ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်း ဝင်းဝစခန်းနှင့် မင်းဒပ်ရွာအနီးကို လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 19, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းနှင့် မင်းဒပ်ရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ရက် နံနက်အစောပိုင်းတွင် ဝင်းဝစခန်းဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရပြီး နံနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ဝင်းဝစခန်းအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးကြဲချကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုမနက်စောစောပိုင်းမှာ ဝင်းဝစခန်းကိုဝင်တိုက်နေတဲ့ပုံစံမျိုး ပစ်ခတ်သံတွေကြားရတယ်။ အခုလေးတင် လေယာဉ်က ဗုံးကြဲသွားတယ်။ တစ်ခါချရင် နှစ်လုံး နှစ်ကြိမ်ကြဲသွားတယ်” ဟု ၎င်းက နံနက် ၉နာရီ ၄၀ မိနစ်ကျော်က ပြောဆိုသည်။ လေယာဉ်ဗုံးကြဲပြီးနောက် ပစ်ခတ်သံများ စဲသွားကြောင်း အထက်ပါဒေသခံက ပြောသည်။ ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်များက ဝင်းဝစခန်းကို […]

ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် ခရီးသွားလူငယ်တစ်ဦး ကျည်ထိမှန်

Dawei Watch

February 18, 2026

ထားဝယ် နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် ခရီးသွားလူငယ်တစ်ဦး ကျည်ဆန်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ရှိ စစ်အာဏာရှင်တပ်ဖွဲ့နှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် ထားဝယ် ပကဖ (DGRF) တပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁၆ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရေဖြူမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားသုံးဦး အတူစီးနင်းလာစဉ် ဘုရားမဲဂိတ်အနီးသို့ ရောက်ရှိချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားရာ နောက်ဆုံးတွင် လိုက်ပါလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ဘောလုံး (ထိုင်းမှာ အလုပ်သွားလုပ်မယ့်သူ) ။ ရေဝိုင်းလမ်းကနေ အရှေ့တောဘက်ပို့ဖို့ ပွဲစားခေါ်လာတဲ့အချိန် ထိသွားတာ” ဟု ၎င်းက ဆိုသည်။ ကျည်ဆန်မှာ […]

ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၀ကျော် ဖမ်းမိကြောင်း ဒူရကစစ်ကြောင်းဆို

Dawei Watch

February 18, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲစစ်ဆေရေးဂိတ်တွင် တပ်စွဲနေသည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် စစ်အာဏာရှင်တပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းမိကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆ နာရီတွင် နည်းပညာတက္ကသိုလ်နှင့် ဘုရားမဲစစ်ဆေရေးဂိတ်တို့ကို တစ်ပြိုက်နက် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု လေးနာရီ ကြာမြင့်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကို ယာယီသိမ်းဆည်းရမိခဲ့ပြီး ဘုရားမဲဂိတ်ကို သိမ်းဆည်းရခါနီးတွင် စစ်အာဏာရှင်တပ် စစ်ကူစစ်ကြောင်း ရောက်ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၁၁ဦးကို ဖမ်းဆီးရမိပြီး စစ်အာဏာရှင်တပ်ဖွဲ့ဝင်များလည်း ထွက်ပြေး ကြကြောင်း ဆိုသည်။ ယင်းအပြင် တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၉ ဦး သေဆုံးကြောင်း ဒူရကစစ်ကြောင်း […]

မောင်းမကန်ကမ်းခြေတွင် ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Dawei Watch

February 17, 2026

မောင်းမကန်ကမ်းခြေသို့ လာရောက်လာပတ်သည့် အဖွဲ့တစ်ဖွဲ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နံနက်ပိုင်းက ရေနစ်သေဆုံးကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ မောင်းမကန်ကမ်းခြေသို့ ထားဝယ်မြို့မှ လာရောက်လည်ပတ်သည့် ခရီးသွား ဧည်သည့်အဖွဲ့တစ်ဖွဲ့ မိန်းကလေးသည် ယနေ့ နံနက် ၁၀ နာရီ ကျော်တွင် ရေဆင်းကစားရာမှ ရေနစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါမိန်းကလေးကို အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက လိုက်လံဆယ်ယူရာ နှစ်ဦးစလုံး ရေနစ်သေဆုံးကြောင်း ၎င်းက ပြောဆိုသည်။ “ကလေးမလေးက ဆေးခန်းရောက် သေးတယ်။ သွားကယ်တဲ့ သူက ရေအောက်က အိုင်ထဲကျပြီး မျောသွားတာ အနားက လှေသမားတွေ သွားဆယ်လာတယ်။ […]

လောင်းလုံးတွင် စစ်အာဏာရှင်တပ် ဖမ်းဆီးထားသည့် ဒေသခံအချို့၏ မိသားစု ခြိမ်းခြောက်ငွေညှစ်ခံရ

Dawei Watch

February 17, 2026

လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးထားသူအချို့၏ မိသားစုဝင်များကို လောင်းလုံးမြို့မ စခန်းမှူးဟုဆိုကာ အမည်မသိ အမျိုးသားအချို့က ခြိမ်းခြောက်ပြီး ငွေကျပ် သိန်းဆယ်နှင့်ချီ၊ ရာနှင့်ချီ ငွေညှစ်မှုများ ကြုံနေရကြောင်း ကိုယ်တိုင်ကြုံရသူများက ပြောဆိုသည်။ Dawei Watch က စုံစမ်း‌ရသမျှ လောင်းလုံးမြို့နယ်တွင် ယင်းကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခံရသူ နှစ်ဦးရှိပြီ ဖြစ်သည်။ ပထမတစ်ဦးမှာ စစ်အုပ်စု ရွေးကောက်ပွဲအကြိုကာလ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၈ရက်တွင် လောင်းလုံးမြို့ပေါ်ရှိ ကြံ့ခိုင်ရေး ပါတီရုံး ပေါက်ကွဲ၊ မီးလောင်မှုဖြစ်ပွားစဉ်က ဖြစ်သည်။ ထိုစဉ်က လောင်းလုံးမြို့ပေါ်သို့ ဆိုင်ကယ်ဖြင့်သွားသည့် လူလတ်ပိုင်း အမျိုးသားနှစ်ဦးကို စစ်အာရှင်တပ်က ဖမ်းဆီးပြီး လောင်းလုံးမြို့မ ရဲစခန်းတွင် အချုပ်ချထားခဲ့ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ ထိုကဲ့သို့ အချုပ်ချထားစဉ် လောင်းလုံးမြို့မရဲစခန်းမှ စခန်းမှူးဟုဆိုကာ ဗမာစကားဖြင့် […]

ရွှေဂူတောင်တံတားတွင် ပစ်ခတ်မှုဖြစ်

Dawei Watch

February 16, 2026

သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်အစပ်ရှိ ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၁၅ ရက် ညပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ မနေ့ ည ၇ နာရီခွဲတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယနေ့မနက်ပိုင်းတွင် မြိတ်-ထားဝယ် လမ်းပိုင်းကို ပိတ်ထားသည်ဟု ၎င်းတို့က ပြောသည်။ “ဒေသခံတွေ ထိခိုက်တယ်လို့ ပြောသံမကြားရဘူး။ ညနေ ၃ နာရီလောက်က ရှင်မုတ္ထီးဘက်ကို သွားတော့ ကားသုံးလေးစင်းတော့ ပိတ်မိနေတာတွေ့တယ်” ဟု စော်ဝရွာက လယ်သမားတစ်ဦးက ပြောသည်။ နှစ်ဖက်တပ်များက သရက်ချောင်းမြို့နယ် ဆင်ကူးရွာမှ မြိတ်မြို့အထိ မြိတ်-ထားဝယ်ကားလမ်းကို ဖေဖော်ဝါရီလ ၈ ရက်မှ စတင်ပိတ်ထားပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သရက်ချောင်းမြို့နယ်တွင် ဖုန်းဆက်သွယ်ရေးလိုင်းများ […]

တိုက်ပွဲဖြစ်နေသည့် ထားဝယ်နည်းပညာတက္ကသိုလ်အနီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 16, 2026

နှစ်ဖက်တိုက်ပွဲဖြစ်နေသည့် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ နည်းပညာတက္ကသိုလ်အနီးကို ယနေ့ နံနက် ၁၀ နာရီခွဲကျော်တွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၆နာရီခန့်မှစ၍ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများဖြစ်နေကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ “နည်းပညာကျောင်းနားတစ်ဝိုက်ကို လေယာဥ်နဲ့ပါ ချသွားတယ်။ ရဲအိုင် ၊ ပဒိုင်းချောင်း (ကျေးရွာ) ဖက်ကိုလည်း ကြဲခဲ့သေးတယ်။ သေနတ်နဲ့လည်း ပစ်ချသေးတယ်” ဟု တိမ်းရှောင်နေရသည့် ရွာသားတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှု နောက်ဆက်တွဲ အခြေအနေတို့ကိုမူ စုံစမ်းနေဆဲဖြစ်သည်။ စစ်အာဏာရှင်တပ်က Y 12 လေယာဥ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက […]

ထားဝယ်မြို့အနီး မောင်မယ်ရှောင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေ

Dawei Watch

February 16, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် အစောပိုင်းကစ၍ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည် ။ နံနက် ၆ နာရီ ခန့်မှစ၍ ပစ်ခတ်သံများစကြားရပြီး ၉ နာရီဝန်းကျင် အထိ ပစ်ခတ်သံများကြားနေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မောင်မယ်ရှောင်ရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်ဘက်မှ ပစ်ခတ်သံများ ကြားနေရခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ရွာသားတစ်ဦးက ဆိုသည်။ ထားဝယ်မြို့နယ် ဇဟာရွာနှင့် ရေဖြူမြိူ့နယ် ကျောက္က်ညှာရွာရှိ စစ်အာဏာရှင်တပ် အမြောက်တပ်များကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ပြောဆိုသည်။ ပစ်ခတ်မှုဖြစ်ပွားသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။ မောင်မယ်ရှောင်ရွာသည် နှစ်ဘက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်းကြောင့် ရွာသားများ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ရွာလုံးကျွတ် နေရပ်စွန့်ခွာ နေရသည့် […]