ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ မရမ်းချောင်းရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ

Dawei Watch

August 30, 2025

ရေဖြူမြို့နယ် ရေး-ထားဝယ်ကားလမ်းရှိ မရမ်းချောင်းရွာတွင် ယနေ့ သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ဆိုင်ကယ်စီးလာ သည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတောက်တွင် ဒဏ်ရာအပြင်းအထန် ရကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မှ ဆိုင်ကယ်ဖြင့် မရမ်းချောင်းရွာသို့ ပြန်လာစဉ် မရမ်းချောင်းရွာနှင့် ကော့လှိုင်ရွာအကြား ရေး-ထားဝယ် ကားလမ်းမတွင် သစ်ပင်လှဲချ၍ ပိတ်ထားသည့်နေရာအား လမ်းဘေးမှ ရှောင်၍ ပတ်မောင်းစဥ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဒဏ်ရာရသွားသည့် အမျိုးသားသည် မရမ်းချောင်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုသိန်းထိုက်ဦး (ခေါ်) ကိုမွန် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲကြောင့် ခြံထဲမှာသွားရှောင်နေကြရင်း ရိက္ခာပြတ်လို့ လင်မယားနှစ်ယောက်ဆိုင်ကယ်တစ်စီးစီနဲ့ ကလိန်အောင် ဘက်ကို စျေးထွက်ဝယ်တာ။ အသွားတုန်းက မဖြစ်ဘူး။ အပြန်မှာမှ […]

လောင်းလုံး စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းကိစ္စ အမျိုးသမီးသုံးဦးကို ထိန်းသိမ်းထားဟု မော်ဒန်ပန့်အဖွဲ့ဆို

Dawei Watch

August 30, 2025

လောင်းလုံးမြို့နယ်အား ထောက်ပံ့သည့် စစ်ဘေးရှောင်ထောက်ပံ့ငွေ အရှုပ်အရှင်းဖြစ်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး မြေပြင်တွင် ပိုက်ဆံလိုက်လံထောက်ပံ့ပေးသူ အမျိုးသမီးသုံးဦးကို ယာယီထိန်းသိမ်းထားကြောင်း မော်ဒန်ပန့် ( ModernPunks) အဖွဲ့တည်ထောင်သူ ကိုကြက်ဥက ပြောသည်။ ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် တစ်ဦး၊ ဩဂုတ်လ ၃၀ ရက်တွင် နှစ်ဦးကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။ စစ်ဘေးရှောင် ထောက်ပံ့ငွေကြေး အရှုပ်၊အရှင်းဖြစ်နေသည့် ကိစ္စအားဖြေရှင်းပေးရန် ဒေသခံအချို့က Modern Punks အဖွဲ့အား လာရောက်တိုင်ကြားကြောင်း ကိုကြက်ဥကပြောသည်။ ယင်းသို့တိုင်ကြားလာသဖြင့် ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းကိုယ်စား မြေပြင်တွင် ထောက်ပံ့ကြေး လိုက်လံပေးအပ်သူများအပါအဝင် သက်ဆိုင်ရာကျေးရွာသုံးရွာမှ ဒေသခံများအား ခေါ်ယူကာ လူအများရှေ့တွင်ပင် စစ်ဆေးခဲ့ကြောင်း ကိုကြက်ဥကနှင့် ဒေသခံအချို့က ပြောသည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် စစ်ဘေးရှောင်ထောက်ပံ့ငွေများထဲမှ ငွေကြေးဖြတ်တောက်ထားသည်ကို တွေ့ရရှိရသဖြင့် […]

လောင်းလုံး နခံတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 29, 2025

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၉ရက် မွန်လွဲပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ခံရပြီး သေဆုံးသူသည် လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးအောင်အောင်ဘို ဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က နခံတောကျေးရွာအနီး လမ်းပိုင်းတစ်နေရာ၌ လက်နက်ကိုင် အဖွဲ့တစ်ခုက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “နောက်စေ့ပွင့်ဒဏ်ရာနဲ့ မျက်လုံးမှာ ဒဏ်ရာတစ်ချက် တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုအောင်အောင်ဘို ကို မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို အတည် မပြုနိုင်သေးပေ။ အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကို Dawei Watch […]

ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီ သယ်ဆောင်ရေးအဖွဲ့က လောင်းလုံးတွင် ပထမဆုံးရုံးခွဲဖွင့်

Dawei Watch

August 29, 2025

ဇမ္ဗူသီရိအရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်)က လောင်းလုံးမြို့နယ်တွင် ပထမဆုံး ရုံးခွဲဖွင့်၍ အရေးပေါ်လူနာများကိုစတင်၍ကူညီ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ထံမှသိရသည်။ ဇမ္ဗူသီရိရုံးခွဲကို လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာတွင် ဩဂုတ်လ ၂၅ ရက်နေ့က စဖွင့်ခဲ့ပြီး အရေးပေါ်လူနာတင်ယာဉ်တစ်စီး၊ စေတနာ့ဝန်ထမ်း ၉ ဦး တို့က အရေးပေါ်လူနာများကို ၂၄ နာရီ ကူညီ ဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိကကတော့ ဒေသခံတွေ ဆေးဖက်ဆိုင်ရာအကူအညီတွေ လက်လှမ်းမီအောင်ပေါ့နော်။ ကျန်တဲ့ ဒေသတွေမှာလည်း အခုလိုမျိုး လုပ်ပေးနိုင်စွမ်းရှိတဲ့သူတွေကို ဖိတ်ခေါ်ထားတယ်”ဟု ၎င်းကဆိုသည်။ ထားဝယ်ခရိုင်တွင် ယခင်က ကျေးရွာအများစု၌ အရေးပေါ် လူနာတင်ယာဉ်အသင်းအဖွဲ့များ ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများနှင့်အတူ ကျေးရွာအခြေပြု လူမှုကူညီရေးအသင်းအဖွဲ့ အားလုံးနီးပါး ရပ်ဆိုင်းသွားကြသည်။ ယင်းကြောင့် ဒေသခံပြည်သူများ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရပြီး […]

ကံပေါက်တွင် တရားမဝင်ခဲသတ္တုလုပ်ငန်းများ ပိတ်သိမ်းရန် စစ်ကော်မရှင်၏ ရပ်ကျေးအဖွဲ့ကြေညာ

Dawei Watch

August 29, 2025

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် တရားမဝင်ခဲသတ္တုလုပ်ငန်းများ ရပ်နားရမည်ဟု စစ်ကော်မရှင်၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ယနေ့ (သြဂုတ် ၂၉) နံနက်တွင် လော်စပီကာဖြင့် ကျေးရွာအတွင်း လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ” မိုင်း(သတ္တုလုပ်ကွက်)တွေရပ်ရမယ်လို့ အော်သွားတယ်။ အရေးယူမယ်လို့ ပြောသွားတာမျိုးတော့ မရှိဘူး။ နောက်ဆုံး မှာ “ပုံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး” ဆိုပြီး ပါတယ်” ဟု ကံပေါက်ရွာမှ အမျိုးသမီးတစ်ဦး ကပြောသည်။ ယင်းသို့ကြေညာပြီးနောက် နေ့လယ်ပိုင်းတွင် ကံပေါက်ရွာရှိ သတ္တုလုပ်ကွက် အချို့လုပ်ငန်းသိမ်းနေပြီး အချို့လည်းဆက်ရှိနေသေးသည်ဟု လုပ်ကွက်များအနီး နေသူများထံမှသိရသည်။ ” ကားကြီးတွေနဲ့ စက်တွေသိမ်းပြီး ပြန်ဖို့လုပ်နေသူတွေလည်းရှိတယ်။ အချို့လည်း မသိမ်းသေးဘူး” ဟု သတ္တုလုပ်ကွက်အနီးနေသူတစ်ဦးက ပြောပြသည်။ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP,2019) အစီရင်ခံစာအရ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၌ ယခုနှစ်ဆန်းပိုင်းတွင် […]

ရေဖြူ၊ နဘုလယ်ဒေသ ရွာသုံးရွာကို စစ်ကြောင်းထိုးနေ၍ ဒေသခံအချို့စစ်ဘေးရှောင်

Dawei Watch

August 29, 2025

စစ်အာဏာရှင်တပ်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ကျေးရွာသုံးရွာကို ယနေ့ နံနက်ပိုင်းက စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း ယာယီစစ်စခန်းမှထွက်လာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်မှစ၍ ထိန်ကြီးကျေးရွာ၊ လဲရှောင်ကျေးရွာနှင့် ပရဒပ်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးလာ၍ ဒေသခံများထွက်ပြေးတိမ်းရှောင် နေကြရခြင်းဖြစ်ကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “ပထမ ထိန်ကြီးရွာကို အရင်လာတယ်။ ပြီးမှ လဲရှောင်ဘုန်ကြီးကျောင်း၊ အခုပရဒပ်ရွာရောက် နေတယ်”ဟု ယင်းဒေသခံအမျိုးသမီးကပြောသည်။ အဆိုပါစစ်ကြောင်းမှာ ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် နံသာအိုင်ရွာဘက်မှလာသည့် စစ်ကြောင်းနှင့် ပေါင်း၍ ပရဒပ်ကျေးရွာအတွင်းသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။ ယနေ့စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဒေသခံများကို ဖမ်းဆီးထားခြင်းရှိမရှိ ကိုမူ Dawei Watch […]

ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေ

Dawei Watch

August 29, 2025

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဩဂုတ်လ ၁၆ ရက်နေ့က ပကာရီစခန်းမှ ကျောက်မဲတောင်စခန်းကို ထားဝယ်-ထီးခီးကားလမ်း အတိုင်းလာသည့် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းမှာ သင်္ကန်းတုန်းနှင့် ဝကုန်းရွာများတွင် ဆက်တိုက် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်များ၏ကားများကို ဖျက်စီးခဲ့သလို စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ ယင်းစစ်ကြောင်းမှာ သင်္ကန်းတုံးရွာတွင် ဆက်ရှိနေပြီး ဩဂုတ်လ ၂၀ ရက်နေ့တွင် ထားဝယ်မှ အင်အား ၆၀ ခန့်လာရောက်ပူးပေါင်းခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များကဆိုသည်။ ယင်းကြောင့် စစ်အာဏာရှင်တပ်က ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်နေ့များတွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း ထားဝယ်မြို့မှ မြေသယ်ကား ၄ စီးဖြင့် အင်အား […]

တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းများ ရခိုင်စစ်မြေပြင်တွင် သေဆုံးမှုများ

Dawei Watch

August 28, 2025

တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းများ ရခိုင်ပြည်နယ်စစ်မြေပြင်တွင် ထိခိုက်သေဆုံးမှုများရှိနေကြောင်း ကာယကံရှင်မိသားစုဝင်များနှင့် နီးစပ်သူများထံမှသိရသည် ။ ၂၀၂၄ ခုနှစ်ကတည်းက စစ်မှုထမ်းသင်တန်းတက်ရောက်ရန် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသည့် ထားဝယ်၊ မြိတ်နှင့် ပုလောမြို့နယ်နေ သင်တန်းဆင်းတပ်သားအချို့ ရခိုင်စစ်မြေပြင်တွင် ထိခိုက်သေဆုံးနေခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်က ထားဝယ်မြို့ပေါ်တွင် စစ်မှုထမ်းအဓမ္မစုဆောင်းခံရသည့် အမျိုးသားတစ်ဦး၏ မိသားစုထံ ပုသိမ်အခြေစိုက် စစ်အာဏာရှင်တပ်တစ်ခုက သေဆုံးသည့်သတင်းကို ဖုန်းဆက်အကြောင်းကြားလာကြောင်း ကာယကံရှင်မိသားစုနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည် ။ ယခုရက်ပိုင်းအတွင်း ဖုန်းဆက် အကြောင်းကြားလာခြင်းဖြစ်ပြီး အသေးစိတ် အခြေအနေကို ကာယကံရှင် မိသားစုထံမှ သိရသော်လည်း စစ်အာဏာရှင်တပ်က အန္တရာယ်ပြုနိုင်သဖြင့် ယင်းမိသားစု လုံခြုံရေးအတွက် ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပေ။ ” —-ရဲ့ အိမ်ကလားဆိုပြီး ဖုန်းဆက်လာတယ် ။ ကျ(သေ)သွားပြီလို့ပြောတယ်။ အုပ်စုလိုက်ကျသွားတယ်တဲ့။ ထားဝယ်ဘက်က သုံးယောက်နဲ့ မြိတ် ၊ပုလောဘက်ကတွေလည်း ပါတယ်လို့ပြောတယ် […]