ရေဖြူ ခမောင်းချောင်းရွာတွင် ကျောင်းသားနှင့် ဆရာများကို စစ်အာဏာရှင်တပ် စစ်ဆေး
Dawei Watch
August 19, 2025ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၊ ခမောင်းချောင်းကျေးရွာ စာသင်ကျောင်းက ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမမျာကို ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်က ခေါ်ယူ စစ်ဆေးပြီးနောက် ပြန်လွတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်၏ ပညာရေးယန္တရား ရပ်တန့်နေ့ချိန် ကလေးသူငယ်များ ပညာသင်ယူခွင့်ဆုံးရှုံးမှုမရှိ စေရန် ကျေးရွာရပ်မိရပ်ဖများက တာဝန်ယူ ဖွင့်လှစ်ထားသည့် အဆိုပါကျောင်းတွင် ပညာသင်ကြားပေးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ ဩဂုတ်လ ၁၉ရက် နံနက် ၇နာရီခန့်တွင် ကျောင်းသူကျောင်းသားများ စာသင်ကြားရန် ကျောင်းသို့ရောက်ရှိ နေချိန်တွင် စစ်ကြောင်းမှာ စာသင်ကျောင်းအနီး ရုတ်တရက်ရောက်ရှိလာပြီးနောက် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကို ဘုန်းကြီးကျောင်းသို့ ခေါ်ယူစစ်ဆေးကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ကျောင်သူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကိုခေါ်ပြီး မေးမြန်းစစ်ဆေးတာလောက်ပဲ။ […]


