မြေယာပြဿနာတိုင်ကြားစာ ခုနစ်လအတွင်း လေးစောင်သာ စစ်နိုင်
diz_admin
February 4, 2021တနင်္သာရီတိုင်းလွှတ်တော် မြေယာ အငြင်းပွားမှုစောင့်ကြည့်လေ့လာ သုံးသပ်ရေးအဖွဲ့ထံ ခုနစ်လအတွင်း တိုင်ကြားစာ အစောင် ခြောက်ဆယ် လက်ခံရရှိခဲ့သော်လည်း လေးစောင်ကိုသာ စစ်ဆေးနိုင်ခဲ့သဖြင့် ဆောင်ရွက်မှုအား နည်းခဲ့ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်က ပြောကြားသည်။ ဇန်နဝါရီလ ၂၁ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် တင်သွင်းသည့် ယင်းကော် မတီအစီရင်ခံစာကို ဖတ်ကြားစဉ်ပြော ကြားခဲ့ခြင်းဖြစ်သည်။ တိုင်းလွှတ်တော် မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့ စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်မှ လက်ရှိ အချိန်အထိ ခုနစ်လအတွင်း တိုင်ကြားစာ အစောင်ခြောက်ဆယ်ကို လက်ခံရရှိခဲ့ ခြင်းဖြစ်သည်။ ယင်းတို့အနက် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လွတ်လွတ်ပုစွန်ကန်အတွက် သိမ်းဆည်းမြေပြဿနာ၊ လောင်းလုံးမြို့နယ် ကျောက်တွင်းကျေးရွာ အုပ်စု ဝဲမကိုက်ကျေးရွာ မြေလွတ်၊ မြေလပ်၊ […]


