ထားဝယ်တွင် စားသုံးကုန်များ စျေးပြန်ကျ
Dawei Watch
September 11, 2025တိုက်ပွဲများကြောင့် ပိတ်ထားသည့် ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ မလွဲတောင် ကလိန်အောင်လမ်းပိုင်း ပြန်ဖွင့်လိုက်၍ ထားဝယ်မြို့တွင် စျေးနှစ်ဆနီးပါးမြင့်တက်ခဲ့သည့် စားသုံးကုန်စည်များ စျေးပြန်ကျလာခဲ့ကြောင်း ထားဝယ်မြို့၏ စားသုံးကုန်စည်စျေးကွက်မှ စုံစမ်းသိရှိရသည်။ လမ်းပိတ်ထားမှုကြောင့် စျေးမြင့်တက်ခဲ့သော ကြက်သွန်နီ တစ်ပိဿာ ၆၀၀၀ ကျပ်မှ ယနေ့ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊အာလူး တစ်ပိတ်ဿာ ၁၂၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၂၀၀ ကျပ်မှ ၆၀၀ကျပ်သို့ စျေးပြန်ကျသွားသည်။ “ ကြက်ဥက သောင်းပြောင်းကြီးငယ်မရွေး ဆယ်လုံးကို ၆၀၀၀ စျေးပါ၊လက်ရွေး တော့မရသေးဘူး ။ တော် တော်များများစျေးကျကုန်ပါပြီ။ ဒါပေမဲ့ ငရုတ်သီးခြောက်ကတော့ စျေး အမြင့်တန်းမှာပဲရှိ နေသေးတယ်။ […]


