ရန်ကုန်-ထားဝယ် ကားလမ်းပိတ်နေ၍ ထားဝယ်တွင် ငရုတ်သီးစိမ်း တစ်ပိဿာ ငါးသောင်းကျပ်ဖြစ်
Dawei Watch
September 3, 2025ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်ပိုင်းတွင် တိုက်ပွဲကြောင့် ကုန်စီးဆင်းမှုများရပ် တန့်နေသဖြင့် ထားဝယ်စျေးကွက်တွင် ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ်ငါးသောင်းအထိ ပေးဝယ်နေရကြောင်း ထားဝယ်ဒေသခံအိမ်ရှင်မများနှင့် ကုန်စိမ်းရောင်းချသူအချို့ထံမှသိရှိရသည်။ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားစျေးနှင့် မြို့ပေါ် စျေးတို့တွင် ယနေ့ (စက်တင်ဘာ ၃)တွင် ငရုတ်သီးစိမ်း တစ်ပိဿာကို ကျပ် ၅၀၀၀၀အထိ စျေးမြင့်တက်ခဲ့ပြီး ကားလမ်းမပိတ်မီက ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ် ၂၀၀၀၀ ခန့်သာရှိကြောင်း ထားဝယ်မြို့ကမ်းနားစျေးတွင် ကုန်စိမ်းလက်လီ၊လက်ကား ရောင်းချသူအမျိုးသမီးတစ်ဦးကပြောသည်။ “ဒီနေ့ဝယ်မရောင်းတော့ဘူး။ ငရုတ်သီးနဲ့ ခရမ်းကြွပ်သီး။ စျေးမှာဝယ်ရောင်းစရာကုန် တွေလည်း များများစားစားမရှိဘူး။ ချဉ်ပေါင်နဲ့ ကန်စွန်းရွက်တို့ပဲရှိတော့တယ်”ဟု ယင်းအမျိုးသမီးကပြောသည်။ လောင်းလုံးမြို့နယ်ရှိ စျေးတစ်ခုတွင် ငရုတ်သီးနို့ဆီဘူး တစ်ဘူးကို ၅၀၀၀ ကျပ်အထိ စျေးတက်သွား၍ ဟင်းတစ်ခွက်စာသာ ဝယ်ယူခဲ့ရကြောင်း လောင်းလုံးမြို့ နယ်တွင် နေထိုင်သည့်အိမ်ရှင်မ တစ်ဦးကပြောသည်။ […]


