BREAKING
October 26, 2025

ထားဝယ်

တိုင်းအစိုးရကိုတရားစွဲထားသည့်အမှု တရားရုံး ပယ်ချ

diz_admin

July 13, 2020

အထွေထွေလျော်ကြေးငွေကျပ် သိန်းပေါင်း ငါးသောင်းရလိုမှုဖြင့် အစိုးရ ကို စူပါလိုကယ်ကုမ္ပဏီက တရားစွဲဆိုထားမှုကို တိုင်းဒေသကြီးတရားလွှတ်တော်က ဇူလိုင်လ ၆ ရက်နေ့ရုံးချိန်းတွင် ပလပ်လိုက်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ အထွေထွေလျော်ကြေးငွေရလိုမှု တရားမမှု အဆိုလွှာကို ယခုနှစ် မတ်လ ၁၂ ရက်က တိုင်းတရားလွှတ်တော်ထံ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုလွှာ၊ အချေလွှာနှင့် နှစ်ဖက်တင်ပြသည့် စာရွက်စာတမ်းများနှင့် အဆိုလွှာ အချေလွှာများအရ တရားစွဲဆိုရမည့် သတ်မှတ်အချိန်ကာလ (ကာလ စည်းကမ်းသတ်) ကျော်လွန်နေသည့်အတွက် ယင်းကဲ့သို့ ပလပ်ခဲ့ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ ကာလစည်းကမ်းသတ်ဥပဒေအရ နစ်နာသည်ဟု စတင်သိရှိချိန်မှ ၁ နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်သော်လည်း လက်ရှိအမှုမှာ အချိန် ၃ နှစ်ကျော်ပြီးမှ စွဲဆိုခြင်းဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံ […]

လစ်လပ် ထားဝယ်စည်ပင် ကော်မတီဝင်နေရာ ပြန်ရွေးရန် ပြင်

diz_admin

July 13, 2020

လစ်လပ်သွားသည့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်တစ်ဦး၏ လစ်လပ်နေရာ အစားထိုးနိုင်ရန် စတင်ပြင် ဆင်နေပြီဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ကော်မတီဝင်ဖြစ်သူ ဦးဇော်လေးက ပါတီတာဝန်ထမ်းဆောင်ရန် နုတ်ထွက် သွားသည့်အတွက် ယင်းနေရာကို အစားထိုးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ ဦးဇော်လေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဖြစ်သည်။ ထိုသို့ အစားထိုးရွေးချယ်ရန် စည်ပင်သာယာရေးဥပဒေအရ မြို့မိမြို့ဖ တစ်ဦးစီကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်စု ကိုယ်စားလှယ် ငါးဆယ်ရာခိုင်နှုန်းကျော်က ရွေးချယ်ထားသူများ၏ အမည်စာရင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်/ကျေးများကို ညွှန်ကြားထား သည်။ သက်ဆိုင်ရာရပ်/ကျေးက ရွေးချယ်ထားသည့် ကော်မတီဝင်လောင်းဦးရေ များပြားပါက မြို့တော်ခန်းမတွင် ရွေးချယ်ပွဲလုပ်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။ ရွေးချယ်ပွဲကိုမူ အချိန်ရပါက လာမည့်အပတ်အတွင်း […]

ငွေအတုလုပ်သည့် တပ်အရာရှိဟောင်းကို ထောင်ဒဏ် ၁၃ နှစ်ချ

diz_admin

July 13, 2020

ငွေစက္ကူအတုလုပ်မှုဖြင့် ယမန်နှစ်က ထားဝယ်မြို့တွင် ဖမ်းမိပြီး တရားစွဲဆို ခံထားရသည့် တပ်မတော် အရာရှိဟောင်းကို ထောင်ဒဏ် ၁၃ နှစ် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်ခရိုင်တရားရုံးထံမှ သိရသည်။ တပ်အရာရှိဟောင်းဖြစ်ခဲ့သူ ကောင်းထက်ဇော်ကို ဇွန်လ ၂၂ ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေများဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။ ရန်ကုန်မြို့နေ အသက် ၃၂ နှစ် အရွယ်ရှိ အဆိုပါအမျိုးသားက ဗိုလ်ကြီးဟောင်းဖြစ်ပြီး တပ်မတော်မှပြစ်မှုဖြင့် ထုတ်ပယ်ခံထားရကာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူဖြစ်သည်ဟု စစ်ဆေးချက်အရ သိရကြောင်း ထားဝယ်မြို့မ ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောဆို ထားသည်။ အဆိုပါပြစ်မှုဖြင့် ထောင် ၅ နှစ်ခန့်ကျခံပြီး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာသူဖြစ်သည်ဟု ဆိုသည်။ ၎င်းင်းအမျိုးသားက ငွေလွှဲရန်အတွက် ပေးချေသည့်တစ်သောင်းတန်များမှာ […]

စပါးတင်းနှစ်သိန်းဝယ်ရန် တိုင်းအစိုးရ တင်ပြ

diz_admin

July 13, 2020

မိုးစပါးပေါ်ချိန်တွင် တိုင်းအတွင်းက လယ်သမားများထံမှ စပါးတင်းပေါင်း နှစ်သိန်းဝယ်ယူနိုင်ရေး ပြည်ထောင်စု အစိုးရထံ ထပ်တင်ပြထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ အခြေခံဈေးနှုန်းအောက်ကျဆင်းနေသည့် စပါးများကို ငွေကျပ်သိန်း တစ်သောင်းဖြင့် ဝယ်ယူရန် ယခုနှစ်ဆန်းပိုင်းအတွင်း တိုင်းအစိုးရက စီစဉ်ခဲ့ဖူးသည်။ ယင်းသို့ စီစဉ်နေဆဲတွင် စပါးဈေးနှုန်းမှာ အခြေခံဈေးနှုန်းထက် ပိုမြင့်တက်သွားသဖြင့် ယင်းအစီအစဉ်မှာ မလုပ်ဖြစ်တော့ပေ။ တိုင်းနှင့်ပြည်နယ်အချို့ရှိ လယ်သမားများထံတွင် ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် နှစ်စဉ်နီးပါး စပါးဝယ်ယူနေခဲ့သော်လည်း တနင်္သာရီတိုင်းတွင်မူ တစ်ကြိမ်မှ မဝယ်ဖူးခဲ့ပေ။ ယင်းအတွက်ကြောင့် ယခုနှစ်တွင် တနင်္သာရီတိုင်းမှ ဝယ်ယူခွင့်ရရှိရေးအတွက် ဇူလိုင်လ ဒုတိယအပတ်ကတည်းက ပြည်ထောင်စုအစိုးရထံ ကြိုတင်ပြီး တင်ပြထားခြင်းဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။ “အခြေခံစပါးဈေးနဲ့ စပါး(တင်း)နှစ်သိန်းလောက် ဝယ်နိုင်အောင်လို့ တင်ထားတာ” ဟု ၎င်းင်းက ပြောသည်။ […]

ထားဝယ်မြစ်လယ် ကျွန်းပေါ်က လောင်းကစားဝိုင်း

diz_admin

July 13, 2020

တစ်ခုသော စနေ နေ့လယ်ခင်းတွင် ဖြစ်သည်။ ထားဝယ်မြစ်လယ်ရှိ ရေလယ်ကျွန်းသို့ သွားရန် လူငါးဆယ်ခန့် စောင့်ဆိုင်းနေကြသည်။ အမျိုးသားအချို့၏ လက်ထဲတွင် တိုက်ကြက်ဖများ ပိုက်ထား ကြသည်။ မြစ်အလယ်ရှိ ကျွန်းဆီသို့ ပို့ဆောင်ပေးမည့် လှေငယ် နှစ်စီးကလည်း ထားဝယ်မြို့ဘက်ရှိ မြစ်ကမ်းစပ်တွင် အဆင်သင့် စောင့်ဆိုင်းနေကြသည်။ သူတို့မှာ ထားဝယ်မြစ်လယ် ကျွန်းပေါ်ရှိ လောင်းကစားဝိုင်းများပေါ် ချီတက် မည့်သူများ ဖြစ်သည်။ စစ်အစိုးရလက်ထက်က ဘုရားပွဲများတွင် သော်လည်းကောင်း၊ နတ်ပွဲကဲ့သို့သော ရိုးရာပွဲများတွင် သော်လည်းကောင်း၊ အမျိုးမျိုးသော ရန်ပုံငွေရှာပွဲများတွင် သော်လည်းကောင်း လောင်းကစား ဝိုင်းများမှာ မပါမဖြစ် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင် လုပ်ခွင့်မပြုတော့သည့် နောက်ပိုင်း နေရာအမျိုးမျိုးသို့ ပြောင်းရွှေ့ရှောင်တိမ်း ပြုလုပ်လာကြသည်။ ယင်းတို့မှာ ထားဝယ်မြို့ပြင် တောတောင်များအတွင်းတွင် […]

ထားဝယ်မြို့အတွင်း အိမ်လူနာများ ဆေးရုံတင်လိုက ကြက်ခြေနီထံ ဖုန်းဆက်ပါ

diz_admin

July 13, 2020

ထားဝယ်မြို့အတွင်းရှိ အိမ်လူနာများ ဆေးရုံတင်ရန် လူနာတင်ကားလိုအပ်ပါက ဖုန်းဆက်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ထံမှ သိရသည်။ အစိုးရဆေးရုံအပါအဝင် ပုဂ္ဂလိကဆေးရုံများသို့ တင်ဆောင်ရန်အတွက် ၂၄ နာရီပတ်လုံး ကြက်ခြေနီလူနာတင်ကား အကူအညီတောင်းနိုင်ကြောင်း ထားဝယ် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။ အိမ်လူနာကို ဆေးရုံသို့ပို့ပေးမည့် အစီအစဉ်ကို ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ထံမှ သိရသည်။ “ဖုန်းဆက်ပြီး ခေါ်လိုက်ရုံပဲ။ အားလုံး အခမဲ့။ တစ်ပြားလည်း ပေးစရာ မလိုဘူး” ဟု ဦးကိုကိုနိုင်က ပြောသည်။ ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာတင်ယာဉ်အသင်းကလည်း အရေးပေါ်လူနာများကို အခမဲ့သယ်ယူပို့ဆောင်ပေးနေသည်။ ကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ်ကမူ မတော်တဆမှုဖြစ်သည့် အရေးပေါ် လူနာများကို သယ်ဆောင်မည်မဟုတ်ဘဲ အိမ်လူနာကိုသာ သယ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်းင်းက ဆိုသည်။ […]

NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု

diz_admin

July 13, 2020

NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။ ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး ကျွန်းနှင့် ကျွန်းမဲကြီးတို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။ ယင်းကျွန်းများကို ၂၀၁၉ ခုနှစ် မတိုင်မီက နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်ကလည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်း ပေါင်း ၁၀ ကျွန်းကို BOT စနစ်ဖြင့် လုပ်ခွင့်ပြုထားကြောင်း အထက်ပါ ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင်လည်း ကျွန်း ၁၂ […]

တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ပြောင်းလဲ

diz_admin

July 13, 2020

တနင်္သာရီတိုင်း၏ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးအတွက် အရေးပါသော ထိပ်တန်းနေရာ တစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့မှူးနေရာကို အပြောင်းအလဲပြု လုပ်လိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးသည် ရဲမှူးချုပ်အဖြစ် ရာထူးတိုးကာ ရဲလေ့ကျင့်ရေးအရာရှိချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းင်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ပြောင်းရွေ့တာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးအဖြစ် ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က ပြောင်းရွှေ့လာမည်ဟု ဆိုသည်။ “(အသစ်) တိုင်းရဲမှူးကြီးလည်း တနင်္လာနေ့ အရောက်လာမယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။ ရဲမှူးကြီးခင်မောင်အေးသည့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂ နှစ်နီးပါးအကြာတွင် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။