ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၂၇ ပြန်ချိန်း
diz_admin
April 22, 2021ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့ရုံးချိန်းတွင်လည်း မစစ်ဖြစ်သေးကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ အမှုအား ထားဝယ်အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်သည်။ ကိုကျော်ထွေးမှာ ကိုသော်လွင်အောင်နှင့် ဆက်စပ်တရားခံပြေးအမှု(ရာထွေအမှု) မပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းကရှင်းပြသည်။ လာမည့်ရုံးချိန်းတွင် ကိုသော်လွင်အောင် ဖမ်းဝရမ်းထုတ်သည့်အမှုကို ပြီးပြတ်အောင်လုပ်မည်ဟု သိရကြောင်း […]


