ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ဖွားဘုတ်ပြင်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

July 1, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာအုပ်စု ဆင်ပုနစ်ဘက်မှ ဖွားဘုတ်ပြင်ရွာသို့ ယနေ့ ဇူလိုင်လ ၁ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် အဆိုပါ စစ်ကြောင်းသည် ဖွားဘုတ်ပြင်ဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံများမှာ စစ်ကြောင်းဝင်လာသည့် နံနက်ပိုင်းကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းနောက် မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး ညနေ ၆ နာရီအထိ မေးမြန်းချက်အရ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒီနေ့ နေ့လယ်ပိုင်းကတည်းက ပစ်နေတာ ယခုအထိ ပစ်သံတွေကြားနေရတုန်း” ဟု ၎င်းက ပြောသည်။ အနီးအနားရှိ […]

သရက်ချောင်းတွင် လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

June 30, 2025

သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာတွင် ယနေ(ဇွန် ၃၀) နေ့လယ်ပိုင်းတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲသဖြင့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။ ယင်းအမျိုးသမီးမှာ ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေချိန် နေအိမ်အနီးလက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ရာမှ ကျည်စထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ လက်နက်ကြီး ကျည်စထိမှန်ခြင်း‌ကြောင့် အဆိုပါအမျိုးသမီး၏လက်တွင် ဒဏ်ရာရရှိခဲ့ပြီး၊ ထားဝယ် ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း ၎င်းကဆိုသည်။ “ထမင်းစားဖို့လုပ်နေတုန်းမှာ အိမ်နားလာကျတဲ့ လက်နက်ကြီး အစစင်သွားတာ အိမ်လည်းနည်းနည်းပျက်စီးသွားတယ်”ဟု ၎င်းဒေသခံကပြောသည်။ ယနေ့ နေ့လယ်ပိုင်း၌ ရန်တောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းလက်နက်ကြီးကျည်ဆန်မှာ မည်သည့်အဖွဲ့က ပစ်ကြောင်းမသိရသေးပေ။ ယင်းသို့တိုက်ပွဲဖြစ်နေချိန်တွင် ထားဝယ်မြိုပေါ်ရှိ အမြောက်တပ်နှင့် သရက်ချောင်းမြို့ရှိ ရွှေဂူတောင် စစ်ဆေးရေးဂိတ်တို့မှနေ၍ စစ်ကောင်စီတပ်က ရန်တောင်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ […]

သရက်ချောင်းမြို့နယ် ရန်တောင်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

June 30, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်ကားလမ်းပေါ်ရှိ ရန်တောင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း PDF တပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၉ ရက် မနက်ပိုင်းက ထားဝယ်မြို့ဘက်မှ ကားဖြင့်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်အတွင်း ဝင်ရောက်တပ်စွဲထားသည်ဟု ယင်းကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ “ပစ်ခတ်မှုကတော့ ပစ်လိုက်နားလိုက်ပဲ၊ မိန်းမကြီးတစ်ယောက် လက်နက်ကြီးစမှန်ပြီး သေတယ်လိုလိုလည်း သတင်းတွေကြားတယ်။ အစ်မတို့က မနေ့တည်းက စစ်တပ်လာစွဲကတည်းက ထွက်ပြေးလာကြတာ ရွာထဲမှာလည်း လူတွေမရှိကြဘူးဆိုတော့ သတင်းအတိအကျ မသိရသေးဘူး” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ ရန်တောင်ရွာလယ်ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို […]

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီးပြန်ပေးနိုင်ရန်လုပ်ဆောင်နေဟု မြို့နယ်လျှပ်စစ်မှူးပြော

Dawei Watch

June 30, 2025

လောင်းလုံးမြို့နယ်အား လျှပ်စစ်ဓာတ်အား လုံးဝမပေးတော့ဘဲ ဖြတ်တောက်ထားသည်ဆိုသည်မှာ မဟုတ်ဘဲ လျှပ်စစ် ဓာတ်အား ပြန်ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်မှူးက Dawei Watch ကို ပြောသည်။ ပျက်စီးသွားသည့် အစိတ်အပိုင်းများအား ပြန်လည်ပြုပြင်ရန် လုံခြုံရေးအခြေအနေအရ ကြန့်ကြာမှုများရှိ‌ခြင်းကြောင့် လတ်တလော လောင်းလုံးမြို့နယ်အား လျှပ်စစ်မီးဖြန့်ဖြူးပေးရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မီးလိုင်းတွေ ပြန်စစ်ပြီး ပြန်ပေးမှာပါ။ အခုက လုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေလို့ပါ။ လုံးဝပြန်မပေးတော့ဘူး ဆိုတာတော့ မဟုတ်ပါဘူး” ဟု လောင်းလုံးမြို့နယ်လျှပ်စစ်မှူးက ‌ယနေ့ ဇွန်လ ၃၀ ရက်တွင် ပြောဆိုသည်။ မည်သည့်အချိန် လျှပ်စစ်မီးပြန်ရနိုင်ကြောင်း မေးမြန်းရာတွင်မူ လုံခြုံရေးအခြေအနေပေါ်တွင်သာမူတည်ပြီး အလွန်ဆုံး တစ်လအတွင်း လျှပ်စစ်ဖြန့်ဖြူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။ လောင်းလုံးမြို့ပေါ်ကိုမူ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း ၎င်းက […]

သရက်ချောင်း မင်းဒပ်ရွာမှာ အရပ်သားတစ်ဦး မိုင်းထိ

Dawei Watch

June 29, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ မင်းဒပ်ရွာတွင် ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းက အသက် ၆၀ ခန့်ရှိအမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “မင်းဒပ်ရွာအပြင်ဘက်မှာထိတာ ဆိုင်ကယ်စီးလာရင်းထိတာဆိုတော့ လူရောဆိုင်ကယ်ရော ဘာမှတော့သိပ်မဖြစ်ဘူး၊ ဒဏ်ရာအနည်းအကျဉ်းပဲရတယ်” ဟု မင်းဒပ်ရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် မင်းဒပ်ရွာက နေအိမ်အားလုံးနီးပါးကို သော့ရိုက်ဖွင့်ရှာဖွေထားပြီး ဆိုင်ကယ်ငါးစီးကို ယူဆောင်သွားသဖြင့် ဦးမောင်သိန်းက ဝင်းဝစခန်းတွင် သွားရောက်ထုတ်ပြီးအပြန်တွင် မိုင်းစထိမှန်ခဲ့တာဖြစ်သည်ဟု မင်းဒပ်ရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဆိုင်ကယ်သွားထုတ်တာ မရလာဘူး၊ သူကလည်း အရက်ကမူးနေတယ် စစ်တပ်က အဲ့လမ်းကပြန်ဆိုပြီးညွှန်ပေးလိုက်တော့ သူကအဲ့လမ်းကပြန်လာတာမှာ အရင်ဆုံးခွေးကဖြတ်ပြေးလို့ မိုင်းထပေါက်တာ၊ သူ့ကိုက အစနည်းနည်းပါးပါးလာစင်တာလောက်ပဲ၊ ကျွန်တော်​တို့ပြေးတက်လာကြည့်ချိန် သူက အရက်တောင်ပြန်ထိုင်သောက်နေပြီ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ […]

သေနတ်ဒဏ်ရာဖြင့်သေဆုံးသော ကညုံကျွန်းရွာသားအလောင်းထပ်တွေ့၊ သေဆုံးသူ သုံးဦးရှိလာ

Dawei Watch

June 28, 2025

စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် လောင်းလုံးမြို့နယ် ကညုံကျွန်းရွာရှိ လယ်ကွက်ထဲတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြောင်း ရွာသားအချို့က ပြောသည်။ သေဆုံးနေသူမှာ ကညုံကျွန်းရွာသား အသက် ၄၇ နှစ်အရွယ် ဦးခင်မောင်ဝင်းဖြစ်ပြီး အကြားအာရုံချို့တဲ့သူဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။ ကညုံကျွန်းရွာတွင် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးသပိတ်လှုပ်ရှားမှုကော်မတီ (ထားဝယ်ခရိုင်) DDMSC ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “သူက နားမကြားဘူး။ အရင်က နားမှာ စက်တပ်ထားရတယ်။ လယ်ထဲဆင်းတဲ့အချိန်မှာ စက်ကိုဖြုတ်ပြီးပဲ ထားခဲ့သလား မသိဘူး။ အဝေးကခေါ်တာလဲ ကြားချင်မှကြားမယ်။ စစ်တပ်က သူတို့ခေါ်တာ မလာလို့ဘဲ ပစ်လိုက်တာလားမသိဘူး” ဟု ၎င်းက ပြောသည်။ ဦးခင်မောင်ဝင်း၏ […]

မောင်မယ်ရှောင် ဘုရားမဲစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး တိုက်ပွဲဖြစ်

Dawei Watch

June 28, 2025

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ၊ နည်းပညာတက္ကသိုလ်အနီးရှိ ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၇ နာရီခန့်မှစ၍ မွန်းလွဲ ၂ နာရီခန့်အထိ ပစ်ခတ်သံများ ကြားနေရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ဆက်တိုက်ကြားရကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ကြီးအသံ ဆက်တိုက်ကြားရတယ်။ တိုက်ပွဲက ဘုရားမဲဂိတ်ဘက်မှာ ဖြစ်တာပါ။ တိုက်ပွဲဖြစ်နေတုန်း ကားလမ်းတော့ ခဏပိတ်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ နှစ်ဘက်တိုက်ပွဲအခြေအနေနှင့် ထိခိုက်မှု အခြေအနေတို့ကို Dawei Watch က စုံစမ်းနေဆဲဖြစ်သည်။ ၂၀၂၄ နှစ်ဆန်းပိုင်းကစ၍ မောင်မယ်ရှောင်ရွာပတ်ဝန်းကျင်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်တို့အကြား […]

မင်းဒပ်ရွာမှ စစ်ကောင်စီတပ် ပြန်ထွက်သွားသော်လည်း အန္တရာယ်ရှိ၍ ဒေသခံများကို နေခွင့်မပြုသေးဟုဆို

Dawei Watch

June 28, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ဝင်းဝစခန်းအနီးရှိ မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီဖြစ်သော်လည်း အန္တရာယ်ရှိသေးသဖြင့် ဒေသခံများကို နေခွင့်မပြုသေးကြောင်း KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂)တပ်ခွဲမှူး စောဘဦးသစ်ကပြောဆိုသည်။ မင်းဒပ်ရွာတွင် မေလ ၂၈ ရက်နေ့မှစကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ဇွန်လ ၂၆ ရက်ညနေခန့်တွင် ရွာမှပြန်ထွက်သွားပြီဖြစ်၍ ဒေသခံများမှာ နေရပ်ပြန်လည် နေထိုင်လိုနေခြင်းဖြစ်သည်။ သို့သော် KNLA တပ်ဖွဲ့က နေထိုင်ခွင့် မပေးသေးသဖြင့် ဒေသခံများက မကျေနပ်ကြဘဲ ဝေဖန်ပြောဆိုနေကြသည်။ ယင်းနှင့်ပတ်သက်၍ Dawei Watchက ဆက်သွယ်မေးမြန်းရာတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုမပြီးသေးသဖြင့် ရွာသူရွာသားများ အန္တရာယ်ဖြစ်မည်စိုးသဖြင့် နေထိုင်ခွင့်မပြုခြင်းသာဖြစ်ကြောင်း စောဘဦးသစ်က ရှင်းပြသည်။ “ကျွန်တော်တို့က ပြည်သူတွေထိခိုက်နစ်နာမှာစိုးလို့မဝင်ခိုင်းတာ၊ အခုကျွန်တော်တို့ဝင်တယ် ကျွန်တော်တို့ရဲဘော်တွေတောင် မိုင်းထိသေးတယ်၊ ပြည်သူတွေထိခိုက်မှာစိုးလို့ ပြောတာကို အဲ့ဒီစေတနာကို သူတို့တွေနားမလည်ရင် […]