ကံပေါက် ဦးပိုင်ဆီအုန်းခြံ ဝန်ထမ်းခြောက်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် ဖမ်းဆီးစစ်ဆေး
Dawei Watch
August 24, 2025ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာတွင်ရှိသည့် စစ်အုပ်စုနှင့်ဆက်စပ်သော ဦးပိုင်ဆီအုန်းခြံက ဝန်ထမ်းခြောက်ဦးနှင့် မိသားစုဝင်တစ်ဦး စုစုပေါင်းခုနစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။ ဂန့်ဂေါ်တောင်ရွာ၊ ဆီအုန်းခြံနှင့် ဘူတာရုံအနီး နာရေးအိမ်တစ်အိမ်တွင် အထက်ပါခုနစ်ဦးနှင့်အတူ အခြားရွာသား ၂၀ ကျော် ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သြဂုတ်လ ၂၃ရက် နံနက်ပိုင်းတွင် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ယင်းနေ့ ညပိုင်းတွင်ပင် ဒေသခံရွာသား ၂၀ကျော်ကို ပြန်လွှတ်ခဲ့ပြီး ဆီအုန်းခြံ ဝန်ထမ်းခြောက်ဦးနှင့် မိသားစုဝင်တစ်ဦး တို့ကိုမူ ကံပေါက်တိုက်နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုက ထိန်းသိမ်းစစ်ဆေးနေ ကြောင်း ဂန့်ဂေါ်တောင်ရွာသားတစ်ဦးက ပြောဆိုသည်။ ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားရန် လုပ်ဆောင်စဉ် လမ်းပိုင်းတွင် ပြည်သူများ ကြားညှပ်နိုင်သဖြင့် ခေတ္တခေါ်ယူခဲ့ခြင်းသာဖြစ်ကြောင်း အဆိုပါခုနစ်ဦးအား ထိန်းသိမ်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်၏ ပြန်ကြားရေး […]


