ဇီဝဇိုးငှက်သိုက်မွေးခွင့်ရအိမ် လေးရာကျော်ရှိ
diz_admin
January 21, 2021တနင်္သာရီတိုင်းအတွင်း ဇီဝဇိုးငှက် သိုက်မွေးမြူခွင့်ရသည့် နေအိမ် လေးရာ ကျော်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ ပင်လယ်အတွင်းရှိ ကျွန်းများတွင် နေထိုင်မှု အလေ့အထရှိသည့် ဇီဝဇိုးငှက်များကို နေအိမ်များတွင် မွေးမြူပါက သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုရသည်။ အဆိုပါနေအိမ်များက ဇီဝဇိုးငှက် လာစေရန် ငှက်အော်သံအတု ထုတ်လွှင့်ကာ မွေးမြူကြသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အထိ စာရင်းများအရ ဌာနနှင့် ချုပ်ဆိုထားသည့် စာချုပ် ၄၅၂ ခုရှိကြောင်း သစ်တောဦးစီးဌာန စာရင်းအရ သိရသည်။ အဆိုပါ ငှက်သိုက်မွေးမြူခွင့်စာ ချုပ်ချုပ်ပြီးပါက သက်ဆိုင်ရာ အခွန်အခများကို အစိုးရထံပေးသွင်းရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင် မောင်အေးက ဆိုသည်။ “ငှက်သိုက်ထွက်တဲ့အပေါ်မှာ မူတည်ပြီးတော့ (ဒေသပေါက်ဈေး) ဆယ်ရာခိုင်နှုန်းပဲ အခွန်ကောက်တယ်” ဟု […]


