ကိုဗစ်ဂယက်ကြားမှ သီလရှင်များ
diz_admin
May 11, 2020ကိုဗစ်ဂယက်၏ အကျိုးဆက်ကို ဆန်အလှူခံထွက်နေသည့် သီလရှင်များလည်း ခံစားရသည်။ဆန်အလှူခံထွက်ရာတွင် လှူနေကျ ဒကာ၊ ဒကာမအိမ်အချို့ပိတ်ထားခြင်း၊ ဆန်အရနည်းခြင်း၊ သီလရှင်တွင် ရောဂါပိုးရှိနိုင်သည်ဟု ပြောဆိုခြင်းများလည်း ကြုံတွေ့ရကြောင်း သီလရှင်အချို့က မိန့်သည်။ သီလရှင်များက ဥပုပ်နေ့မတိုင်မီ နှစ်ရက် (အဖိတ်နေ့အကြို၊ အဖိတ်နေ့)တို့တွင် ဆန်အလှူခံထွက်လေ့ရှိပြီး တစ်လလျှင် ရှစ်ရက်ဆန်အလှူခံထွက် လေ့ရှိသည်။ သီလရှင်အများစုက ကိုဗစ်ဂယက်ကြောင့် သင်္ကြန်မတိုင်မီကပင် ဆန်အလှူခံမထွက်တော့ဘဲ သီလရှင်အနည်းစုက ကဆုန်လပြည့်မတိုင်မီ အဖိတ်နေ့တွင်မှ အလှူခံစထွက်ကြသည်။ သို့သော် သီလရှင်အများစုကမူ အလှူခံမထွက်ကြသေးကြောင်း သီလရှင်အချို့က မိန့်သည်။ထိုသို့အလှူခံထွက်ရာတွင် အလှူခံသူရော ဆန်လှူသူများရော နှာခေါင်းပိတ်တပ်ပြီး လှူလေ့ရှိသည်ဟု သီလရှင်များက မိန့်သည်။ ဆန်လှူရာတွင်လည်း ကိုဗစ်ကာလမတိုင်မီက ဇွန်းဖြင့်ခပ်ကာ လှူလေ့ရှိသည်။ သို့သော် လက်ရှိတွင် နို့ဆီဘူးတစ်ဘူးစာ ဆန်ထုပ်လှူဒါန်းသူများလည်းရှိလာကြောင်း ထားဝယ်မြို့၊ ဘုန်းကြီးပျံကုန်းရှိ သီလရှင်ကျောင်းမှ ဆရာလေးဒေါ်ယုစန္ဒာက […]