ကလိန်အောင် မရမ်းချောင်းနှင့် ကော့လှိုင်ရွာအကြားတွင် တိုက်ပွဲထပ်ဖြစ်ပြီး ကားများပိတ်မိ
Dawei Watch
August 15, 2025ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာအကြားတွင် ယနေ့ သြဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ရွာသားများနှင့် လမ်းပိုင်းတွင်ပိတ်မိခဲ့သည့် ကားသမားများထံမှ သိရသည်။ စစ်အာဏာရှင်တပ် နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးအင်အားစုများ ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားချိန် ပိတ်မိနေသည့်ကားများမှာ ပစ်ခတ်မှုရပ်သွားပြီးနောက် ခေတ္တ သွားလာခွင့်ရခဲ့ကြောင်း ကားသမားများက ပြောသည်။ ယင်းနောက် ညနေ ၃ နာရီခွဲမှစ၍ ည ၆ နာရီခွဲကျော်ထိ ပစ်ခတ်သံများ ထပ်မံကြားရခဲ့ပြီး ကားများ လမ်းတွင် ထပ်မံပိတ်မိကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်သံစဲတာနဲ့ ပိတ်နေတဲ့ ကားတွေတော့ ကလိန်အောင်ဘက်ကို မြန်မြန်ထွက်သွားကြတယ်။ ထားဝယ်တော့ဆင်းလို့ မရတော့ဘူး။ ကလိန်အောင်မှာပဲ ညအိပ်ရတော့မယ်” ဟု […]


