ထားဝယ်တက္ကသိုလ်တွင် ယခုနှစ် အဝေးသင်တက်ရောက်သူ သုံးဆခန့်တိုးလာဟုဆို
Dawei Watch
June 27, 2025ထားဝယ်တက္ကသိုလ်တွင် ယခုပညာသင်နှစ်၌ အဝေးသင်သင်တန်းတက်ရောက်သူ ယခင်နှစ်ထက် သုံးဆခန့်တိုးလာကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှသိရသည်။ ပြီးခဲ့သည့်ပညာသင်နှစ် ထားဝယ်တက္ကသိုလ်တွင် အဝေးသင်သင်တန်း တက်ရောက်သူ ဦးရေ ၅၀၀ ခန့်သာရှိသော်လည်း ယခုနှစ်တွင်မူ တက်ရောက်သူဦးရေ ၁၅၀၀ ခန့်အထိ ရှိလာကြောင်း ထားဝယ်တက္ကသိုလ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းအချက်အလက်အား အတည်ပြုနိုင်ရန် Dawei Watch က ထားဝယ်တက္ကသိုလ် ကျောင်းသားရေးရာဌာန တာဝန်ရှိသူထံသို့ ဖုန်းဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။ အာဏာသိမ်းပြီးနောက် ကျောင်းဆက်မတက်ဘဲ ရပ်နားထားခဲ့သော တက္ကသိုလ်ကျောင်းသားအချို့နှင့် လက်ရှိဝန်ထမ်းလုပ်နေသူအများစု အဝေးသင်တက္ကသိုလ် တက်လာကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ထားဝယ်တက္ကသိုလ် ဝန်ထမ်းတစ်ဦးက ပြောသည်။ တက္ကသိုလ်တက်ရောက်နေသူဖြစ်ပါက စစ်မှုထမ်းခေါ်ယူမှု ယာယီဆိုင်ငံ့ပေးခြင်း ခံရနိုင်သည်ဟုယူဆကာ ထိုသို့ အဝေးသင်တက္ကသိုလ် တက်သူများလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပြီးခဲ့တဲ့နှစ်တွေကတော့ ကျောင်းတက်ရင် စစ်မှုထမ်းဥပဒေကနေ ယာယီကင်းလွတ်ခွင့်ရတာ […]


