ထားဝယ်တွင် ကောက်ညှင်းဆန် ပြတ်လပ်နေသဖြင့် မုန့်လုပ်သူများအခက်တွေ့
Dawei Watch
August 13, 2025ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်ကစ၍ စျေးကွက်အတွင်း ကောက်ညှင်းဆန် ပြတ်လပ်နေပြီး မုန့်လုပ်သူများ အခက်အခဲဖြစ်နေကြောင်း မုန့်လုပ်ရောင်းသူများထံမှ သိရသည်။ ထိုးမုန့်၊ မုန့်ကုလားမဲ၊ ကောက်ညှင်းစေ့ စသည့် လက်လုပ်မုန့်အများစု ပြုလုပ်ရာတွင် အသုံးပြုသည့် ကောက်ညှင်းဆန် ပြတ်လပ်နေသဖြင့် မုန့်လုပ်ရောင်းသူအချို့ ရပ်နားထားပြီး အချို့မှာ လက်ကျန်ကောက်ညှင်းဆန်ဖြင့် ဆက်လက် ရောင်းနေကြကြောင်း ၎င်းတို့က ပြောသည်။ ရန်ကုန်ဘက်မှလာသည့် ကောက်ညှင်းဆန် ပြတ်နေခြင်းဖြစ်ပြီး ထားဝယ်ဒေသထွက် ကောက်ညှင်းဆန်မှာမူ စျေးကွက်အတွင်း မပြတ်လပ်သော်လည်း မုန့်လုပ်ရာတွင် အသုံးပြုပါက မုန့်အရည်အသွေးညံ့သဖြင့် အသုံးမပြုကြကြောင်း မုန့်လုပ်ရောင်းသူ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကောက်ညှင်းပြတ်နေတာက ရက် ၂၀ လောက်ရှိပြီ။ တချို့တွေလည်း မုန့်လုပ်တာ ရပ်ထားကြတယ်။ ကျွန်မတို့တော့ ကြိုဝယ်ထားတဲ့ လက်ကျန် ကောက်ညှင်း ရှိသလောက် လုပ်ရောင်းဦးမယ်။ […]


