ဖမ်းဆီးခံလယ်သမားများ လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံ အကူအညီတောင်း
diz_admin
October 11, 2020ထားဝယ်မြို့အတွင်းဖြစ်ပွားခဲ့သည့် မြေယာပြဿနာကြောင့် ဖမ်းဆီးခံထားရသည့် လယ်သမားများကို လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံ စာဖြင့်တင်ပြ၍ အကူအညီတောင်းခံထားသည်။ ဖမ်းဆီးခံထားရသည့် လယ်သမားများအား မိသားစုဝင်များအပါအဝင် ရှေ့နေများနှင့် တွေ့ခွင့်မပေးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက စက်တင်ဘာလ ၂၉ ရက်နေ့တွင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။ ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလ ပိုင်ရှင်ဟုဆိုသည့် လယ်သမားမိသားစုနှင့် ဝန်းရံသည့် လယ်သမားအချို့ကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့်ထားခြင်းဖြစ်သည်။ ဖမ်းဆီးခံလယ်သမားများကို ထားဝယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ခြောက်ခုဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။ အဆိုပါလယ်သမားခုနစ်ဦးကို စွဲဆိုခဲ့သည့်အမှုများတွင် လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူမှ အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါ လယ်သမားများ ရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့် ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု […]


