ကလိန်အောင်-မလွှဲတောင်လမ်းပိုင်း ပစ်ခတ်မှု ယာဉ်မောင်းနှင့် ယာဉ်အကူနှစ်ဦးသေဆုံး၊ ကားတစ်စီးမီးလောင်
Dawei Watch
September 7, 2025ရေဖြူမြို့နယ်၊ ရေး – ထားဝယ်ကားလမ်း ၊ ကလိန်အောင် – မလွှဲတောင် လမ်းပိုင်းရှိ မရမ်းချောင်းရွာအထွက်တွင် စက်တင်ဘာလ ၆ ရက်က လမ်းပြန်ဖွင့်ပြီး နာရီပိုင်းအကြာတွင် ပစ်ခတ်မှုများဖြစ်ကြောင်း လမ်းတွင်ပိတ်မိနေသည့် ကားသမားများထံမှ သိရသည် ။ ယင်းပစ်ခတ်မှုများအတွင်း ခြောက်ဘီးတပ် ကုန်တင်ယာဥ် ယာဉ်မောင်းတစ်ဦး နှင့် ယာဉ်အကူတစ်ဦးတို့ ကျည်ထိမှန်သေဆုံးပြီး ကားလည်း မီးလောင်ပျက်စီးကြောင်း မျက်မြင်ကြုံခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။ ” ၂ နာရီ ဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေကြားရတော့ ကားတန်းစီထားတဲ့အဖွဲ့က ပြန်လှည့်တယ်။ ကားအငယ်တွေပဲ ပြန်လှည့်မီတယ်။ ကားအကြီးတွေက ကျန်ခဲ့တယ်။ အဲဒီမှာ နှစ်ယောက်ထိသွားတယ်။ အဲဒါ ပစ်နေခတ်နေကြတော့ ဘယ်သူမှလည်း ဝင်ဆွဲမရဲတော့၊ အသံစဲမှ ၂ နာရီ ၄၅ မိနစ်လောက် သွားကြည့်တာ […]


