ထားဝယ်မြို့တွင် သေနတ်ဆော့ကစားရာမှ ကျည်ဆန်ထိမှန် ဒဏ်ရာရသွားသည့်ကိုရင် ပျံလွန်
Dawei Watch
August 21, 2025ထားဝယ်မြို့ရှိ အိမ်ရှေ့ပြင်ရပ်ကွက် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင် တပ်သား၏ သေနတ်ကိုယူဆော့ရာမှ သေနတ်ကျည်ဆန်ထွက်ပြီး ဒဏ်ရာရှိသည့်ကိုရင်မှာ ပျံလွန်တော်မူသွားပြီ ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများနှင့် ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ကိုရင်မှာ ပျံလွန်တော်မူချိန် သက်တော် ၁၅ နှစ်၊ ဝါတော် ၇ ဝါရပြီဖြစ်ပြီး ရှင်သာမဏေ ဘွဲ့အမည် အရှင်ဝါယမ ဖြစ်ကြောင်းသိရသည်။ ကိုရင်သည် ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်တွင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သား ဈေးဝယ်ထွက်ချိန် ၎င်း၏သေနတ်ကိုယူဆော့ရာမှ ကျည်ဆန်ထွက်သွားပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “ကျောင်းဝင်းထဲက ဘုရားရင်ပြင်မှာ ဖြစ်သွားတာ ၊ည နေ ၃ နာရီ လောက်ရှိပြီ သေနတ်ပိုင်ရှင်က ရပ်ကွက်ထဲ ဈေးဝယ်ထွက်သွားတယ်လို့သိရတယ်၊ အဲဒီမှာကိုရင်က သူ့ […]


