လောင်းလုံးက စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလို
Dawei Watch
June 26, 2025ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်ဒေသခံများ ဆေးဝါးမလုံလောက်မှုကြုံနေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲများကြောင့် လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်း၊ ညင်းမော်၊ လေးသွန်းခံ၊ ကထောင်းနီနှင့် စစ်ပြဲ စသည့် ကျေးရွာ ၇ ရွာက ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။ “စစ်မရှောင်ရတဲ့ အခြေအနေမှာတောင် ရပ်ရွာတွေမှာ ဆေးပေးခန်းတွေ မရှိတော့ဘူး။ ဆေးဝါးပြတ်လပ်တာတွေ၊ ဆေးဝါး မလုံလောက်တာတွေ ရှိတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့တစ်ခု၏ တာဝန်ခံက Dawei Watch သို့ ပြောသည်။ စစ်ဘေးရှောင်များတွင် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများ အဖြစ်များနေကြောင်း ၎င်းက ဆိုသည်။ “မိုးရာသီဆိုတော့ နေရာကွက်ကြား ကလေး ၊ လူကြီး ရာသီတုပ်ကွေး ဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် […]


