အချိန်နီးကပ်မှထုတ်သည့် စည်ပင်ကြေညာချက် စားသောက်ဆိုင်များ အခက်တွေ့
diz_admin
September 28, 2020ကိုဗစ်ကပ်ဘေးကြောင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းခွင့်မပြုတော့ကြောင်း ကြေညာချက်ကို အချိန် နီးကပ်မှထုတ်ပြန်သည့်အတွက် စားသောက်ဆိုင်နှင့် လက်ဖက် ရည်ဆိုင်များအနေနှင့် အခက်တွေ့ရကြောင်း ယင်းဆိုင်ရှင်အချို့ထံမှ သိရသည်။ ဆိုင်ထိုင်စားသောက်ခြင်း အပါအဝင် ဆိုင်အနီးပတ်ဝန်းကျင်တွင် ဝိုင်းဖွဲ့ စားသောက်ခြင်းကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ ခွင့်မပြုတော့ကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့စွဲဖြင့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ယင်းထုတ်ပြန်ချက်ကို လက်ဖက်ရည်ဆိုင်ရှင်အများစုက စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲ အထိ မသိကြသေးပေ။ ယင်းဆိုင်များအနေနှင့် ဆိုင်တွင် ရောင်းချရန် ပစ္စည်းအမယ်များကို ကြို တင်ပြင်ဆင်(ဈေးပစ္စည်းများ ကြိုတင် ဝယ်ယူထားရ)ပြီး ဆိုင်ထိုင်ရောင်းခွင့်မရှိကြောင်း အချိန်မီ မသိရသည့်အတွက် နစ်နာမှုများ ကြုံတွေ့ရကြောင်း ထားဝယ်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် […]


