်ဂျက် လအစဖြစ်သည့် အောက်တိုဘာလတွင် စည်ပင်အဖွဲ့ကပင် တာဝန်ယူလုပ်ဆောင် နေကြောင်း ယင်းအဖွဲ့ထံမှ […]


