ရေဖြူမြို့အနီးတိုက်ပွဲဖြစ် ခရီးသွားဒေသခံများ ပိတ်မိ
Dawei Watch
August 5, 2025ရေဖြူမြို့အနီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ (ဩဂုတ် ၅) နံနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေ၍ ခရီးသွားဒေသခံများပိတ်မိနေကြောင်း ဒေသခံများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။ ကလိန်အောင်-ထားဝယ်လမ်းပိုင်းရှိ ရေဖြူမြို့အဝင်၌ရှိသော အမှတ် ၄၀၇ နှင့် အမှတ် ၄၀၆ စစ်အာဏာရှင်တပ်တို့အနီးတွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်မှစ၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ခုထိ ဖြစ်နေတုန်းပဲရှိသေးတယ်။ ၄၀၇ တပ်နားမှာပါ” ဟု ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ၎င်းဒေသခံက ပြောသည်။ တိုက်ပွဲကြောင့် ဒေသခံခရီးသွားများနှင့် ခရီးသည်တင်းကားများ ရေဖြူမြို့အတွင်း ရပ်နားစောင်ဆိုင်းနေကြရကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ တိုက်ပွဲကြောင့်ထိခိုက်မှု အခြေအနေနှင့် တိုက်ပွဲဖြစ်စဉ်ကို Dawei Watch မှစုံစမ်းနေဆဲ ဖြစ်သည်။ ရေးထားဝယ်လမ်းပိုင်းအတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား […]


